ဖေဖော်ဝါရီ ၁၀-၂၀၂၆
KKL(VOM)
ထိုက်သူပန်ယာဥ်လိုင်းဟာ နေပြည်တော်-ရန်ကုန်၊ နေပြည် တော် – မန္တလေး ခရီးစဥ်အပြင် ရန်ကုန် နေပြည်တော် နဲ့ မန္တလေး နေပြည်တော်ခရီးစဥ်တွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ယာဥ်လိုင်းဖွင့်ပွဲနဲ့အတူ အခမဲ့ ၃ ရက်တာပြေးဆွဲပေးမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။
ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်လည်း ခရီးသည်(၄၀) နဲ့ ည ၇ နာရီမှာ စတင်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ နေပြည်တော်-ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ စတင်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်ကို ခရီးသည်(၄၀)၊ မန္တ လေး-ရန်ကုန်ခရီးစဥ်ကိုလည်း ခရီးသည် (၄၀)နဲ့ ည ၇ နာရီ ပြေးဆွဲပေးမယ်လို့ ပြောပါတယ်။
လိုက်ပါစီးနင်းလိုတဲ့ ခရီးသည်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၄၀၀၂၁၆၃၁၇ ကို ဆက်သွယ်ပြီး အမည်စာရင်းပေးသွင်းနိုင်ကြောင်း ထိုက်သူပန်က ထုတ်ပြန်ထားပါတယ်။
ဦးစိုးလှမြင့်ရဲ့ ယာဥ်လိုင်းပြေးဆွဲရတဲ့ရည်ရွယ်ချက်အပြင် အရင်က တိုင်းရင်းဆေးဝါးလုပ်ငန်းက ရရှိတဲ့အကျိုးအမြတ်တွေကို ကိုဗစ်ဒုတိယလှိုင်း ကစပြီး ယနေ့အချိန်အထိ ပရဟိတ ကျွေးမွေးတဲ့လုပ်ငန်းတွေအပြင် အခုလက်ရှိ ယာဥ်လိုင်းဖွင့်လှစ်တဲ့အထိ VOM ကမေးမြန်းထားတာပါ။
နယ်မြေဒေသတည်ငြိမ်မှုအပေါ်မူတည်ပြီး ယဥ်လိုင်းကို လားရှိုး မူဆယ် အထိတိုးချဲ့သွားမယ့်အပြင် နေပြည်တော်မှာ အခုဘောဂသီရိ ကားဂိတ်ပဲရှိသေးလို့ သပြေကုန်းနဲ့ မြို့မစျေးတွေမှာ ထပ်ဖွင့်လှစ်အုံးမယ်လို့ ဦးစိုးလှမြင့်ကပြောဆိုခဲ့ပါတယ်။
