လွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်

NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း
ဩဂုတ် ၂ဝ – ၂ဝ၂၅
KKO(VOM)
အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။
ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။
VOM ။ ။ မင်္ဂလာပါ
ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။
VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊
ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ် မှတ်လိုက်ပြီ။လာမယ့်ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ(ပထမပိုင်း)အဖြစ်လုပ်မယ်လို့ ရွေး/ကော် (UEC)က ဒါကိုကြေညာလိုက်ပြီ။ UEC ကပြောတဲ့စကားမှာလည်းအခုဒီဇင်ဘာ ၂၈ ကနေစလို့ ဇန်နဝါရီဒုတိယအပတ်သုံးပတ်၊လေးပတ်လောက်အထိရွေးကောက်ပွဲကိုကျင်းပမယ်လို့ယူဆရတာကိုး။ပထမအပိုင်းကတော့သူကဒီဇင်ဘာအကုန်ကနေဇန်နဝါရီလောက်အထိပထမပိုင်းကျင်းပမယ်။ပထမပိုင်းကျင်းပပြီးနောက်လုံခြုံရေးအရအာမခံချက်ပေးနိုင်တဲ့နေရာတွေ လုံခြုံရေးအရကောင်းမွန်တဲ့လက်နက်ကိုင်နယ်မြေတွေပေါ့လေ၊ဆိုလိုတာကတနိုင်ငံလုံးမှာရွေးကောက်ပွဲနယ်မြေ ၁၀၀ ရာခိုင် နှုန်းသတ်မှတ်ရင် ၆၀ ရာခိုင်နှုန်းလောက်ကပထမပိုင်းအနေနဲ့ကျင်းပသွားမယ်လို့ယူ ဆရပါတယ်။
VOM ။ ။ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီတွေအနေနဲ့ရောဘယ်လိုစိန်ခေါ်မှုတွေ ဘယ်လိုအခက်အခဲတွေရှိလာနိုင်မလဲ၊ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေကြတဲ့ပါတီတွေရောရှိပါသလား။
ဒေါက်တာမျိုးဆက်သွေး ။ ။ နိုင်ငံရေးပါတီတွေအနေနနဲ့ကလည်းတော်တော်များများကလှုပ်ရှားမှုတွေကိုလုပ်လာကြတယ်၊ပြုလုပ်နေကြတယ်။တချို့နိုင်ငံရေးပါတီတွေဆိုသိ သိသာသာမီဒီယာတွေ‌ပေါ်မှာပါလာပြီပေါ့နော်။ ဒီလိုလှုပ်ရှားနေကြတာတွေရှိတော့‌ရွေးကောက်ပွဲကဖြစ်ကိုဖြစ်မယ်။အခုရွေးကောက်ပွဲကနေလွှတ်တော်ခေါ်နိုင်တဲ့အနေ အထားလည်းရှိပါတယ်။
VOM ။ ။ လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြုလုပ်နိုင်ပါ့မလား၊ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်မလဲ။
ဒေါက်တာမျိုးဆက်သွေး ။ ။ စစ်ကိုင်းတိုင်းလိုဟာမျိုးမှာလည်းတိုက်ပွဲတွေရှိတယ်ဆို‌ပေမယ့်၊သူကမြို့တော်တော်များများကိုတပ်ကပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဆိုတော့ကျွန်တော်ပြောချင်တာဆိုလိုချင်တာကရွာတွေရမှာမလုပ်ဘဲနဲ့ ဥပမာမုံရွာပေါ့၊မုံရွာမြို့ပေါ်မှာလုပ်နိုင်တယ်၊အဲလိုပဲစစ်ကိုင်းမြို့ပေါ်မှာရွေးကောက်ပွဲလုပ်လိုက်ရင်လည်းစစ်ကိုင်းမြို့ပေါ်အတွက်လွှတ်တော်အတွက်ဒါကရသွားပြီ‌လေ၊စစ်ကိုင်းအတွက်ဟုမ္မလင်းဆိုလည်းဟုမ္မလင်းပေါ့၊တကယ့်ရွာဘက်တွေမပါဘဲမြို့ပေါ်ပဲလုပ်ပေါ့။အဲဒီဒေသအတွက်ဒီလိုပုံစံနဲ့လွှတ်တော်ကိုယ် စားလှယ်‌တွေကိုရွေးလို့ရတယ်။မြို့‌ပေါ်တွေမှာပဲရွေးလုပ်မယ်ဆိုရင်တော့ဒါကရနေတာပဲလေနော်။
VOM ။ ။ ရွေးကောက်ပွဲအလွန် လွှတ်တော်တွေကိုရောဘယ်လိုပုံစံမျိုးနဲ့ပြန် ပြီးကျင်းပလာနိုင်မလဲ။
ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲကျင်းပလိုက်ရင်ကျင်းပလိုက်တာနဲ့လွှတ်တော်အမတ်တွေထွက်လာမယ်၊အဲဒီလွှတ်တော်အမတ်တွေနဲ့ တပ်မတော်သား၂၅ ရာခိုင်နှုန်းပေါင်းပြီးတော့လွှတ်တော်အမတ်ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းလောက်ဖြစ်သွားနိုင် တယ်ပေါ့နော်။ ဖြစ်သွားရင်လွှတ်တော်ခေါ်လို့ရပြီ ၊လွှတ်တော်ခေါ်ပြီးမှပဲဆက်ပြီးတော့ရွေးကောက်ပွဲဒုတိယပိုင်းကိုကျင်းပလို့ရတယ်။နောက်ပိုင်းမှာဒါကိုလုံခြုံ ရေးအရအစီမံတွေချပြီးတော့ကျင်းပလို့ရနိုင်မယ်။ ဒီလိုအစီအမံတွေကိုချမှတ်နိုင်မယ်လို့ သုံးသပ်ရပါတယ်။
နောက်တခါရွေးကောက်ပွဲကိုပထမပိုင်းအရင်ကျင်းပပြီးလွှတ်တော်ခေါ်မယ်။ကျန်တဲ့အပိုင်းကိုလွှတ်တော်ခေါ်ပြီးမှဆက်ကျင်းပလို့ရတယ်။လွှတ်တော်မခေါ်ခင်မှာလည်းကျင်း ပလို့ရတယ်။ လွှတ်တော်ခေါ်ပြီးမှလည်းကျင်းပလို့ရတဲ့အတွက်သူတို့ကတော့ရွေးကောက်ပွဲကိုမဖြစ်မနေအပိုင်းလိုက်ကျင်းပသွားမှာဖြစ်တယ်လို့မြင်တယ်။
VOM ။ ။ ရွေးကောက်ပွဲအပြီး လွှတ်တော်တွေပေါ်လာမယ်ဆို မြန်မာနိုင်ငံရေးအခင်းအကျင်းက တမျိုးတဖုံပြောင်းလာနိုင်မလား၊ဘယ်လိုသုံးသပ်ရလဲ။
ဒေါက်တာမျိုးဆက်သွေး ။ ။ သေချာတာကတော့လွှတ်တော်သုံးရပ်ကိုအာဏာခွဲ‌ဝေကျင့်သုံးမှာဖြစ်တဲ့အတွက်ဒါကရွေးကောက်ခံအစိုးရဖြစ်လာပြီ။တဦးတယောက်ထဲမဟုတ်တော့ဘူး။အရင်လိုတဦးတယောက်ထဲဆန္ဒနဲ့လုပ်မယ်ဆိုရင် တောင်လုပ်လို့မရတော့ဘူး။လုပ် ပိုင်ခွင့်အရလုပ်မယ်ဆိုရင်တောင်အတိုက်အခံဆိုတာရှိလာပြီလေ။ထောက်ခံပြောဆိုမယ့်သူတွေအ တိုက်အခံပြောဆိုမယ့်ဒါကလွှတ် တော်ထဲမှာရှိလာပြီ။
VOM ။ ။ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရကပိုပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းအမြင်မှာတရားဝင်မှုပိုဖြစ်တယ်လို့ပြောလို့ရလား။
ဒေါက်တာမျိုးဆက်သွေး ။ ။ ဒါကရွေးကောက်ပွဲပြီးလို့ရှိရင်နိုင်ငံ တကာကပြောထားတဲ့ရွေးကောက်ခံအစိုးရမဟုတ်ဘူးဆိုတဲ့သူတွေရွေး‌ကောက်ခံအစိုးရမဟုတ်တဲ့သူတွေလို့ဒါတွေကပြောလို့မရတော့ဘူး။ဒါကတော့သေချာတယ်။ဘာလို့ဆိုသူကရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရဖြစ်တယ်။နောက်တချက်ကရွေးကောက်ပွဲအလွန်မှာနိုင်ငံတကာရဲ့ပိတ်ဆို့မှု၊ဖိအားတွေဒါတွေလျော့သွားမယ်၊တော်တော်လေးအပြောင်းအလဲဖြစ်လာပြီးတော့မှတိုင်းပြည်အတွက်လည်းကောင်းလာမှာပါ။ကောင်းတဲ့ဟာဖြစ်လာမှာပါ။
VOM ။ ။ ဟုတ်ကဲ့ အခုလိုပြည့်ပြည့်စုံစုံလေးသုံးသပ်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။

Related posts

Leave a Comment

VOM News

FREE
VIEW