ဩဂုတ် ၃၀ ၊ ၂၀၂၅ GG (VOM) နေပြည်တော်၊ပျဥ်းမနားမြို့နယ်၊ ဇီးရိုင်းရွာမှာ ဒီနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ကလေးငယ်နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဇီးရိုင်းရွာ အပြင်ရှိ ကြက်မွေးမြုရေးခြံမှာ နေထိုင်တဲ့ မိသားစုမှ အသက် ၄ နှစ်နဲ့ အသက် ၅ နှစ်အရွယ်ကလေး နှစ်ယောက်ရေနစ်သေဆုံးခြင်းဖြစ်တယ်လို့သိရပါတယ်။ ” ဇီးရိုင်းရွာနယ်နမိတ်ကြက်ခြံက ရေကန်ထဲမှာကလေးနှစ်ယောက်ပေါ့၊ပြုတ်ကျပြီးရေနစ်သေဆုံးသွားတာပေါ့။ဇီးရိုင်းရွာသားတွေတော့မဟုတ်ဘူး။ကလေးတွေကငယ်သေးတယ်။ကလေးတွေပျောက်သွားတာ မျက်စိရှေ့တင် ကလေးတွေက ပျောက်တာ ဘယ်လောက်မှမကြာသေးဘူး၊ ငါးမိနစ်၊ ဆယ်မိနစ်လောက်ပဲရှိတယ်လို့ပြောတယ်။” လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုဂရုဏာရှင်အသင်းမှတာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ သေဆုံးကလေးငယ်နှစ်ယောက်လုံးကို ရင်ခွဲစစ်ဆေးဖို့အတွက်ည ပျဥ်းမနား ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၃ ရက်ကလည်း ပဲခူးမြို့မှာ အသက် ၁…
Read MoreMonth: August 2025
ပြည်ပတင်ပို့တဲ့ စပါးမျိုးသာစိုက်မယ့် Export ဇုန်ကို နွေစပါးရာသီမှာ မြို့နယ် ၁၀၀ ကိုစတင်ဆောင်ရွက်မယ်
ဩဂုတ် ၊၃၀၊ ၂၀၂၅ GG (VOM) ပြည်ပကို တင်ပို့မယ့် စပါးမျိုးကိုသာစိုက်ပျိုးမယ့် Rice Export Zone တွေကို လာမယ့် ၂၀၂၅ – ၂၀၂၆ နွေစပါးရာသီမှာ မြို့နယ်ပေါင်း ၁၀၀ မှာ စတင်အကောင်ထည်ဖော်လုပ်ဆောင်သွားမယ်လို့မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ဆီက သိရပါတယ် ။ အဆိုပါ Rice Export Zone တွေကို Exporter ကုမ္ပဏီပေါင်း ၅၀ ကျော်ကနေ စပါးစိုက်ဧက ၃ သိန်းဝန်းကျင် နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်း ၊ပဲခူး ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းကမြို့နယ်တွေမှာ စတင်ဆောင်ရွက်ဖို့ စီစဥ်ထားတယ်လို့ ကနဦးသိရပါတယ်။ Rice Export Zone ဖော်ဆောင်တဲ့အခါ ဇုန်တခုမှာ စိုက်ဧက အနည်းဆုံး လယ်ဧက တကွင်းတစပ်တည်း ဧက ၃၀၀ စိုက်ပျိုးရန်၊ Export ဆန်မျိုးကွဲ…
Read Moreကျောက်မဲနဲ့ ၈ မိုင် လောက်အကွာမှာ နလအ တပ်တွေ ရောက်နေ
ဩဂုတ်လ ၃၀၊ ၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ ၈ မိုင် လောက်အကွာမှာ လက်ရှိ နလအ တပ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်တပ်က ကျောက်မဲနဲ့ အနီးဆုံး နေရာကို ရောက်နေတယ်။ ကျောက်မဲနဲ့ ၇ မိုင်၊ ၈ မိုင် လောက်ပဲကွာမယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကျောက်မဲမြိုဘကနေ TNLA တပ်ဖွဲ့က ခွာနေတယ်ဆိုပေမယ့် အလုံးစုံ ခွာသွားတာမျိုးတော့ မဟုတ်သေးဘူးလို့ သူက ပြောပါတယ်။ “လက်ရှိ ကျောက်မဲကနေ TNLA တပ်ဖွဲ့ တချို့ ခွာနေတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့်တဲ့ အမျိုးသား တယောက်က…
Read Moreရုရှားနဲ့ ကြားခံဇုန်တခုထားရှိရေး အဆိုပြုချက် ယူကရိန်းသမ္မတ ပယ်ချ
ကိဗ်ယက်၊ ဩဂုတ်-၃၀-၂၀၂၅ ရတီ(VOM) ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ အစိတ်အပိုင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှားတပ်တွေကြားမှာ ကြားခံဇုန်တခု ထားရှိဖို့ အဆိုပြုချက်တွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက ပယ်ချလိုက်ပါတယ်။ ဒီအဆိုပြုချက်က ခေတ်သစ်စစ်ပွဲရဲ့ လက်တွေ့အခြေအနေတွေကို မကိုက်ညီဘူးလို့ သူက ဆိုပါတယ်။ ဥရောပခေါင်းဆောင်တွေဟာ စစ်ပြေငြိမ်းရေး သို့မဟုတ် ရေရှည်သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအနေနဲ့ ၂၅ မိုင် ရှိတဲ့ ကြားခံဇုန်တခုကို စဉ်းစားနေကြတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဇီလန်စကီးက အခုလို ပယ်ချလိုက်တာပါ။ စစ်ပွဲဟာ ဒရုန်းနည်းပညာနဲ့ အဓိကဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့တန်းစည်းတွေနားမှာ ဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ကြားခံဇုန်အမျိုးမျိုးရှိနေပြီလို့ ယူကရိန်းသမ္မတက ဆိုပါတယ်။ စစ်မဲ့ဇုန်တွေဟာ စစ်ဖြစ်နေတဲ့ နိုင်ငံတွေအကြား ဥပမာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်နဲ့ အနောက်နိုင်ငံတွေကို ခွဲခြားထားတဲ့ အတားအဆီးဇုန်မျိုးကဲ့သို့ဖြစ်ပါတယ်။ ဥရောပသံတမန်တွေကတော့ ယူကရိန်းနယ်မြေတခုကို တပ်နှစ်ခုကြားမှာ ကြားခံအဖြစ် ထားရှိဖို့…
Read MoreTNLA က သီပေါနဲ့ ကျောက်မဲကို ပြန်ပေးနိုင်ခြေရှိပေမယ့် ကူမင်းမှာ နလအနဲ့ ဆွေးနွေးပွဲပျက်ပြီး ရလဒ်မထွက်ကြောင်း သတင်းထွက်ပေါ်
ဩဂုတ် ၃၀၊ ၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲကို နလအ ဆီပြန်ပေး နိုင်ခြေရှိပေမယ့် ကူမင်း ဆေးနွေးပွဲပျက်ပြီး ရလဒ်မထွက်ကြောင်း သတင်းထွက်ပေါ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆွေးနွေးပွဲ သတင်းက ကြားရတာတော့ မကောင်းဘူး။ သီပေါ၊ ကျောက်မဲ ပြန်ပေးမယ်ဆိုပြီး ကြားတယ်။ ဟုတ်မဟုတ်မသိဘူး။” လို့ PDF နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ လက်ရှိ အခြေအနေက နလအ ဘက်က အတော့်ကို အရေးသာနေတဲ့ အချိန် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ “ဆွေးနွေးပွဲ ပျက်သွားတယ်။ နလအ ဘက်ကလည်း တိုက်ပဲ ယူတော့မယ် ကြားနေတာ။ တရုတ်ကိုယ်စားလှယ် လိုက်တားတာတောင်မှ နလအ ဘက်က ထ ပြန်သွားတယ်လို့…
Read Moreအခွန်ရာဖြတ်နှုန်းထားတက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရန်ကုန်အိမ်ခြံမြေဈေးကွက် ဈေးကစားသူများလာ
ဩဂုတ် ၃ဝ – ၂ဝ၂၅ KKO(VOM) အခွန်ရာဖြတ်နှုန်းထားတက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်ရန်ကုန်အိမ်ခြံမြေဈေးဟာနှစ်ဆခန့်မြင့်တက်လာခဲ့ပြီးဈေးကွက်မှာလည်းဈေးကစားသူတွေများပြားလာခဲ့တယ်လို့ အိမ်ခြံမြေဈေးကွက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ VOM က စုံစမ်းသိရှိရပါတယ်။ ဒါဟာလက်ရှိလူမှုကွန်ရက်အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ မြို့နယ်အလိုက်အိမ်ခြံမြေအခွန်ရာဖြတ်နှုန်းထားသတ်မှတ်ချက်တွေဆိုသည့် ဖွသတင်းတွေကြောင့်ဖြစ်ပြီးအဲဒီထုတ်ပြန်ချက်ဟာယခင်ကတည်းကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဟောင်းသာဖြစ်တယ်လို့အိမ်ခြံ မြေဈေးကွက်နဲ့ နီးစပ်သူတွေကပြောပါတယ်။ “အခုလိုင်းပေါ်မှာပျံ့နေတဲ့ရာဖြတ်ဈေးဆိုတာက ၂ဝ၂၅ ခုနှစ်၊ဧပြီမှာထုတ်တဲ့ဟာကြီးပါပဲ။ဒါကိုမနေ့က တနေ့ကထုတ်သလိုလုပ်နေကြတာ ပြန်တင်နေကြတာပါ။ဘာလိုလိုညာလိုလိုနဲ့အိမ်ခြံမြေဈေးတွေကိုဆွဲတင်နေကြတာပေါ့။ဈေးကွက်မှာအဲလိုတွေဖြစ်နေတယ်”လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်သူတယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အိမ်ခြံမြေအခွန်ရာဖြတ်နှုန်းထားသတ် မှတ်ချက်တွေဟာ ၂ဝ၂၅ ခုနှစ်၊ဧပြီ လထဲကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့လည်းအိမ်ခြံမြေလောကသားတွေကပြောပါတယ်။ “နောက်တခုကဟိုတလောကနေပြည်တော်ကောင်စီကဗျာ၊အိမ်ခြံမြေအခွန်နှုန်းထားတွေနဲ့ ပတ် သက်လို့အစည်းအဝေးလုပ်တယ်။အဲဒီအစည်းအဝေးသတင်းစာဖြတ် ပိုင်းတခုကိုဝိုင်းပြီးတင်နေကြတာ Share နေမျှဝေနေကြတာရှိပါတယ်။တကယ်ကနေပြည်တော်မှာအိမ်ခြံမြေရာဖြတ်အခွန်နှုန်းတွေကနည်းနည်းနိမ့်နေတော့နေပြည်တော်မှာအစည်းအဝေးလုပ်ခဲ့ဟာကသ တင်းစာထဲပါလာတာအဲသတင်းစာထဲပါလာတာကိုဖြတ်ပြီးတော့ရေးပြီးတော့ရာဖြတ်နှုန်းထားတွေတက်တယ်ဆိုပြီးဖွနေကြတာတင်နေကြတာပါ။၃၄ ရာခိုင်နှုန်းတွေဘာတွေလုပ်နေကြတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ”လို့ အိမ်ခြံမြေဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ယခုနှစ်ပိုင်းအတွင်းရန်ကုန်မြို့ရဲ့မြို့နယ်အချို့မှာမြေကွက်တွေကိုနယ်အ၀ယ်တွေဆင်းဝယ်နေကြပေမယ့်အုံးအုံးကြွက်ကြွက်ဝယ်ယူတာမျိုးအရောင်းအဝယ်ဖြစ်နေတာမျိုးတော့မဟုတ်ဘူးလို့အိမ်ခြံမြေလော ကသားတွေက ပြောပါတယ်။ “အဝယ်တွေကသူ့ဟာနဲ့သူတော့ရှိပါတယ်။ဒါပေမယ့်ဟိုလိုမျိုးအုံးအုံကြွက်ကြွက်နဲ့ဝယ်တာမျိုးတော့မဟုတ်ပါဘူး။တချို့ကမြေကွက်တွေအများကြီးရောင်းဝယ်နေကြတယ်၊အရောင်းအဝယ်ဖြစ်နေတယ်လို့ ထင်နေကြတယ်”လို့ အိမ်ခြံမြေလောကသားတယောက် ဆက်ပြီး ပြောပြပါတယ်။ ဒါအပြင်အိမ်ခြံမြေနဲ့ပတ်သက်လို့သက်ဆိုင်ရာအခွန်ဌာနကကောက်ခံနေတဲ့နှုန်းထားတွေနဲ့ ပတ်သက်ပြီး ဝါရင့်အိမ်ခြံမြေသမားတယောက်ကအခုလိုဆက်ပြီးပြောပြပါတယ်။ “အခုဟာကကျွန်တော်သိရသလောက်ကဝင်ငွေခွန် ၃ ရာခိုင်နှုန်း၊တံဆိပ်ခေါင်းခွန်က ၄ ရာခိုင်နှုန်း၊စာချုပ်ကက ၇.၅…
Read Moreပါလက်စတိုင်း တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်မပေးဘူးလို့ ကုလညီလာခံမတိုင်ခင် အမေရိကန် ကြေညာ
ဝါရှင်တန်၊ ဩဂုတ်-၃၀-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံထဲကို ပါလက်စတိုင်းတာဝန်ရှိသူတွေ ဝင်ရောက်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် အမေရိကန်က ကြေညာလိုက်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်လိုနိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ စီစဉ်နေချိန်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပါ။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ဝင်တွေအတွက် ဗီဇာတွေကို ငြင်းပယ်ပြီး ပယ်ဖျက်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့က ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ်အဘက်စ်နဲ့ အခြားလူ ၈၀ ခန့် ပါဝင်ပါတယ်။ အစ္စရေးနဲ့ ပဋိပက္ခကို ချဲ့ထွင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်က အဲဒီအဖွဲ့နှစ်ခုကို စွပ်စွဲထားပါတယ်။ ဒီအားထုတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ပါလက်စတိုင်းနိုင်ငံကို တဖက်သတ်အသိအမှတ်ပြုမှု ရယူဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဥက္ကဖြစ်သူ အဘက်စ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ထရန့်အစိုးရကို…
Read Moreကိုဗစ်နှင့် ကိုစစ်ကြားက ပညာရေး ပျောက်ဆုံးမှု
SM မြန်မာ့လူ့ဘောင်ရဲ့ အနာဂတ်ကို ထမ်းဆောင်မယ့် လူငယ်ထုဟာ လက်ရှိအချိန်မှာ အကြီးမားဆုံးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၉ခုနှစ်က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်တချို့ရဲ့ ပညာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ကျောင်းဆက်မတက်ဖြစ်တော့တဲ့ လူငယ်ဦးရေဟာ သိသိသာသာ မြင့်တက်လာပြီး သူတို့ရဲ့ အခြေအနေကို သေသေချာချာ သုံးသပ်ဖို့ လိုအပ်လာပါတယ်။ ပထမဆုံးအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့အတွက် ပညာသင်ကြားမှု စနစ်တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အွန်လိုင်းသင်ကြားရေးစနစ်ကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြပေမယ့် အင်တာနက်ချိတ်ဆက်မှု အခက်အခဲ၊ နည်းပညာပစ္စည်း ကန့်သတ်ချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျွမ်းကျင်မှု အားနည်းချက်တွေကြောင့် ထိရောက်မှု မရှိခဲ့ပါဘူး။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ မိသားစုက လူငယ်အများစုဟာ ဖုန်း၊ ကွန်ပျူတာ မပိုင်ဆိုင်နိုင်တာကြောင့် သင်ကြားမှု…
Read Moreစက်သုံးဆီ လုပ်ငန်းရှင်တွေကို ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် ဆီဈေးကျမလာ
ဩဂုတ် ၂၉ – ၂၀၂၅ SS (VOM) လက်ရှိမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းနေပေမယ့် ဈေးကွက်ထဲမှာတော့ စက်သုံးဆီဈေး သိသိသာသာ ကျဆင်းမှု မရှိသေးဘူးလို့ သုံးစွဲသူတွေက ပြောပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၁၄၅ ကျပ်ဆိုပြီး ဩဂုတ် ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။ ပရီမီယမ်ဒီဇယ်ကလွဲပြီး ကျန်တဲ့ စက်သုံးဆီ အမျိုးအစားတွေ အားလုံး ပြီးခဲ့တဲ့ တပတ်ကထက် ဈေးအနည်းငယ်စီ ပြန်တက်လာတာ…
Read Moreဒုက္ခသည်စခန်းက မြန်မာတွေ ထိုင်းမှာအလုပ်လုပ်ကိုင်နိုင်ရေး ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ လေ့လာထားဖို့ တိုက်တွန်း
ဩဂုတ် ၂၉ ၊ ၂၀၂၅ GG (VOM) ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာဒုက္ခသည်စစ်ရှောင်တွေအနေနဲ့ ထိုင်းဘာသာစကား ၊ထိုင်းယဥ်ကျေးမှု ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လေ့လာသင်ယူထားကြဖို့ အလုပ်သမားရေးဆောင်ရွက်သူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှ မြန်မာစစ်ရှောင်ပြည်သူ ၄၂၀၀၀၀ ကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပြုထားတာကြောင့် ဒုက္ခသည်စစ်ရှောင်မြန်မာတွေအနေနဲ့ အလုပ်လုပ်ခွင့်ရရှိရေးအတွက် ကြိုတင်လေ့လာသင်ယူမှုတွေရှိဖို့လိုအပ်ကြောင်း ပြောဆိုတာဖြစ်တယ်လို့သိရပါတယ်။ မြန်မာစစ်ရှောင်တွေကို ထိုင်းအစိုးရက မွေးမြူရေးလုပ်ငန်း ၊ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ၊ သစ်စက်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ ” အခုကာလမှာဒုက္ခ သည်စခန်း ၉ ခုမှာရှိတဲ့အရွယ်ကောင်းတဲ့ အသက်ပြည့်တဲ့ စစ်ရှောင် ၄၂၀၀၀ က ကိုယ့်စစ်ရှောင်စခန်းမှာရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ၊ထိုင်းဘာသာစကား ထိုင်းယဥ်ကျေးမှုတွေကိုလေ့လာပါ။အဓိက ထိုင်းအရှေ့ပိုင်းက ပင်လယ်အစားအစာထုတ်လုပ်ရေးလုပ်ငန်း၊ပင်လယ်တံငါလိုက်တဲ့လုပ်ငန်း ၊သစ်စက်လုပ်ငန်း၊နာနတ်သီးနဲ့ဒူးရင်းခြံ ခြံတောင်ယာလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရမှာဖြစ်တယ်။စစ်ရှောင်စခန်းတွေထဲမှာ အဲလိုမျိုးအသက်မွေးဝမ်းကျောင်းပညာတွေသင်ပေးတာရှိရင်ခုကတည်းသင်ထားပါ။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ…
Read More