ကျောက်မဲနဲ့ ၈ မိုင် လောက်အကွာမှာ နလအ တပ်တွေ ရောက်နေ

ဩဂုတ်လ ၃၀၊ ၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ ၈ မိုင် လောက်အကွာမှာ လက်ရှိ နလအ တပ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်က ကျောက်မဲနဲ့ အနီးဆုံး နေရာကို ရောက်နေတယ်။ ကျောက်မဲနဲ့ ၇ မိုင်၊ ၈ မိုင် လောက်ပဲကွာမယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကျောက်မဲမြိုဘကနေ TNLA တပ်ဖွဲ့က ခွာနေတယ်ဆိုပေမယ့် အလုံးစုံ ခွာသွားတာမျိုးတော့ မဟုတ်သေးဘူးလို့ သူက ပြောပါတယ်။
“လက်ရှိ ကျောက်မဲကနေ TNLA တပ်ဖွဲ့ တချို့ ခွာနေတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့်‌တဲ့ အမျိုးသား တယောက်က ပြောပါတယ်။
ကျောက်မဲ နဲ့ သီပေါ ပြန်ပေးမှာတော့ ဟုတ်ပေမယ့် တိုက်ပွဲကတော့ ဖြစ်မှာလို့ သူက ပြောပါတယ်။
နလအ တပ်ဖွဲ့က TNLA နဲ့ PDF တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နောင်ချို – ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်ထိပ်တံတား နဲ့ ပတ်ဝန်းကျင်ကိုဩဂုတ်လ ၂၉ ရက်နေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နလအ ဘက်က ဩဂုတ် ၂၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
မန္တလေး – လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ နောင်ချို – ကျောက်မဲ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကို ဆင်နွှဲတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကို ဩဂုတ် ၁၉ ရက်မှ ၂၉ ရက်အထိ ရက်ပေါင်း ၁၂ ရက်ကြာ ဆင်နွှဲခဲ့ပြီး ရွာတွေနဲ့ နေရာတချို့ကို အဆင့်ဆင့် သိမ်းပိုက်ခဲ့ကာ တိုက်ပွဲကြီးငယ် ၄၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း ဇူလိုင်လ ၁၃ ရက်နေ့က မိုင်တိုင် ၇၈ အနီးရှိ တံတားတစင်း၊ဇူလိုင် ၁၅ ရက်‌နေ့က ဂုတ်တွင်းတံတား အသစ် နဲ့ အဟောင်း၊ ဩဂုတ် ၂၄ ရက် နေ့က ဂုတ်ထိပ် သံလမ်း တံတား ကျောက်မဲဘက်ခြမ်း ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဂုတ်တွင်းတံတားကို ပြန်လည်အသုံးပြုနိုင်ဖို့ ယာယီ သံဘောင် ဘေလီတံတား ထိုး နေပြီဖြစ်ပြီး နယ်မြေရှင်းလင်းရေးလည်း ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW