ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်လို့ တယေက်သေပြီး တယောက်ဒဏ်ရာရ

ဩဂုတ် ၂‌၉၊ ၂၀‌၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီရက်ပိုင်းအတွင်း အကြွေးပေးရမယ့်သူက အကြွေးရှင်နဲ့ အိမ်စောင့် ကိုလာရောက်ပစ်ခတ်ခဲ့ရာ တယေက်သေဆုံး တယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အိမ်ထဲကို အလကား နေရင်း ပစ်သတ်သွားတာ။ SSPP က ဗိုလ်ကို ပစ်ခိုင်းတာ။ တယောက်သေတယ်။ တယောက် ဒဏ်ရာရတယ်။ အမှတ် ၂ ရပ်ကွက် ပေါက်ကုန်းမှာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပြတယ်။ အကြွေးရှင် အိမ်ကို အကြွေးပေးရမယ့်သူက SSPP က လူ နှစ်ယောက်ကို ခေါ်လာပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ သူကတော့ ချိုင်းနားကနေ ကျည် ဖောက်ဝင်သွားကာ ခါးနားကျည် ရှိနေသေးလို့ ဆိုပါတယ်။ “အိမ်ကို စောင့်ပေးတဲ့ သူက နေရင်း ထိုင်ရင်းနဲ့ ပစ်သတ်ခံ…

Read More

KNU နဲ့ဆက်စပ်အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ် နလအ ထုတ်ပြန် ကြေညာ

ဩဂုတ် ၂၉ – ၂ဝ၂၅ KKO(VOM) နလအ က ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ KNU အပါအဝင် သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ် အခုဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတော်ယာယီသမ္မတ က ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU)နဲ့ သူရဲ့အဖွဲ့ဝင်တွေအပါ အဝင် အဲဒီအဖွဲ့က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ နဲ့ ဆက်နွှယ်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုမတရားအသင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ဖော်ပြထားတာပါ။ ဒါအပြင် KNU ရဲ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊အများပြည်သူတို့ရဲ့အေးချမ်းသာယာရေးကိုလည်းကောင်းအနှောင့်အယှက်အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်ယူဆတာကြောင့် KNU အဖွဲ့အစည်းကို အခုလိုမတရားအသင်းအဖြစ်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်တယ်လို့လည်း နလအ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုလို KNU အဖွဲ့အစည်းကိုမတရားအသင်းအဖြစ်ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ပြည်တွင်းကသတင်း စာဆရာတယောက်က သူရဲ့အမြင်ကိုအခုလိုသုံး သပ်ပြောပြခဲ့ပါတယ်။ “KNU က တိုင်းရင်းသားလူမျိုးစုအရေးကိုဦးတည်ထားပေမယ့်စစ်ဘုရင်ဝါဒကိုဘဲအဓိကထားပြီးပုံဖော်ခဲ့တယ်။ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားအတွက်စစ်ပွဲကိုရေရှည်ပုံစံဖြစ်အောင်ပြုလုပ်ခဲ့တယ်။KNU ထဲမှာလည်း Hard Line နဲ့ Soft Line…

Read More

ရေဖြူတိုက်ပွဲကြောင့် ခရီးသည်တင်ကားတွေ ပိတ်မိ၊နေသလို စစ်ရှောင်အရေအတွက် ပိုတိုးလာနေ

ဩဂုတ် ၂၉ – ၂၀၂၅ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးသည်တင်ကားတွေ ပိတ်မိနေသလို ဒေသခံ စစ်ရှောင် အရေအတွက်လည်း တိုးလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဆိုပါ ဒေသမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကစပြီး နလအတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၆ ရက်နေ့မှာတော့ တိုက်ပွဲကြောင့် ထားဝယ် – ရန်ကုန်ကားလမ်း၊ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးတလျှောက်၊ မလွဲတောင်နဲ့ ကလိန်အောင်လမ်းပိုင်း ဖြတ်သန်း သွားလာခွင့်ကို လက်နက်ကိုင် တပ်တွေဘက်က ပိတ်ပင်လိုက်တဲ့အတွက် ခရီးသည်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။ “လမ်းက ဩဂုတ် ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းလောက်စပြီး ပိတ်ချလိုက်တာ…

Read More

လပွတ္တာမှာ ဦးခေါင်းနှစ်လုံး၊ လက်သုံးချောင်းနဲ့ ကလေးငယ်မွေးဖွား

ဩဂုတ် ၂၉၊၂၀၂၅ GG (VOM) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် တူးမြောင်းတိုက်နယ်ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့ ကလေးငယ်တယောက် မွေးဖွားခဲ့ပြီး ကလေးငယ်က ကျန်းမာရေးကောင်းမွန်တယ်လို့ ကနဦးသိရပါတယ်။ ကလေးငယ်က ဦးခေါင်းနှစ်ခုလုံးအလုပ်လုပ်ပြီး ခန္ဓာကိုယ်နောက်ဘက်မှာ လက်တဖက် အပိုပါတာကြောင့် စုစုပေါင်း လက်သုံးချောင်း ပါရှိကြောင်း၊ မွေးဖွားပြီးတဲ့နေ့ကတည်းက ကလေးကို ရန်ကုန်၊ ဟယ်ပင်ကလေးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ကလေးငယ်ကို ဩဂုတ် ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲလောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးရော မိခင်ပါ ကျန်းမာရေးကောင်းမွန်တယ်လို့ကနဦးသိရပါတယ်။ “ခက်ခက်ခဲခဲနဲ့မွေးခဲ့ရတယ်။ခေါင်းနှစ်လုံးဆိုတော့ ကြပ်ပြီးတော့လေခက်ခဲခဲမွေးရတာပေါ့။kgက ၃.၈၅ လောက်ရှိတယ်။ ကလေးက ထွက်လာလာခြင်း နှလုံးတော့ခုန်တယ် အသက်ကမရှုနိုင်ဘူး။အဲဒါနဲ့ ဆေးရုံမှာရှိတဲ့ဆရာမတွေဝိုင်းပြီးအောက်ဆီဂျင်ပေး အသက်ရှုစက်နဲ့နှိပ်လိုက်တော့မှအသက်ရှူပြီးအသက်ပါလာတာ။ပြီးတော့ ပုသိမ်ကဆရာမကြီးတွေနဲ့တိုင်ပင်ပြီးရန်ကုန်ကိုပို့လိုက်တယ်။အခုထိတော့ကလေးက ကောင်းတယ်ပြောတယ်။ ကျွန်တော့အထင် ခွဲစိတ်မှုကတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်။သူက ဦးခေါင်းနှစ်လုံးပါပြီးခန္ဓာကိုယ်နှစ်ခုမဟုတ်ဘူး။ တခုတည်းရယ်။ယောကျ်ားလေးအင်္ဂါကလည်းတခုပဲ။ခြေထောက်ကလည်းနှစ်ချောင်းပဲ။ခွဲရင် တ​ယောက်ကအသက်ပေးရမယ်။သူ့မှာက နှလုံးကတခုတည်းပါတာလား နှစ်ခုလားသေချာမသိရသေးဘူး။အခုဓာတ်မှန်ရိုက်ဘာညာလုပ်နေတယ်သိရတယ်။အသက်ရှင်ရင်တော့ ဒီအတိုင်းပဲရှင်သန်တာမျိုးပဲဖြစ်လိမ့်မယ်ထင်တယ်။” လို့…

Read More

အင်ဒိုနီးရှားမှာ ဆန္ဒပြပွဲတွေ ပြင်းထန်နေပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်း

ဂျကာတာ၊ ဩဂုတ်-၂၉-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျတာကာရှိ ရဲတပ်ဖွဲ့ရဲ့ အထူးတပ် (Brimob) ဌာနချုပ်ကို ဝိုင်းရံဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းလိုက်ပါတယ်။ ကြာသပတေးနေ့ညက ဆန္ဒပြမှုတခုမှာ အဲဒီဌာန ယာဉ်တစီးက မော်တော်ဆိုင်ကယ် တက္ကဆီမောင်းသူတယောက်ယောက်ကို တိုက်မိခဲ့ပြီး လူသေဆုံးတဲ့အဖြစ်အပျက်ကနေ တင်းမာမှုတွေ ပိုမို မြင့်တက်နေပါတယ်။ လွှတ်တော်အမတ်တွေဟာ ခံစားခွင့်တွေ များတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ငွေကွာဟမှုတွေကြောင့် အင်ဒိုနီးရှားမြို့တော်မှာ ဒီတပတ်လုံး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တချို့ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့တွေက လက်နက်တွေနဲ့ မီးခိုးဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကလည်း ကျောက်တုံးတွေ၊အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီမငြိမ်သက်မှုတွေဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုအတွက် အဓိက စမ်းသပ်မှုတခုဖြစ်နေပြီး ဆန္ဒပြသူတွေက အလုပ်လက်မဲ့နှုန်းများလာမှု ၊ လစာနိမ့်ကျမှု၊ အခွန်များမှုနဲ့ လူနေမှုစရိတ် မြင့်တက်မှုတွေကို ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုနေကြတာပါ။…

Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရာထူးမှ ထုတ်ပယ်ခံရ

ဘန်ကောက်၊ ဩဂုတ်-၂၉-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာကို ကျင့်ဝတ်ချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိပြီးနောက် ရာထူးကနေ ဒီကနေ့မှာ ထုတ်ပယ်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ပေတုန်တန်ဟာ အာဏာရပြီး တနှစ်ပဲအကြာမှာ ရာထူးထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ရှင်နာဝပ်ထရာ မိသားစုရဲ့ နိုင်ငံရေးအာဏာကို ထပ်ခါထပ်ခါ ထိခိုက်စေတဲ့ ကိစ္စဖြစ် ကာထိုင်းနိုင်ငံရေး မရေမရာမှုတွေ တိုးပွားနေပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ ဝန်ကြီးချုပ် ပေတုန်တန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဇွန်လက တယ်လီဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြာလာခဲ့ပြီး သူတို့ပြောဆိုမှုတွေမှာ ပေတုန်တန်ဟာ ထိုင်းစစ်တပ်ကို ဝေဖန်မှုတွေနဲ့အတူ ကျင့်ဝတ်ချိုးဖောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ နှစ်နိုင်ငံအကြား သီတင်းပတ်အနည်းငယ်အကြာမှာ နယ်စပ်တိုက်ပွဲတွေစဖြစ်ပြီး ငါးရက်ကြာခဲ့ပါတယ်။ လက်ရှိ ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်ကနေ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ လမ်းစပွင့်သွားပြီး ပေတုန်တန်ရဲ့ ဖြူထိုင်းပါတီက မဟာမိတ်အဖွဲ့ကို…

Read More

Alpha ဘိလပ်မြေစက်ရုံနဲ့ ဂုတ်တွင်းလမ်းပိုင်းကို နလအတပ်မှ ပြန်လည်ထိန်းချုပ်

ဩဂုတ် ၂၈ ၊ ၂၀၂၅ GG (VOM) ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ၊အောင်သပြေကျေးရွာက Alpha အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ နောင်ချို – ကျောက်မဲဆက်သွယ်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်းကို နလအမှ ဩဂုတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေနဲ့မတ္တရာ – ပုသိမ်ကြီးလမ်းပိုင်းကို မိုင်းရှင်လင်းရေးဆက်လက်လုပ်ဆောင်ပြီးပါက လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ဂုတ်တွင်းလမ်းပိုင်းကို တပ်မတော်ကထိန်းချုပ်လိုက်ပါပြီ။တဆက်တည်း အယ်လ်ဖာဘိလပ်မြေစက်ရုံလည်းပြန်သိမ်းပါပြီ။နောက်ထပ်ဝမ်းသာစရာတွေထပ်လာဖို့ရှိနေပါတယ်။” လို့ လုံခြုံရေးအဖွဲ့နီးစပ်သူကပြောပါတယ်။ အဆိုပါ မြို့နယ်တွေထဲမှာ TNLA ၊ pdf နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ကြောင်း စစ်တပ်က မန္တလေးတိုင်းထဲက pdf တွေထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်းကနေပါတိုက်ခိုက်လာနေတာဖြစ်တယ်လို့သိရပါတယ်။ ” ဘိလပ်စက်ရုံကိုပြန်ရဖို့ စစ်တပ်ကတိုက်နေတာကြာပြီ။ခုတော့ ပါသွားပြီ။ သိမ်းထားတာ တနှစ်ကျော်အကြာမှာပြန်ပြီး လက်လွှတ်လိုက်ရတာပေါ့။စစ်တပ်ကနေရာစုံကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတော့ pdf…

Read More

ကွတ်ခိုင်က MNDAA လုံ/ထိန်း ရုံးမှာ မြန်မာအလံ ပြန်လွှင့်ထူ

ဩဂုတ် ၂၈၊ ၂၀၂၅ Shy V (VOM) ကွတ်ခိုင်မြို့က MNDAA လုံ/ထိန်း ရုံးမှာ ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်ကစ မြန်မာအလံ ပြန်လည်လွှင့်ထူထားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်ကစ ကွတ်ခိုင် ရပ်ကွက် ၂ ၊ လက်ရှိ မြန်မာနိုင်ငံ အထူးဒေသ ၁ ရဲတပ်ဖွဲ့ ရုံးမှာ မြန်မာအလံ စတင် လွှင့်ထားပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မြန်မာ နိုင်ငံ ဖြစ်တာကြောင့် မြန်မာ အလံ ပြန်လွှင့်တယ်လို့ သိရတယ်လို့ ဆိုပါတယ်။ “MNDAA လုံ/ထိန်း ဌာန၊ ရဲတပ်ဖွဲ့ နေတဲ့ နေရာ မြန်မာ…

Read More

ရနောင်း – ကော့သောင်းရေကြောင်းမှ သွင်းကုန်တွေကို ဦးစားပေးလိုင်စင်ချပေးနေ၊ ထိုင်းဘက်ပိတ်မိကုန်စည်တွေပါ ရေကြောင်းမှသယ်ခွင့်ပြု

ဩဂုတ် ၂၈ ၊ ၂၀၂၅ GG (VOM) ထိုင်း – မြန်မာ မြဝတီနယ်စပ်ကနေ နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားပြီးနောက်မှာ ရနောင်း – ကော့သောင်း ရေကြောင်းကုန်သွယ်ရေးကနေ သွင်းကုန် ပို့ကုန်တွေကို ကုန်သွယ်ခွင့်ပြုပေးနေတယ် လို့ ကုန်သယ်တွေဆီကသိရပါတယ်။ မြဝတီနယ်စပ်ကနေ ကုန်ပစ္စည်း တင်သွင်းခြင်းနဲ့ ပို့ကုန်လိုင်စင် ရရှိထားသူတွေကိုလည်း ရနောင်း – ကော့သောင်းအပါအဝင် ကျန်တဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေ ကုန်သွယ်ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။ ဒါကြောင့် ထိုင်းဘက်ခြမ်းမှာ ပိတ်မိနေတဲ့ကုန်ကားတွေအနက် တရားဝင်လိုင်စင်ရရှိပြီး တင်သွင်းနေပါက အခြားနယ်စပ်ဂိတ်ပေါက်တွေကနေ ဂိတ်ပြောင်းသယ်ဆောင်ခွင့်ပြုဖို့လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ ” လိုင်စင်မရှိဘဲတရားမဝင်တွေ အများစုပိတ်မိနေတာပါ။တကယ်လို့လိုင်စင်နဲ့တရားဝင်တင်သွင်းတာ ပို့ကုန်တင်ပို့တာဆိုရင် ကျန်တဲ့ဂိတ်တွေကနေ ဂိတ်ပြောင်းသယ်လို့ရပါတယ်။ရေကြောင်းလည်းရပါတယ်။လိုင်စင်ထပ်လျှောက်စရာမလိုပါဘူး။မြဝတီနယ်စပ်ဂိတ်ပိတ်တော့ ပို့ကုန်တွေကိုအခုတာချီလိတ်ဘက်ကနေပြောင်းပို့နေရတာပေါ့။” လို့ ပို့ကုန်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။ လက်ရှိမှာ ရနောင်း – ကော့သောင်း ရေကြောင်းကနေကုန်သွယ်မှုပြုလုပ်မယ်ဆိုပါက ပြည်ပကနေ ကုန်ပစ္စည်း တင်သွင်းလိုပါက ပြည်ပပို့ကုန်ရငွေရှိကြောင်းအထောက်အထားပြသနိုင်သူတွေကို သွင်းကုန်လိုင်စင်ချပေးနေတယ်လို့သိရပါတယ်။ ” လိုင်စင်လျှောက်ရင် export…

Read More

နလအ ဥက္ကဌရဲ့ တရုတ်ခရီးစဉ်အတွင်း သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်

ဩဂုတ် ၂၈ – ၂ဝ၂၅ KKO(VOM) ယခုသီတင်းပတ်အတွင်းမှာ သွားရောက်မယ့် နလအ ဥက္ကဌ ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ဒီကနေ့(ဩဂုတ် ၂၈ ရက်)မှာ နလအ ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။ တရုတ်သမ္မတ H.E. Mr. Xi Jinping ရဲ့ဖိတ်ကြားမှုအရ SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့နဲ့ဂျပန်ကိုစစ်အောင်နိုင်မှုနှစ်(၈၀)ပြည့်အခမ်းအနားတက်ရောက်ဖို့ နလအ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ဖို့ရှိနေတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နလအ ဥက္ကဌ ရဲ့ယခုတရုတ်ပြည်ခရီးစဉ်နဲ့ ပတ် သက်လို့ တရုတ်-မြန်မာအရေးကို လေ့လာသုံးသပ်သူတယောက်ကတော့ သူရဲ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။ “ပြည်တွင်းမှာ နိုင်ငံရေး၊စစ်ရေးအခြေအနေတွေပြောင်းလဲနေသလို ကမ္ဘာ့နိုင်ငံရေးမှာလည်းအ ခြေအနေတွေကပြောင်းလဲနေပါပြီ။တရုတ်နဲ့ အိန္ဒိယတောင်အခြေအနေပြောင်းနေပါပြီ။မြန်မာ့အစိုးရကလည်းပြောင်းလဲလာတဲ့ အခြေအနေကိုမူတည်ပြီးကစားနေတာသိသာလှပါတယ်။”လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူတယောက်က VOM ကို ပြောပါတယ်။ အဲဒီအလုပ်သဘောခရီးစဉ်အတွင်း နလအ ဥက္ကဌဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့မှာ ကျင်းပမယ့်…

Read More
VOM News

FREE
VIEW