KNU နဲ့ဆက်စပ်အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ် နလအ ထုတ်ပြန် ကြေညာ

ဩဂုတ် ၂၉ – ၂ဝ၂၅
KKO(VOM)
နလအ က ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ KNU အပါအဝင် သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ် အခုဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတော်ယာယီသမ္မတ က ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU)နဲ့ သူရဲ့အဖွဲ့ဝင်တွေအပါ အဝင် အဲဒီအဖွဲ့က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ နဲ့ ဆက်နွှယ်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုမတရားအသင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ဖော်ပြထားတာပါ။
ဒါအပြင် KNU ရဲ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊အများပြည်သူတို့ရဲ့အေးချမ်းသာယာရေးကိုလည်းကောင်းအနှောင့်အယှက်အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်ယူဆတာကြောင့် KNU အဖွဲ့အစည်းကို အခုလိုမတရားအသင်းအဖြစ်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်တယ်လို့လည်း နလအ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို KNU အဖွဲ့အစည်းကိုမတရားအသင်းအဖြစ်ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ပြည်တွင်းကသတင်း စာဆရာတယောက်က သူရဲ့အမြင်ကိုအခုလိုသုံး သပ်ပြောပြခဲ့ပါတယ်။
“KNU က တိုင်းရင်းသားလူမျိုးစုအရေးကိုဦးတည်ထားပေမယ့်စစ်ဘုရင်ဝါဒကိုဘဲအဓိကထားပြီးပုံဖော်ခဲ့တယ်။ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားအတွက်စစ်ပွဲကိုရေရှည်ပုံစံဖြစ်အောင်ပြုလုပ်ခဲ့တယ်။KNU ထဲမှာလည်း Hard Line နဲ့ Soft Line ဆိုပြီးနှစ်မျိုးကွဲနေပြန်ရော၊ဆိုလိုချင်တာက KNU အနေနဲ့ ပြည်တွင်းစစ်ကိုရပ်တန့်ပြီး ကရင်လူထုအကျိုးကိုလုပ်ချင်တာလား၊ဒါမှမဟုတ်သူနဲ့ စစ်ပွဲကရလာတဲ့အကျိုးစီးပွားကိုမျှော်ကိုးနေတာလား၊ဒါတွေကမေးခွန်းထုတ်စရာဖြစ်နေတယ်”လို့ သူက VOM ကို ပြောပါတယ်။
ဒါအပြင် ပြည်တွင်းက နိုင်ငံရေးနဲ့ စစ်ရေးအခြေ အနေတွေကိုလေ့လာစောင့်ကြည့် သုံးသပ်သူတယောက်ကတော့ အဓိကက KNU အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာဟာ NCA ကတိကဝတ်တွေကို ချိုးဖောက်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
“အဓိက က KNU ကိုအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်လိုက်တာဟာ အဲလိုသတ်မှတ်လိုက်ရတဲ့အကြောင်းအရင်းတွေက သူ့ဟာနဲ့သူတော့ရှိကြမှာပါ။သဘောတူညီမှုတွေကို ဖောက်ဖျက်တာ ချိုးဖောက်တာစသဖြင့် ဒါတွေတော့ရှိမှာပါ။ဒီအ ကြောင်းအရာတွေပေါ်မှာတော့ ဘာကြောင့်၊ဘာကြောင့်လို့မသုံးသပ်လိုပေမယ့် ကျန်တဲ့ NCA ရေး ထိုးထားတဲ့ အပေါ်မှာတော့သက်ရောက်မှုတွေရှိနိုင်မလားဆိုတာက ဒါကတော်တော်လေးရှိနိုင်တာပေါ့။ရှိနိုင်တယ်ပေါ့ဆိုတာကလည်းဆိုလိုတာက NCAထိုးထားတာသည်ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးအဆင့်ပဲရှိသေးတယ်။ငြိမ်းချမ်းရေးအဆင့်မဟုတ်သေးဘူး။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဆက်ပြီးသွားကြမယ်ဆိုတဲ့အဆင့်ပါ။ဆိုလိုတာကယုံကြည်မှုတည် ဆောက်ဆဲအဆင့်ပါ”လို့ သူက VOM ကို ထပ်လောင်း ပြောပြပါတယ်။
ထပ်ပြီးတော့ လေ့လာသုံးသပ်သူတယောက်ကလည်း KNU ခေါင်းဆောင်ပိုင်းတွေရဲ့သမိုင်းကိုသုံးသပ်ရရင် ၁၉၈၀ ခုနှစ်ကျော်လောက်ကတည်း က ဗိုလ်ချုပ်မြရဲ့မိသားစုတွေဟာအမေရိကန်နိုင်ငံမှာပညာသင်ရင်းအခြေချနေထိုင်ခဲ့ကြပြီးနိုင်ငံတ ကာဆက်ဆံရေးကိုပြန်ကြည့်ရင်လည်းအမေရိကန်နိုင်ငံနဲ့ KNU အဖွဲ့အစည်းတွေဟာ ချိတ်ဆက်မှုတွေရှိနိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။
“နိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့လည်း KNU သည်ပြည်ပနိုင်ငံခြားတိုင်းပြည်တွေကထောက်ပံ့ပေးထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒီဟာတွေက သဘောမကျဘူးဆိုတာကို တရားဝင်ကြေညာလိုက်တဲ့သဘောပါပဲ”လို့ သူက ပြောပါတယ်။
အခုလို KNU အဖွဲ့အစည်းကိုမတရားအသင်းအဖြစ်ထုတ်ပြန်ကြေညာလိုက်တာဟာကျန်ရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်းသတိပေးတဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့လေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။
“အစောကပြောခဲ့သလိုပေါ့၊ယုံကြည်မှုတည် ဆောက်နေတဲ့အဆင့်မှာ ဒီလိုမျိုးသတ်မှတ်လိုက်တာသည် ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာရော ငါတို့ရော ဒီလိုမျိုးဖြစ်မသွားနိုင်ဘူးလားဆိုတဲ့ သံသယတွေဝင်သွားနိုင်တယ်။ဒါကတချက်ပေါ့လေ၊ဒါက Negative ဘက်ကတွေးကြည့်တာပေါ့လေ။Positive ဘက်က ဖြစ်နိုင်တာကတော့ ဒီလိုသဘောတူညီထားမှုအပေါ်မှာချိုးဖောက်မှုတွေလုပ်လာရင်အစိုးရအနေနဲ့ လိုအပ်တာထက်အများကြီးသည်းခံမှာမဟုတ်ဘူးဆိုတာကိုပြသတာဖြစ်နိုင်ပါတယ်။ဒီကိစ္စကြောင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သဘောတူထားတဲ့ ကတိကဝတ်တွေကို ပိုပြီးတော့စောင့်ထိန်းလာနိုင်ဖွယ်ရာရှိတယ်။ဒါက ပြည်တွင်းမှာရှိတဲ့ တပ်မတော်၊ အစိုးရနဲ့ တိုင်း ရင်းသားလက်နက်ကိုင်တွေကြားမှာဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေပါ”လို့ သူရဲ့အမြင်ကို ဆက်ပြီးပြောပြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)စာချုပ်မှာအခြားသောတိုင်ရင်းသားလက်နင်ကိုင် EAO အဖွဲ့တွေနဲ့အတူပထမဦးဆုံးလက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တခုလည်းဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW