ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး အချိန်ပိုခေါ်ယူတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အရေးယူမယ်

ဩဂုတ် ၂၈ – ၂၀၂၅ SN (VOM) ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး အချိန်ပိုခေါ်ယူတဲ့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်နဲ့ စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတိပေး ကြေညာထားပါတယ်။ ခွင့်ပြုထားတဲ့ အချိန်ပိုထက် ပိုပြီး အလုပ်ဆင်းခိုင်းနေတဲ့ စက်ရုံတွေ ရှိနေတယ်လို့ တိုင်ကြားမှုတွေ ရှိနေတာကြောင့် ကျူးလွန်တဲ့ စက်ရုံတွေကို ဥပဒေနဲ့အညီ စစ်ဆေး အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ လုပ်သားတယောက်က “စစ်မယ်ဆိုရင်လည်း တကယ် ထိထိရောက်ရောက် လုပ်စေချင်တယ်။ အခု စက်ရုံတွေ အတော်များများက နားချိန် ခဏပဲပေးပြီး မတရား အလုပ်ခိုင်းချင်နေကြတာ။ ကျွန်မ အလုပ်ဆင်းနေတဲ့ စက်ရုံဆိုရင် သူတို့ဆင်းခိုင်းတဲ့ အချိန်ပိုမဆင်းရင် ရက်မှန်ကြေးထဲကနေ နှစ်သောင်းဖြတ်တယ်။ အချိန်ပိုသာ…

Read More

မူးယစ်ဆေးစွဲနေတဲ့ လူအစုလိုက်အပြုံလိုက်ကို မိုးညှင်းမြို့အစပ်မှာ လာရောက်စွန့်ပစ်

ဩဂုတ် ၂၉ ၊ ၂၀၂၅ GG (VOM ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့အစပ်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့ လူအယောက် ၆၀ လောက်ကို ကားတစီးနဲ့ လာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းမြို့ခံတွေဆီက သိရပါတယ်။ စွန့်ပစ်ခံခဲ့ရတဲ့အမျိုးသားတွေနဲ့အမျိုးသမီးတွေဟာ မိုးညှင်းမြို့ထဲမှာ လှည့်လည်တောင်းရမ်းစားသောက်ခြင်း ၊ ကြုံရာကျပန်းအလုပ်လုပ်ကိုင်ခြင်း ၊ ပစ္စည်းလိုက်လံခိုးယူခြင်း စတာတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုကာရှင်သန်နေကြတယ်လို့သိရပါတယ်။ ” မြို့အစပ်နားမှာ လူအယောက် ၅၀ ၊ ၆၀ လောက်ရှိတာကို ကားနဲ့လာပစ်သွားတယ်။ကျပန်းပန်းရံဘာညာလုပ်ကိုင်စားသူရှိသလို တောင်းရမ်းစားနေတာလည်းရှိတယ်။တချို့လည်း လိုက်ခိုးနေတာမျိုးပေါ့။ဘယ်သူတွေက ဘာကြောင့်လာပစ်သွားတယ်ဆိုတာ သေချာမသိကြဘူး။ဆေးစွဲသူတွေဆိုတော့ကျန်းမာရေးမကောင်းသူတွေလည်းပါတာပေါ့။” လို့ မြို့ခံကပြောပါတယ်။ လက်ရှိမှာ စွန့်ပစ်ခံခဲ့ရတဲ့ အဆိုပါမူးယစ်ဆေးစွဲသူတွေဟာ ကြုံရာကျပန်း အဆင်ပြေရာမှာနေထိုင်နေကြတယ်လို့သိရပါတယ်။ ” ဟုတ်တယ် ။ဆေးသမားတွေလမ်းတိုင်းမှာတွေ့နေရတယ်။အမှိုက်ပစ်ပေးမယ် မုန့်ဖိုးလေးပေးပါဆိုပြီး လာတောင်းကြတယ်။ဘယ်ကဘယ်လိုလာပစ်ကြတယ်တော့မသိပါဘူး။ဒီလောက်လူအများကြီးကို ဘယ်လိုသယ်လာပြီး ဂိတ်တွေဘယ်လိုဖြတ်ပြီး လာပစ်သလည်းမသိဘူး။ ” လို့မြို့ခံနောက်တယောက်ကပြောပါတယ်။ မိုးညှင်းမြို့နယ်ထဲကို ယခုလို မူးယစ်ဆေးသုံးစွဲသူတွေ အစုလိုက်အပြုံလိုက် လာရောက်စွန့်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး…

Read More

Delivery လုပ်ငန်းတွေကို ပို့မယ့်ပစ္စည်းအမျိုးအစားနဲ့ မြို့နယ်တွေ ပိတ်ပင်ကန့်သတ်လာ

ဩဂုတ် ၂၇၊၂၀၂၅ GG (VOM) ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အိမ်အရောက် ပစ္စည်းပို့တဲ့ Delivery လုပ်ငန်းတွေကို ကုန်ပစ္စည်းပို့တဲ့အခါ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊အလှကုန်ပစ္စည်းအပါ ပစ္စည်းအများစုကို စစ်ကိုင်းတိုင်းအပါအဝင်မြို့နယ်အချို့ကို ပို့ခွင့်ကန့်သတ်လိုက်တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ပဲခူးတိုင်း ၊ မော်လမြိုင် ၊နေပြည်တော်၊ ကရင်ပြည်နယ်၊ တနင်္သါရီတိုင်း ၊ပြင်ဦးလွင် စတဲ့ဒေသတွေကမြို့နယ်အချို့ ကို ကုန်ပစ္စည်းအများစု တင်ပို့ခွင့် တားမြစ်လိုက်တာဖြစ်တယ်လို့ Delivery လုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။ ” ပါဆယ်ပို့တဲ့အခါ စစ်ဆေးရေးဂိတ်တွေကနေစစ်ဆေးတာတွေရှိနေတဲ့အတွက် အရေအတွက်ကန့်သတ်ထားသလို ပို့လို့မရတဲ့ပစ္စည်းဆိုပြီးလည်းထုတ်ပြန်ပေးထားပါတယ်။ ပြည်ဘက်ကစစ်ဆေးရေးလမ်းကြောင်းအများဆုံးဖြစ်ပြီး ပါဆယ်တွေကိုဖောက်စစ်တာအများဆုံးပါ။ အဲဒီဘက်တွေကိုလျှပ်စစ်ပစ္စည်းတွေကပို့လို့မရပါဘူး။သွားတိုက်ဆေးတို့ကိုပို့လိုမရဘူး။ဒါက ကျွန်တော်တို့ဘက်ကထုတ်ပြန်ထားတာမျိုးမဟုတ်ဘဲ သူတို့ဘက်ကတားမြစ်ထားတဲ့ပစ္စည်းတွေကို တဆင့်ကြေငြာပါတယ်။နေပြည်တော်တောင်ပို့လို့မရပါဘူး။ ” လို့ ပြည်တွင်း အိမ်အရောက်ကုန်ပစ္စည်းပို့နေတဲ့ Delivery လုပ်ကိုင်သူကပြောပါတယ်။ ဆိုလာ ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ၊အလှကုန်အမျိုးမျိုး ၊ဆေးဝါး ၊မီးစက်၊ခြေညှပ်ဖိနပ်၊အုန်းနို့၊ဘတ္ထရီ၊ဆိုဒီယမ်ဆိုင်ယာနိုက်၊ဆေး၊အမွှေးတိုင်၊ဖျာ၊လက်ကိုင်ဖုန်း၊ခေါက်ဆွဲ၊ကြာဇံ၊ကားတာယာ၊ချိုချဥ်၊ဘီစကစ်၊ပဲငံပြာရည် ၊ကော်ဖီစေ့နဲ့အမှုန့် ၊လက်ဖက်ခြောက်၊လူကြီးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်ဆေးနဲ့သွားတိုက်တံ၊ဆပ်ပြာ၊ငှက်သိုက်၊တစ်ရှူး၊အင်ဂျင်ဝိုင်၊ကြက်အူချောင်း ၊မီးလုံး၊လျှပ်စစ်စက်ဘီး၊မယ်လမင်း၊အသင့်သောက်နို့၊ဒိန်ချဥ်၊ဓာတ်ခဲ၊တာယာ၊ကျွတ်၊ပရုတ်လုံး ၊ပလပ်စတစ်ခြင်း/ပုံးခွက်…

Read More

အင်းလေးဒေသမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

ဩဂုတ် ၂၇ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊‌ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့ ဩဂုတ် ၂၆ ရက်၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းလေးဒေသရှိ ကျေးပေါခုံအုပ်စု၊ ကံခေါင်းကျေးရွာက နေအိမ် ၆၅ လုံးဝန်းကျင်၊ တောင်တိုအုပ်စု၊ ဟတ်ပုံးကျေးရွာက နေအိမ် ၅၅ လုံးဝန်းကျင်၊ စုစုပေါင်း အိမ်ခြေ ၁၂၀ ဝန်းကျင် အမိုးလန် ပျက်စီးတာ၊ လဲပြိုတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “မိုးကြီးပြီး လေပြင်းတိုက်တာ။ လေအရမ်းကြမ်းတာ အသက်ရှူတောင် မှားတယ်။ ငလျင်တုန်းက အလှူရှင်တွေ ဆောက်ပေးထားတဲ့…

Read More

တောင်ကိုရီးယားမှာ စာသင်ချိန်အတွင်း ဖုန်းသုံးခွင့် တားမြစ်တဲ့ ဥပဒေ ပြဋ္ဌာန်းလိုက်ပြီ

ဆိုးလ်၊ ဩဂုတ်-၂၇-၂၀၂၅ ရတီ (VOM) တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားတွေကို စာသင်ချိန်အတွင်း မိုဘိုင်းလ်ဖုန်းတွေနဲ့ စမတ်ကိရိယာတွေ အသုံးပြုတာ တားမြစ်တဲ့ ဥပဒေကြမ်းကို အတည်ပြုချမှတ်လိုက်ပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်အကြားမှာ စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်မယ့် နောက်ဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီဥပ‌ဒေဟာ ၂၀၂၆ ခုနှစ် မတ်လမှစတင်ကာ လာမယ့်နှစ်ပညာရေးနှစ်ကစပြီး စတင်သက်ဝင်မှာ ဖြစ်ကာ စမတ်ဖုန်းစွဲလမ်းမှုကို ထိန်းချုပ်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ လဒ်ဖြစ်ကာ သုတေသနတွေအရ ဒီလိုစွဲလန်းမှုဟာ ဆိုးကျိုးတွေ သက်ရောက်တယ်လို့ ညွှန်ပြနေပါတယ်။ စမတ်ဖုန်းအသုံးပြုမှုဟာ ကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်ကို ထိခိုက်စေပြီး စာလေ့လာဖို့ အချိန်တွေလည်း လေလွင့်စေတယ်လို့ ဥပဒေပြုသူတွေ၊ မိဘတွေနဲ့ ဆရာတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒီဥပ‌ဒေအရ ဘယ်လိုကန့်သတ်မှုတွေ ချမယ်ဆိုတာ အသေးစိတ်မသိရသေးပေမယ့် ကျယ်ပြန့်သောအကျိုးဆက်တွေနဲ့ စွဲလမ်းမှုရဲ့ အဓိကအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။ ဒီကနေ့မွန်းလွဲပိုင်းမှာ မဲပေးဆုံးဖြတ်မှုမှာ လွှတ်တော်…

Read More

ပေါင်းလောင်းမှာ မိုးများမှုကြောင့် တောင်ပြိုမှု ဆက်လက်ဖြစ်ပွား‌နေ၊ လူနှစ်ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံးပျက်စီး

ဩဂုတ် ၂၇ ၊ ၂၀၂၅ GG (VOM) ရှမ်ပြည်နယ်တောင်ပိုင်း ၊ပေါင်းလောင်းမြို့သစ်၊သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးများပြီး ရေကြီးကာ တောင်ကျရေတွေကြောင့် တောင်ပြိုမြေပြိုပြီး လူနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ဩဂုတ် ၂၆ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တွေပေါ်ကို မြေပြိုတောင်ပြိုခဲ့တာကြောင့် နေအိမ်မှာအိပ်နေတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ညကြီး အိပ်နေချိန်တောင်ပြိုတော်အိမ်ရောလူပါပါသွားတာ။ အမျိုးသားတယောက်ကတော့ပြန်တွေ့ပြီ။အမျိုးသမီးကတော့ ခုထိပြန်မတွေ့သေးဘူး။အခုထိလည်းမြေပြိုတောင်ပြိုနေတုန်းပဲ။လမ်းတွေလည်းပြိုကျနေတယ်။ အိမ်ကတော့ ၁၀ လုံးပျက်စီးတယ်။ကျန်တဲ့ရွာတွေကတော့ ဖုန်းလိုင်းမရတော့ အဆက်အသွယ်ပြတ်နေတော့ အခြေအနေမသိရသေးဘူး။ဒီရွာကတွေက တပ်ကုန်းနဲ့ မိုင်၂၀လောက်ပဲဝေးတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ဖို့ပြင်ဆင်နေတဲ့ ကိုသိန်းသန်းအောင်ကပြောပါတယ်။ လက်ရှိအချိန်ထိ အဆိုပါနေရာဘက်မှာ တောင်ကျရေကြောင့် တောင်ပြိုမှု မြေပြိုမှုတွေဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ သွားရောက်နိုင်ခြင်းမရှိသေးကြောင်း ၊ ဒေသခံရွာသားအချင်းချင်း စုပေါင်းပြီးသာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေကြရတယ်လို့သိရပါတယ်။ အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေတက်ပြီး နေပြည်တော် တပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်ထဲက…

Read More

နေပြည်တော် ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမှာ ရေကြီးနေ

ဩဂုတ် ၂၇ – ၂၀၂၅ SS (VOM) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်ရှိ ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်တွေမှာ ဒီကနေ့ သြဂုတ် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ‌လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ တပ်ကုန်းမြို့နယ်က ညောင်ပင်သာကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှားတောကျေးရွာ၊ ရွှေပန်းတောကျေးရွာနဲ့ အောင်ဇေယျကျေးရွာ အနီးက နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေသလို ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံမှာလည်း ကားလမ်းရေကျော်ကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ် တပ်ကုန်းနဲ့ ဇေယျာသီရိမှာ မိုးအရမ်းကြီးနေတယ်။ မိုးဆက်ရွာနေရင် နဝင်းချောင်းနဲ့ ဆင်သေချောင်းကလည်း စိတ်မချရဘူး။ အားလုံး ဂရုစိုက်ကြပါ။ အနိမ့်ပိုင်း ရောက်နေတဲ့သူတွေ ကုန်းမြင့်ပိုင်းတွေဆီ ကြိုတင် ရွှေ့ပြောင်းထားဖို့ လိုပါတယ်” လို့ မြေပြင်ကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။ ပင်လောင်းလမ်းဆုံမှာလည်း…

Read More

ကွမ်းယာနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးအဆမတန်တက်လာ

ဩဂုတ် ၂၆ – ၂ဝ၂၅ KKO(VOM) ကွမ်းယာဆိုင်သုံးပစ္စည်းများဈေးအဆမတန်တက်လာပြီး ယခုလက်ရှိကာလမှာ ကွမ်းရွက်ဈေးနဲ့ကွမ်းစားဆေးအမျိုးမျိုးတို့ရဲ့ဈေး နှုန်းတွေဟာနှစ်ဆခန့်မြင့် တက်နေတယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆေးမွှေးနဲ့ဆိုပါက ငါးရာဖိုးကွမ်းနှစ်ရာနဲ့ တထောင်ဖိုးဆိုပါကကွမ်းငါးရာခန့်သာရရှိတော့တယ်လို့ကွမ်းစားသုံး သူတွေက ပြောပြပါတယ်။ “ကွမ်းဈေးက ကုန်စိမ်းဈေးမှာတင် သုံးသောင်းကျော်နေတယ်။ဒါကတပိဿာဈေးပါ။ဆေးမွှေးနဲ့ငါးရာဖိုးကိုနှစ်ရာ၊တထောင်ဖိုးကိုငါးရာပါ။မိုးတွေဆက်တိုက်ရွာတဲ့အတွက်ကွမ်းခြံတွေပျက်စီးတဲ့အတွက်၊ဈေးတက်ရပါသတဲ့။သီတင်းကျွတ်ကျော်မှဈေးပြန်ငြိမ်ပါမယ်တဲ့ အဲလိုပြောပါတယ်”လို့ ကွမ်းယာဆိုင်လုပ် ငန်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အခုလက်ရှိကာလတွင် ကွမ်းရွက်တပိဿာကို ၃၂၀၀၀ ကျပ်၊ကွမ်းသီးတစ်ပိဿာကို ၃၄၀၀၀ ကျပ်၊ကွမ်းစားဆေး 92 – တဘူးကို ၁၆၀၀၀ ကျပ်၊ဘုရင်မဆေးတဘူးကို ၁၆၀၀၀ ကျပ်နဲ့ ဆင်ကနယ်ဆေးတဘူး(ဘူးကြီး)တဘူးကိုကျပ် ၆၀၀၀၀ အထိပေါက်ဈေးရှိနေတာဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ် ကိုင်သူတွေက ပြောပါတယ်။ “ဆေးမွှေးတဘူးကိုနှစ်ဆတက်ပါတယ်။ကွမ်း ယာဆိုင်အသေးလေးတွေရပ်တည်နိုင်ဖို့မလွယ်ကူတော့ပါဘူး။ကွမ်းစားတဲ့သူတွေလည်းမ လွယ်တော့ပါဘူး။တချို့ဆိုင်ကငါးရာဖိုးကိုနှစ်ယာပေးတယ်၊အချိူ့ဆိုင်ကသုံးယာပေးပါတယ်”လို့ ကွမ်းစားသုံးသူတယောက်က ဆက်ပြီး ပြောပြပါတယ်။ ဒီလိုကွမ်းစားဆေးတွေဈေးနှုန်းအဆမတန်မြင့်တက်လာရတာဟာ အဓိကပြဿနာကတော့နယ်စပ်၀င်ပေါက်တွေကနေ ပစ္စည်းတွေမ၀င်တော့လို့ဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ် ငန်းလုပ်ကိုင်သူတွေနဲ့ ကုန် သည်တွေက ထပ်လောင်းပြောပြပါတယ်။ “နယ်စပ်အပေါက်တွေအကုန်ပိတ်တော့ဈေးတွေက…

Read More

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ သေဆုံး

ဂါဇာစီးတီး၊ ဩဂုတ်-၂၆-၂၀၂၅ ရတီ(VOM) ဂါဇာမြောက်ပိုင်း ခန်းယွန်နစ်မြို့ရှိ နက်ဆာဆေးရုံကို အစ္စရေးစစ်တပ်ရဲ့ နှစ်ကြိမ်တိုက်ခိုက်မှုအတွင်း နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးခဲ့သော သတင်းထောက်တွေဟာ Reuters၊ AP၊ Al Jazeera နဲ့ Middle East Eye ကဲ့သို့သော နိုင်ငံတကာသတင်းမီဒီယာတွေက ဖြစ်ပြီး သက်ဆိုင်ရာမီဒီယာအဖွဲ့အစည်းတွေက အတည်ပြုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးဝန်ထမ်း လေးယောက်လည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ပထမအကြိမ် တိုက်ခိုက်မှုခံရမှုကြောင့် ထိခိုက်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဝမ်းနည်းဖွယ်ရာ မတော်တဆမှုဖြစ်ပြီး စစ်တပ်က စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဂါဇာမှာ…

Read More

AA ထိန်းချုပ်ထားတဲ့ မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရ၊ ၁၀ ယောက်သေပြီး ၂၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၆ ၊၂၀၂၅ GG(VOM) AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့မှာ ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဩဂုတ် ၂၅ ရက်နေ့ ၊ ညပိုင်း ၁၁ နာရီခွဲလောက်မှာ မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။ ” ညပိုင်း အိပ်ချိန်ကြီးလာကြဲတာဆိုတော့ ထိသူများတယ်။သေဆုံးလည်းများတယ်။ထိခိုက်ဒဏ်ရာရသးလည်းများတယ်။ကလေးတွေရော အဖိုးကြီးအ ဘွားကြီးတွေရောပါတယ်။ဒဏ်ရာရသူတွေကိုဆေးကုသမှုလုပ်ပေးနေကြတယ်။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူတွေကို သဂြိုလ်ဖို့အတွက် စီစဥ်နေကြသလို ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ AA က ဆေးကုသမှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ အဆိုပါ ဗုံးကြဲခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးအပါအဝင် သေဆုံးသူ ၁၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ယောက် ယောက်ရှိကာ လူနေဆောင် ရှစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနအချို့ကို…

Read More
VOM News

FREE
VIEW