AA ထိန်းချုပ်ထားတဲ့ မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရ၊ ၁၀ ယောက်သေပြီး ၂၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၆ ၊၂၀၂၅
GG(VOM)
AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့မှာ ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ ၊ ညပိုင်း ၁၁ နာရီခွဲလောက်မှာ မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။
” ညပိုင်း အိပ်ချိန်ကြီးလာကြဲတာဆိုတော့ ထိသူများတယ်။သေဆုံးလည်းများတယ်။ထိခိုက်ဒဏ်ရာရသးလည်းများတယ်။ကလေးတွေရော အဖိုးကြီးအ ဘွားကြီးတွေရောပါတယ်။ဒဏ်ရာရသူတွေကိုဆေးကုသမှုလုပ်ပေးနေကြတယ်။” လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာ သေဆုံးသူတွေကို သဂြိုလ်ဖို့အတွက် စီစဥ်နေကြသလို ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ AA က ဆေးကုသမှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။
အဆိုပါ ဗုံးကြဲခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးအပါအဝင် သေဆုံးသူ ၁၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ယောက် ယောက်ရှိကာ လူနေဆောင် ရှစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနအချို့ကို AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားတာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲအတွင်းမှာ နလအဘက်မှ တိုက်ခိုက်မှုကြောင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ပြီး ၁၉၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဩဂုတ် ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ AA ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုအရသိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW