ကွမ်းယာနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးအဆမတန်တက်လာ

ဩဂုတ် ၂၆ – ၂ဝ၂၅ KKO(VOM) ကွမ်းယာဆိုင်သုံးပစ္စည်းများဈေးအဆမတန်တက်လာပြီး ယခုလက်ရှိကာလမှာ ကွမ်းရွက်ဈေးနဲ့ကွမ်းစားဆေးအမျိုးမျိုးတို့ရဲ့ဈေး နှုန်းတွေဟာနှစ်ဆခန့်မြင့် တက်နေတယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆေးမွှေးနဲ့ဆိုပါက ငါးရာဖိုးကွမ်းနှစ်ရာနဲ့ တထောင်ဖိုးဆိုပါကကွမ်းငါးရာခန့်သာရရှိတော့တယ်လို့ကွမ်းစားသုံး သူတွေက ပြောပြပါတယ်။ “ကွမ်းဈေးက ကုန်စိမ်းဈေးမှာတင် သုံးသောင်းကျော်နေတယ်။ဒါကတပိဿာဈေးပါ။ဆေးမွှေးနဲ့ငါးရာဖိုးကိုနှစ်ရာ၊တထောင်ဖိုးကိုငါးရာပါ။မိုးတွေဆက်တိုက်ရွာတဲ့အတွက်ကွမ်းခြံတွေပျက်စီးတဲ့အတွက်၊ဈေးတက်ရပါသတဲ့။သီတင်းကျွတ်ကျော်မှဈေးပြန်ငြိမ်ပါမယ်တဲ့ အဲလိုပြောပါတယ်”လို့ ကွမ်းယာဆိုင်လုပ် ငန်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အခုလက်ရှိကာလတွင် ကွမ်းရွက်တပိဿာကို ၃၂၀၀၀ ကျပ်၊ကွမ်းသီးတစ်ပိဿာကို ၃၄၀၀၀ ကျပ်၊ကွမ်းစားဆေး 92 – တဘူးကို ၁၆၀၀၀ ကျပ်၊ဘုရင်မဆေးတဘူးကို ၁၆၀၀၀ ကျပ်နဲ့ ဆင်ကနယ်ဆေးတဘူး(ဘူးကြီး)တဘူးကိုကျပ် ၆၀၀၀၀ အထိပေါက်ဈေးရှိနေတာဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ် ကိုင်သူတွေက ပြောပါတယ်။ “ဆေးမွှေးတဘူးကိုနှစ်ဆတက်ပါတယ်။ကွမ်း ယာဆိုင်အသေးလေးတွေရပ်တည်နိုင်ဖို့မလွယ်ကူတော့ပါဘူး။ကွမ်းစားတဲ့သူတွေလည်းမ လွယ်တော့ပါဘူး။တချို့ဆိုင်ကငါးရာဖိုးကိုနှစ်ယာပေးတယ်၊အချိူ့ဆိုင်ကသုံးယာပေးပါတယ်”လို့ ကွမ်းစားသုံးသူတယောက်က ဆက်ပြီး ပြောပြပါတယ်။ ဒီလိုကွမ်းစားဆေးတွေဈေးနှုန်းအဆမတန်မြင့်တက်လာရတာဟာ အဓိကပြဿနာကတော့နယ်စပ်၀င်ပေါက်တွေကနေ ပစ္စည်းတွေမ၀င်တော့လို့ဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ် ငန်းလုပ်ကိုင်သူတွေနဲ့ ကုန် သည်တွေက ထပ်လောင်းပြောပြပါတယ်။ “နယ်စပ်အပေါက်တွေအကုန်ပိတ်တော့ဈေးတွေက…

Read More

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ သေဆုံး

ဂါဇာစီးတီး၊ ဩဂုတ်-၂၆-၂၀၂၅ ရတီ(VOM) ဂါဇာမြောက်ပိုင်း ခန်းယွန်နစ်မြို့ရှိ နက်ဆာဆေးရုံကို အစ္စရေးစစ်တပ်ရဲ့ နှစ်ကြိမ်တိုက်ခိုက်မှုအတွင်း နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးခဲ့သော သတင်းထောက်တွေဟာ Reuters၊ AP၊ Al Jazeera နဲ့ Middle East Eye ကဲ့သို့သော နိုင်ငံတကာသတင်းမီဒီယာတွေက ဖြစ်ပြီး သက်ဆိုင်ရာမီဒီယာအဖွဲ့အစည်းတွေက အတည်ပြုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးဝန်ထမ်း လေးယောက်လည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ပထမအကြိမ် တိုက်ခိုက်မှုခံရမှုကြောင့် ထိခိုက်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဝမ်းနည်းဖွယ်ရာ မတော်တဆမှုဖြစ်ပြီး စစ်တပ်က စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဂါဇာမှာ…

Read More

AA ထိန်းချုပ်ထားတဲ့ မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရ၊ ၁၀ ယောက်သေပြီး ၂၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၆ ၊၂၀၂၅ GG(VOM) AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့မှာ ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဩဂုတ် ၂၅ ရက်နေ့ ၊ ညပိုင်း ၁၁ နာရီခွဲလောက်မှာ မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။ ” ညပိုင်း အိပ်ချိန်ကြီးလာကြဲတာဆိုတော့ ထိသူများတယ်။သေဆုံးလည်းများတယ်။ထိခိုက်ဒဏ်ရာရသးလည်းများတယ်။ကလေးတွေရော အဖိုးကြီးအ ဘွားကြီးတွေရောပါတယ်။ဒဏ်ရာရသူတွေကိုဆေးကုသမှုလုပ်ပေးနေကြတယ်။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူတွေကို သဂြိုလ်ဖို့အတွက် စီစဥ်နေကြသလို ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ AA က ဆေးကုသမှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ အဆိုပါ ဗုံးကြဲခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးအပါအဝင် သေဆုံးသူ ၁၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ယောက် ယောက်ရှိကာ လူနေဆောင် ရှစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနအချို့ကို…

Read More

ရွေးကောက်ပွဲ ဥပဒေရဲ့ ပွဲဦးထွက် တောင်ကြီးက အမျိုးသားတ​ယောက် ​ဈေးဦး​ပေါက် ဖမ်းဆီးခံရ

ဩဂုတ် ၂၆၊ ၂၀၂၅ Shy V (VOM) ​တောင်ကြီးက အမျိုးသား တယောက် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးခံရကြောင်း ဒေသခံတွေနဲ့ စစ်တပ်ထောက်ခံ အင်အားစုတွေရဲ့ မီဒီယာတွေကနေ သိရပါတယ်။ ” လားရှိူးမှာ ကားလုခံရတာက ရပ်ကွက် ၅ မှာ ဟုတ်တယ်။ အဲလိုဖြစ်တော့ လုံခြုံရေးကင်းမဲ့ဇုန်ဖြစ်‌ေကြာင်းဝေဖန်တာ။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား ဆိုပြီးတော့လိုင်း‌​ပေါ် တင်ထားတာကို ရွေးကောက်ပွဲနှောင့်ယှက်မှု ဥပဒေဖမ်းပြီး အမှုဖွင့်‌ ခံရတယ် လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လားရှိုး ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက် အိမ်ရှေ့…

Read More

အမျိုးသားစာပေဆုပညာရှင် စာရေးဆရာချစ်စံဝင်း ကွယ်လွန်

ဩဂုတ် ၂၆ – ၂ဝ၂၅ KKO(VOM) အမျိုးသားစာပေဆုပညာရှင်စာရေး ဆရာချစ်စံဝင်းဟာ ယနေ့ နံနက် အစောကြီးပိုင်းအချိန်မှာကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းဟာ ပျူခေတ်တွေ့ရှိချက်‌တွေနဲ့ ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်း စာပေရေးသားရာမှာအလွန်ကျော် ကြားခဲ့တဲ့စာပေပညာရှင်တယောက် ဖြစ်ပါတယ်။ စာပေလောကအသိုင်းအဝိုင်းက တော့ စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုအပေါ်မှာနှမြောတသဝမ်းနည်းစကားဆိုထားကြပါတယ်။ ဆရာကြီးကောင်းရာသုဂတိလားစေဖို့လည်းဆုတောင်းမေတ္တာပို့သထားကြပါတယ်။ “ဦးချစ်စံ(စာရေးဆရာချစ်စံဝင်း) အသက် – ၈၆ နှစ်၊ ည ၁၂း၃၀ ကကွယ်လွန်သွားပါတယ်။ကောင်းရာသုဂတိရောက်ပါစေ”လို့ ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းနဲ့ နီးစပ်သူတယောက်က သူရဲ့လူမှုကွန်ရက်ပေါ်မှာ မျှဝေထားပါတယ်။ ဒါအပြင်စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်တယောက်ကလည်း “ဆရာ့စာပေတွေများစွာကိုဖတ်ရှုခဲ့ရပါတယ်။အခုလိုဆရာကွယ်လွန်သွားတာကိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဝမ်းနည်းစကားဆိုထားပါတယ်။ စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုကိုဆရာရဲ့ညီဖြစ်သူ ဦးအေးလွင်ကလည်း အတည်ပြု‌ပြောကြားထားတယ်လို့ စာပေလောကသားတွေက ပြောပါတယ်။ “အခုလိုကြားသိရတာများစွာစိတ်မကောင်းဖြစ်ရပါတယ်။ဆရာနဲ့က သားအဖတွေလိုပဲနေလာကြတာလေ ၊ဆရာချစ်နဲ့ကတအားရင်းနှီးပါတယ်။စာ‌ပေနဲ့ပတ်သက်လို့အမှတ် အမှတ်တရတွေလည်းအများကြီးရှိပါတယ်။အခုဆုံးသွားပြီလို့သိရတော့အလွန်နှမြောတသဖြစ်ရပါတယ်။ဆရာကတကယ့်တော်တဲ့ စာပေလောကအတွက်အဖိုးဖြတ်မရတဲ့မြန်မာစာပေပညာရှင်တယောက်ပါ”လို့ ကွယ်လွန်သူ ဆရာချစ်စံဝင်းရဲ့အသိမိတ်ဆွေ တယောက်က VOM ကိုပြောပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာချစ်စံဝင်းဟာ မြန်မာစာပေပေါင်း (၂၀၀၀)ကျော်နဲ့ ဝတ္ထုတို(၂၀) ကျော်ရေးသားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ‘ဤခရီးနီးသလား’…

Read More

လေယာဉ်သစ် ၁၀၃ စင်းဝယ်ယူမယ့် သဘောတူညီချက် ဘိုးအင်းနဲ့ကိုရီးယားလေကြောင်းလိုင်း ကြေညာ

ဝါရှင်တန်၊ ဩဂုတ်-၂၆-၂၀၂၅ ရတီ(VOM) အမေရိကန်လေကြောင်းထိပ်သီးကုမ္ပဏီကြီး ဘိုးရင်းနဲ့ ကိုရီးယားလေကြောင်းတို့ဟာ လေယာဉ်အသစ် ၁၀၃ စင်းအတွက် ဒေါ်လာ ၃၆ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုန်သွယ်ဖက်နိုင်ငံတွေကို အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေတိုးမြှင့်လုပ်ကိုင်ကြဖို့ တွန်းအားပေးချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး တောင်ကိုရီးယားသမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာပါ။ ကုမ္ပဏီနှစ်ခုထုတ်ပြန်တ့ ပူးတွဲကြေညာချက်အရ အမှာစာမှာ ဘိုးရင်း ၇၈၇၊ ၇၇၇ နဲ့ ၇၃၇ ခရီးသည်တင် လေယာဉ်တွေပါဝင်ပါတယ်လို့ ကြေညာချက်မှာ ဆိုပါတယ်။ ကိုရီးယားလေကြောင်း၏ အကြီးအကဲ ဝေါ်လ်တာချိုးက လေယာဉ်အသစ်တွေဟာ အရေးပါသောအချိန်မှာ ရောက်ရှိလာမှာဖြစ်ပြီး တောင်ကိုရီးယား အမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်အင်အားကို ခေတ်မီတိုးတက်စေကာ အေရှားနားလေကြောင်းနဲ့ ပေါင်းစည်းပြီးနောက် ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံ အစိုးရကိုယ်စားလှယ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ တွေ့ဆုံစဉ်ကာလအတွင်း သဘောတူညီချက်ကို…

Read More

ဂျူးတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားတယ်ဆိုကာ အီရန်သံအမတ်ကြီးကို ဩစတြေးလျ နှင်ထုတ်

ဆစ်ဒနီ၊ ဩဂုတ်-၂၆-၂၀၂၅ မျိုးဆက်(VOM) ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေရှိ ဂျူးလူမျိုးတွေကို တိုက်ခိုက်မှုအတွက် အီရန်အစိုးရက ညွှန်ကြားခဲ့တယ်လို့စွပ်စွဲပြီးနောက် ဩစတြေးလျဟာ အီရန်သံအမတ်ကြီးကို နှင်ထုတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ် က ယခုလို တိုက်ခိုက်မှုတွေဟာ ပြည်ပနိုင်ငံတခုက စီစဉ်ညွှန်ကြားခဲ့တဲ့ ထူးဆန်းပြီး အန္တရာယ်များတဲ့ ရန်လိုမှုတွေ ဖြစ်သည်ဟု ပြောပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ဩစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကလည်း အီရန်နိုင်ငံဟာ ဩစတြေးလျနိုင်ငံရှိ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ နောက်ကွယ်မှာရှိနေကြောင်း ထောက်လှမ်းရေး အချက်အလက်တွေ ရရှိထားတယ်လို့ ပြောပါတယ်။ အီရန် သံအမတ်ကြီး အာမက်ဆာဒီဂီနဲ့ အခြားအီရန်အရာရှိသုံးယောက်ကို ခုနှစ်ရက်အတွင်း နှင့် အခြား အီရန်အရာရှိ ဩစတြေးလျနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးလိုက်ပါတယ်။ အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ အီရန်ဘက်က သူတို့ ပါဝင်ပတ်သက်မှုကို…

Read More

လျှော့ဈေးနဲ့ ဓာတ်မြေဩဇာတွေ ရောင်းချပေမယ့် တောင်သူတွေ ပြင်ပပေါက်ဈေးနီးပါးပေးပြီး ဝယ်ယူနေရ

ဩဂုတ် ၂၆ – ၂၀၂၅ SS (VOM) လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ဓာတ်မြေဩဇာတွေကို အာဏာပိုင်တွေက ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေပေမယ့် လက်တွေ့မှာတော့ ပြင်ပပေါက်ဈေးနီးပါး ဈေးပေး ဝယ်ယူနေရသလို ခွဲတမ်းရရှိမှုလည်း မလုံလောက်တဲ့အတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ လက်ရှိ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မြန်မာ့ဩဘာတံဆိပ် ဓာတ်မြေဩဇာတွေကို အစိုးရက ကျေးရွာအလိုက် သက်ဆိုင်ရာ ရုံးတွေကတဆင့် ရောင်းချပေးနေတာဖြစ်ပြီး တအိတ်ကို စုစုပေါင်း ကိုးသောင်းရှစ်ထောင်ပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ “အပြင်ပေါက်ဈေးက တသိန်းဝန်းကျင် ရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ သွားဝယ်ရင် မြေဩဇာ တအိတ်ကို ကိုးသောင်းငါးထောင်ကျပ် ပေးရတယ်။ မှတ်ပုံတင် ယူသွားရတယ်။ စာရင်း ရေးခ၊ မှတ်ခဆိုပြီး ကျပ် ၃၀၀၀ ထပ်တောင်းတယ်။ အဲဒီတော့ မြေဩဇာ တအိတ်ဝယ်ရင် စုစုပေါင်း…

Read More

မြ၀တီ ချစ်ကြည်ရေးတံတား-၂ မှာ စစ်တပ်အင်အားတိုးမြှင့်ပြီးနောက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေ

ဩဂုတ် ၂၆ ၊၂၀၂၅ GG (VOM) ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မြန်မာအစိုးရဘက်က ကုန်သွယ်ခွင့်ပိတ်လိုက်ပြီးနောက်မှာ တံတားကို စစ်တပ်က လုံခြုံရေးအင်းအားတိုးမြှင့်ချထားမှုရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ခုလို လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို မြို့ခံအချို့က စိုးရိမ်မှုရှိနေတယ်လို့သိရပါတယ်။ ” တံတားမှာက အရင်ထဲကလုံခြုံရေးချထားတဲ့ ရဲနဲ့စစ်တပ်ကရှိတယ်။အခုကတော့ စစ်သားအင်အားတော့ များလာတဲ့အခြေအနေရှိတယ်။အရင်နှစ် ပထမ တခါတုန်းကလည်း အဲဒီလိုတပ်စွဲပြီး တိုက်ပွဲဖြစ်တာပဲဆိုတော့ စိုးရိမ်ကြတာပေါ့။ခုထိတော့အခြေအနေက ထူးခြားတာမရှိပါဘူး။စစ်တပ်ကလည်းအပြင်ထွက်တာမရှိဘူး။အဲဒီမှာပဲ နေနေကြတာတွေ့ရတယ်။” လို့ မြို့ခံကပြောပါတယ်။ လက်ရှိမှာ ချစ်ကြည်ရေးတံတား အမှတ်၂ မှာ စစ်တပ်က လုံခြုံရေးအင်အားရာနဲ့ချီ တိုးမြှင့်ချထားမှုရှိကြောင်း ၊ မြို့ခံတွေကတော့ ထင်ကြေးအမျိုးမျိုးပေးပြီး ပြောဆိုမှုရှိနေ ပါတယ်။ ” လုံခြုံရေးအဖွဲ့ကအရင်ထဲကရှိတယ်။အင်အားတော့အတိမကျမသိပေမယ့်များပါတယ်။အခုတံတားပိတ်ထားတော့ သူတို့ဘာသာ ခြံစည်းရုံးရှင်း သန့်ရှင်းရေးလုပ်ကြတာကို ပုံတွေရိုက်ပြီး တင်ကြတာမျိုးပါ။ မြေပြင်အခြေအနေက ဘာမှထူးခြားမှုမရှိပါဘူး။ကျွန်တော်တို့ကပုံမှန်လို့ပဲမြင်တယ်။…

Read More

နောင်ပိန်လမ်းခွဲ အပါအဝင် အနီးနားကရွာတွေမှာ နလအတပ်နဲ့ TNLA စစ်ကြောင်းဆိုင်

ဩဂုတ် ၂၅၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ် ထဲက နောင်ပိန်လမ်းခွဲ အပါအဝင် အနီးနားရွာ တွေမှာ လက်ရှိအထိ စစ်ကြောင်းဆိုင်ထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ပိန်လမ်းခွဲ၊ ပင်တီး၊ ဇီးပင်စခန်း၊ ပင်တိန် မရသေးပါဘူး။ အဲမှာ စစ်ကြောင်းတွေဆိုင်ထားတာပဲ ရှိသေးတယ်။ အခုကတော့ သူတို့ကတော့ ဖောက်တော့ ဖောက်ထွက်နေတာပဲ သူတို့။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လုံကြိမခရွာမှာ လက်နက်ကြီးကျတယ်လို့ သိရပြီး လူနှစ်ယောက် သေဆုံးကာ အယောက် ၅၀ လောက် ပိတ်မိနေတယ် သိရတယ်လို့ သူက ပြောပါတယ်။ “အဲမှာ နှစ်ယောက် သေသွားတယ်။ အယောက် ၅၀ လောက် ပိတ်မိတယ် ဆိုပြီးတော့ အကူအညီ လာတောင်းတယ်။ ပေးမှ မဝင်ပဲ။ ဘယ်အဖွဲ့ကမှ ပေး…

Read More
VOM News

FREE
VIEW