ဂျူးတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားတယ်ဆိုကာ အီရန်သံအမတ်ကြီးကို ဩစတြေးလျ နှင်ထုတ်

ဆစ်ဒနီ၊ ဩဂုတ်-၂၆-၂၀၂၅
မျိုးဆက်(VOM)
ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေရှိ ဂျူးလူမျိုးတွေကို တိုက်ခိုက်မှုအတွက် အီရန်အစိုးရက ညွှန်ကြားခဲ့တယ်လို့စွပ်စွဲပြီးနောက် ဩစတြေးလျဟာ အီရန်သံအမတ်ကြီးကို နှင်ထုတ်မယ်လို့ ကြေညာလိုက်ပါတယ်။
ဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ် က ယခုလို တိုက်ခိုက်မှုတွေဟာ ပြည်ပနိုင်ငံတခုက စီစဉ်ညွှန်ကြားခဲ့တဲ့ ထူးဆန်းပြီး အန္တရာယ်များတဲ့ ရန်လိုမှုတွေ ဖြစ်သည်ဟု ပြောပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဩစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကလည်း အီရန်နိုင်ငံဟာ ဩစတြေးလျနိုင်ငံရှိ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ နောက်ကွယ်မှာရှိနေကြောင်း ထောက်လှမ်းရေး အချက်အလက်တွေ ရရှိထားတယ်လို့ ပြောပါတယ်။
အီရန် သံအမတ်ကြီး အာမက်ဆာဒီဂီနဲ့ အခြားအီရန်အရာရှိသုံးယောက်ကို ခုနှစ်ရက်အတွင်း နှင့် အခြား အီရန်အရာရှိ ဩစတြေးလျနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးလိုက်ပါတယ်။ အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။
အီရန်ဘက်က သူတို့ ပါဝင်ပတ်သက်မှုကို ဝှက်ကွယ်ထားခဲ့ပေမယ့် ထောက်လှမ်းရေး အကဲဖြတ်ချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ဆစ်ဒနီမြို့ရှိ Lewis Continental Kitchen နဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မဲလ်ဘုန်းမြို့ရှိ Adass Israel Synagogue တို့ကို တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အီရန်ပဲဖြစ်တယ် လို့ ပြောပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဩစတြေးလျနိုင်ငံက နိုင်ငံတနိုင်ငံရဲ့ သံအမတ်ကြီးတယောက်ကို ပထမဆုံးအကြိမ် နှင်ထုတ်လိုက်ခြင်းဖြစ်တယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ပြောပါတယ်။
ဩစတြေးလျနိုင်ငံအနေနဲ့ တီဟီရန်နဲ့ သံတမန်ရေးရာ ဆက်သွယ်မှုအချို့ကို ဆက်လက်ထိန်းသိမ်းထားသော်လည်း ဝန်ထမ်းတွေ လုံခြုံရေးအတွက် အီရန်နိုင်ငံရှိ ဩစတြေးလျ သံရုံးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း သူက ပြောပါတယ်။
ဒါအပြင် ဩစတြေးလျနိုင်ငံသားများအနေနဲ့ အီရန်ကို မခရီးသွားရန် တိုက်တွန်းထားပါတယ်။ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ဩစတြေးလျ အစိုးရက ဆုံးဖြတ်ထားကြောင်း ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW