ဩဂုတ် ၂၆ – ၂ဝ၂၅
KKO(VOM)
အမျိုးသားစာပေဆုပညာရှင်စာရေး ဆရာချစ်စံဝင်းဟာ ယနေ့ နံနက် အစောကြီးပိုင်းအချိန်မှာကွယ်လွန်သွားပြီလို့ သိရပါတယ်။
ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းဟာ ပျူခေတ်တွေ့ရှိချက်တွေနဲ့ ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်း စာပေရေးသားရာမှာအလွန်ကျော် ကြားခဲ့တဲ့စာပေပညာရှင်တယောက် ဖြစ်ပါတယ်။
စာပေလောကအသိုင်းအဝိုင်းက တော့ စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုအပေါ်မှာနှမြောတသဝမ်းနည်းစကားဆိုထားကြပါတယ်။ ဆရာကြီးကောင်းရာသုဂတိလားစေဖို့လည်းဆုတောင်းမေတ္တာပို့သထားကြပါတယ်။
“ဦးချစ်စံ(စာရေးဆရာချစ်စံဝင်း) အသက် – ၈၆ နှစ်၊ ည ၁၂း၃၀ ကကွယ်လွန်သွားပါတယ်။ကောင်းရာသုဂတိရောက်ပါစေ”လို့ ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းနဲ့ နီးစပ်သူတယောက်က သူရဲ့လူမှုကွန်ရက်ပေါ်မှာ မျှဝေထားပါတယ်။
ဒါအပြင်စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်တယောက်ကလည်း “ဆရာ့စာပေတွေများစွာကိုဖတ်ရှုခဲ့ရပါတယ်။အခုလိုဆရာကွယ်လွန်သွားတာကိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဝမ်းနည်းစကားဆိုထားပါတယ်။
စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုကိုဆရာရဲ့ညီဖြစ်သူ ဦးအေးလွင်ကလည်း အတည်ပြုပြောကြားထားတယ်လို့ စာပေလောကသားတွေက ပြောပါတယ်။
“အခုလိုကြားသိရတာများစွာစိတ်မကောင်းဖြစ်ရပါတယ်။ဆရာနဲ့က သားအဖတွေလိုပဲနေလာကြတာလေ ၊ဆရာချစ်နဲ့ကတအားရင်းနှီးပါတယ်။စာပေနဲ့ပတ်သက်လို့အမှတ်
အမှတ်တရတွေလည်းအများကြီးရှိပါတယ်။အခုဆုံးသွားပြီလို့သိရတော့အလွန်နှမြောတသဖြစ်ရပါတယ်။ဆရာကတကယ့်တော်တဲ့ စာပေလောကအတွက်အဖိုးဖြတ်မရတဲ့မြန်မာစာပေပညာရှင်တယောက်ပါ”လို့ ကွယ်လွန်သူ ဆရာချစ်စံဝင်းရဲ့အသိမိတ်ဆွေ တယောက်က VOM ကိုပြောပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာချစ်စံဝင်းဟာ မြန်မာစာပေပေါင်း (၂၀၀၀)ကျော်နဲ့ ဝတ္ထုတို(၂၀) ကျော်ရေးသားခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ ‘ဤခရီးနီးသလား’ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့ပြီး အဲဒီနောက် ၁၉၉၀ ပြည့်နှစ်မှာ ‘ဆန်ဖွပ်သည့်အဖိုးအို’ စာအုပ်ဖြင့် အမျိုးသားစာပေဆု ဒုတိယအကြိမ် ရရှိခဲ့ပါတယ်။
စာပေရေးရာတာဝန်တွေအနေဖြင့် ပန်းမျိုးတစ်ရာမဂ္ဂဇင်း၊ လူငယ်အားမာန်မဂ္ဂဇင်း၊ ပုလဲမြို့ပြ မြေယာမဂ္ဂဇင်း၊ ကြာပန်းရေစဉ်မဂ္ဂဇင်းတို့မှာ အကျိုးဆောင်စာတည်း၊ ဂုဏ် ထူးဆောင်အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ အတိုင်ပင်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒါအပြင် ပြည်ပမှ ချီးမြင့်တဲ့ International Trophy for Quality ၁၉၉၈ Trade leader’s (Lub (Ma KRID SPAIN နဲ့ Golden Amesica Award for Quality (New York USA ) ၁၉၉၉ တို့ကို ရရှိခဲ့သေးတယ်လို့ သိရှိရပါတယ်။
Photo – CJ
