ဩဂုတ် ၂၆၊ ၂၀၂၅ Shy V (VOM) တောင်ကြီးက အမျိုးသား တယောက် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးခံရကြောင်း ဒေသခံတွေနဲ့ စစ်တပ်ထောက်ခံ အင်အားစုတွေရဲ့ မီဒီယာတွေကနေ သိရပါတယ်။ ” လားရှိူးမှာ ကားလုခံရတာက ရပ်ကွက် ၅ မှာ ဟုတ်တယ်။ အဲလိုဖြစ်တော့ လုံခြုံရေးကင်းမဲ့ဇုန်ဖြစ်ေကြာင်းဝေဖန်တာ။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား ဆိုပြီးတော့လိုင်းပေါ် တင်ထားတာကို ရွေးကောက်ပွဲနှောင့်ယှက်မှု ဥပဒေဖမ်းပြီး အမှုဖွင့် ခံရတယ် လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လားရှိုး ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက် အိမ်ရှေ့…
Read MoreMonth: August 2025
အမျိုးသားစာပေဆုပညာရှင် စာရေးဆရာချစ်စံဝင်း ကွယ်လွန်
ဩဂုတ် ၂၆ – ၂ဝ၂၅ KKO(VOM) အမျိုးသားစာပေဆုပညာရှင်စာရေး ဆရာချစ်စံဝင်းဟာ ယနေ့ နံနက် အစောကြီးပိုင်းအချိန်မှာကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းဟာ ပျူခေတ်တွေ့ရှိချက်တွေနဲ့ ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်း စာပေရေးသားရာမှာအလွန်ကျော် ကြားခဲ့တဲ့စာပေပညာရှင်တယောက် ဖြစ်ပါတယ်။ စာပေလောကအသိုင်းအဝိုင်းက တော့ စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုအပေါ်မှာနှမြောတသဝမ်းနည်းစကားဆိုထားကြပါတယ်။ ဆရာကြီးကောင်းရာသုဂတိလားစေဖို့လည်းဆုတောင်းမေတ္တာပို့သထားကြပါတယ်။ “ဦးချစ်စံ(စာရေးဆရာချစ်စံဝင်း) အသက် – ၈၆ နှစ်၊ ည ၁၂း၃၀ ကကွယ်လွန်သွားပါတယ်။ကောင်းရာသုဂတိရောက်ပါစေ”လို့ ကွယ်လွန်သူစာရေးဆရာချစ်စံဝင်းနဲ့ နီးစပ်သူတယောက်က သူရဲ့လူမှုကွန်ရက်ပေါ်မှာ မျှဝေထားပါတယ်။ ဒါအပြင်စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်တယောက်ကလည်း “ဆရာ့စာပေတွေများစွာကိုဖတ်ရှုခဲ့ရပါတယ်။အခုလိုဆရာကွယ်လွန်သွားတာကိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဝမ်းနည်းစကားဆိုထားပါတယ်။ စာရေးဆရာချစ်စံဝင်းကွယ်လွန်သွားမှုကိုဆရာရဲ့ညီဖြစ်သူ ဦးအေးလွင်ကလည်း အတည်ပြုပြောကြားထားတယ်လို့ စာပေလောကသားတွေက ပြောပါတယ်။ “အခုလိုကြားသိရတာများစွာစိတ်မကောင်းဖြစ်ရပါတယ်။ဆရာနဲ့က သားအဖတွေလိုပဲနေလာကြတာလေ ၊ဆရာချစ်နဲ့ကတအားရင်းနှီးပါတယ်။စာပေနဲ့ပတ်သက်လို့အမှတ် အမှတ်တရတွေလည်းအများကြီးရှိပါတယ်။အခုဆုံးသွားပြီလို့သိရတော့အလွန်နှမြောတသဖြစ်ရပါတယ်။ဆရာကတကယ့်တော်တဲ့ စာပေလောကအတွက်အဖိုးဖြတ်မရတဲ့မြန်မာစာပေပညာရှင်တယောက်ပါ”လို့ ကွယ်လွန်သူ ဆရာချစ်စံဝင်းရဲ့အသိမိတ်ဆွေ တယောက်က VOM ကိုပြောပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာချစ်စံဝင်းဟာ မြန်မာစာပေပေါင်း (၂၀၀၀)ကျော်နဲ့ ဝတ္ထုတို(၂၀) ကျော်ရေးသားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ‘ဤခရီးနီးသလား’…
Read Moreလေယာဉ်သစ် ၁၀၃ စင်းဝယ်ယူမယ့် သဘောတူညီချက် ဘိုးအင်းနဲ့ကိုရီးယားလေကြောင်းလိုင်း ကြေညာ
ဝါရှင်တန်၊ ဩဂုတ်-၂၆-၂၀၂၅ ရတီ(VOM) အမေရိကန်လေကြောင်းထိပ်သီးကုမ္ပဏီကြီး ဘိုးရင်းနဲ့ ကိုရီးယားလေကြောင်းတို့ဟာ လေယာဉ်အသစ် ၁၀၃ စင်းအတွက် ဒေါ်လာ ၃၆ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုန်သွယ်ဖက်နိုင်ငံတွေကို အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေတိုးမြှင့်လုပ်ကိုင်ကြဖို့ တွန်းအားပေးချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး တောင်ကိုရီးယားသမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာပါ။ ကုမ္ပဏီနှစ်ခုထုတ်ပြန်တ့ ပူးတွဲကြေညာချက်အရ အမှာစာမှာ ဘိုးရင်း ၇၈၇၊ ၇၇၇ နဲ့ ၇၃၇ ခရီးသည်တင် လေယာဉ်တွေပါဝင်ပါတယ်လို့ ကြေညာချက်မှာ ဆိုပါတယ်။ ကိုရီးယားလေကြောင်း၏ အကြီးအကဲ ဝေါ်လ်တာချိုးက လေယာဉ်အသစ်တွေဟာ အရေးပါသောအချိန်မှာ ရောက်ရှိလာမှာဖြစ်ပြီး တောင်ကိုရီးယား အမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်အင်အားကို ခေတ်မီတိုးတက်စေကာ အေရှားနားလေကြောင်းနဲ့ ပေါင်းစည်းပြီးနောက် ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံ အစိုးရကိုယ်စားလှယ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ တွေ့ဆုံစဉ်ကာလအတွင်း သဘောတူညီချက်ကို…
Read Moreဂျူးတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားတယ်ဆိုကာ အီရန်သံအမတ်ကြီးကို ဩစတြေးလျ နှင်ထုတ်
ဆစ်ဒနီ၊ ဩဂုတ်-၂၆-၂၀၂၅ မျိုးဆက်(VOM) ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေရှိ ဂျူးလူမျိုးတွေကို တိုက်ခိုက်မှုအတွက် အီရန်အစိုးရက ညွှန်ကြားခဲ့တယ်လို့စွပ်စွဲပြီးနောက် ဩစတြေးလျဟာ အီရန်သံအမတ်ကြီးကို နှင်ထုတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ် က ယခုလို တိုက်ခိုက်မှုတွေဟာ ပြည်ပနိုင်ငံတခုက စီစဉ်ညွှန်ကြားခဲ့တဲ့ ထူးဆန်းပြီး အန္တရာယ်များတဲ့ ရန်လိုမှုတွေ ဖြစ်သည်ဟု ပြောပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ဩစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကလည်း အီရန်နိုင်ငံဟာ ဩစတြေးလျနိုင်ငံရှိ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ နောက်ကွယ်မှာရှိနေကြောင်း ထောက်လှမ်းရေး အချက်အလက်တွေ ရရှိထားတယ်လို့ ပြောပါတယ်။ အီရန် သံအမတ်ကြီး အာမက်ဆာဒီဂီနဲ့ အခြားအီရန်အရာရှိသုံးယောက်ကို ခုနှစ်ရက်အတွင်း နှင့် အခြား အီရန်အရာရှိ ဩစတြေးလျနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးလိုက်ပါတယ်။ အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ အီရန်ဘက်က သူတို့ ပါဝင်ပတ်သက်မှုကို…
Read Moreလျှော့ဈေးနဲ့ ဓာတ်မြေဩဇာတွေ ရောင်းချပေမယ့် တောင်သူတွေ ပြင်ပပေါက်ဈေးနီးပါးပေးပြီး ဝယ်ယူနေရ
ဩဂုတ် ၂၆ – ၂၀၂၅ SS (VOM) လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ဓာတ်မြေဩဇာတွေကို အာဏာပိုင်တွေက ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေပေမယ့် လက်တွေ့မှာတော့ ပြင်ပပေါက်ဈေးနီးပါး ဈေးပေး ဝယ်ယူနေရသလို ခွဲတမ်းရရှိမှုလည်း မလုံလောက်တဲ့အတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ လက်ရှိ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မြန်မာ့ဩဘာတံဆိပ် ဓာတ်မြေဩဇာတွေကို အစိုးရက ကျေးရွာအလိုက် သက်ဆိုင်ရာ ရုံးတွေကတဆင့် ရောင်းချပေးနေတာဖြစ်ပြီး တအိတ်ကို စုစုပေါင်း ကိုးသောင်းရှစ်ထောင်ပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ “အပြင်ပေါက်ဈေးက တသိန်းဝန်းကျင် ရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ သွားဝယ်ရင် မြေဩဇာ တအိတ်ကို ကိုးသောင်းငါးထောင်ကျပ် ပေးရတယ်။ မှတ်ပုံတင် ယူသွားရတယ်။ စာရင်း ရေးခ၊ မှတ်ခဆိုပြီး ကျပ် ၃၀၀၀ ထပ်တောင်းတယ်။ အဲဒီတော့ မြေဩဇာ တအိတ်ဝယ်ရင် စုစုပေါင်း…
Read Moreမြ၀တီ ချစ်ကြည်ရေးတံတား-၂ မှာ စစ်တပ်အင်အားတိုးမြှင့်ပြီးနောက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေ
ဩဂုတ် ၂၆ ၊၂၀၂၅ GG (VOM) ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မြန်မာအစိုးရဘက်က ကုန်သွယ်ခွင့်ပိတ်လိုက်ပြီးနောက်မှာ တံတားကို စစ်တပ်က လုံခြုံရေးအင်းအားတိုးမြှင့်ချထားမှုရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ခုလို လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို မြို့ခံအချို့က စိုးရိမ်မှုရှိနေတယ်လို့သိရပါတယ်။ ” တံတားမှာက အရင်ထဲကလုံခြုံရေးချထားတဲ့ ရဲနဲ့စစ်တပ်ကရှိတယ်။အခုကတော့ စစ်သားအင်အားတော့ များလာတဲ့အခြေအနေရှိတယ်။အရင်နှစ် ပထမ တခါတုန်းကလည်း အဲဒီလိုတပ်စွဲပြီး တိုက်ပွဲဖြစ်တာပဲဆိုတော့ စိုးရိမ်ကြတာပေါ့။ခုထိတော့အခြေအနေက ထူးခြားတာမရှိပါဘူး။စစ်တပ်ကလည်းအပြင်ထွက်တာမရှိဘူး။အဲဒီမှာပဲ နေနေကြတာတွေ့ရတယ်။” လို့ မြို့ခံကပြောပါတယ်။ လက်ရှိမှာ ချစ်ကြည်ရေးတံတား အမှတ်၂ မှာ စစ်တပ်က လုံခြုံရေးအင်အားရာနဲ့ချီ တိုးမြှင့်ချထားမှုရှိကြောင်း ၊ မြို့ခံတွေကတော့ ထင်ကြေးအမျိုးမျိုးပေးပြီး ပြောဆိုမှုရှိနေ ပါတယ်။ ” လုံခြုံရေးအဖွဲ့ကအရင်ထဲကရှိတယ်။အင်အားတော့အတိမကျမသိပေမယ့်များပါတယ်။အခုတံတားပိတ်ထားတော့ သူတို့ဘာသာ ခြံစည်းရုံးရှင်း သန့်ရှင်းရေးလုပ်ကြတာကို ပုံတွေရိုက်ပြီး တင်ကြတာမျိုးပါ။ မြေပြင်အခြေအနေက ဘာမှထူးခြားမှုမရှိပါဘူး။ကျွန်တော်တို့ကပုံမှန်လို့ပဲမြင်တယ်။…
Read Moreနောင်ပိန်လမ်းခွဲ အပါအဝင် အနီးနားကရွာတွေမှာ နလအတပ်နဲ့ TNLA စစ်ကြောင်းဆိုင်
ဩဂုတ် ၂၅၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ် ထဲက နောင်ပိန်လမ်းခွဲ အပါအဝင် အနီးနားရွာ တွေမှာ လက်ရှိအထိ စစ်ကြောင်းဆိုင်ထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ပိန်လမ်းခွဲ၊ ပင်တီး၊ ဇီးပင်စခန်း၊ ပင်တိန် မရသေးပါဘူး။ အဲမှာ စစ်ကြောင်းတွေဆိုင်ထားတာပဲ ရှိသေးတယ်။ အခုကတော့ သူတို့ကတော့ ဖောက်တော့ ဖောက်ထွက်နေတာပဲ သူတို့။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လုံကြိမခရွာမှာ လက်နက်ကြီးကျတယ်လို့ သိရပြီး လူနှစ်ယောက် သေဆုံးကာ အယောက် ၅၀ လောက် ပိတ်မိနေတယ် သိရတယ်လို့ သူက ပြောပါတယ်။ “အဲမှာ နှစ်ယောက် သေသွားတယ်။ အယောက် ၅၀ လောက် ပိတ်မိတယ် ဆိုပြီးတော့ အကူအညီ လာတောင်းတယ်။ ပေးမှ မဝင်ပဲ။ ဘယ်အဖွဲ့ကမှ ပေး…
Read Moreအမေရိကန် အခွန်ကြောင့်ဆိုကာ ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတရုံ အပြီးပိတ်သိမ်း
ဩဂုတ် ၂၅ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်အတွင်းမှာရှိတဲ့တ ရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ကျောပိုး အိတ်ချုပ်တဲ့ အထည်ချုပ် စက်ရုံတရုံဟာ လုပ်ငန်းတွေကိုရပ်ဆိုင်းပြီးအပြီးပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ အဲဒီစက်ရုံမှာအလုပ်လုပ် ကိုင်နေကြတဲ့အလုပ်သမားဝန်ထမ်းတွေရဲ့ပြောပြမှုအရ သိရပါတယ်။ အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားလုပ် ငန်းရှင်ပိုင်ဆိုင်တဲ့တွင်ကယ်စ်မြန်မာကုမ္ပဏီလိမီတက်(Twinkle Myanmar)စက်ရုံဖြစ်တယ်လို့ ကနဦးအနေနဲ့ သိရှိရပြီးကျောပိုး အိတ်တွေကိုအဓိကထားချုပ်လုပ်တဲ့စက်ရုံတခုဖြစ်တယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ဒီလိုစက်ရုံလုပ်ငန်းတွေကိုရပ်ဆိုင်းပြီးပိတ်သိမ်းလိုက်တာဟာ အမေရိကန်ရဲ့ အခွန်ကိစ္စကြောင့်ဖြစ်တယ်လို့လည်းအဲဒီစက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမားဝန်ထမ်းတွေကပြောပြထားကြပါတယ်။ “အခွန် ၄၅ ရာခိုင်နှုန်းမပေးနိုင်တော့လို့ဆိုပြီးပြောတယ်။စက်ရုံမှာရှိတဲ့အလုပ်သမားတွေအားလုံးကိုတော့နစ်နာကြေးတွေလျော်ကြေးတွေ စက်ရုံဘက်ကပေးပါတယ်။သူဌေးကသဘောကောင်းပါတယ်။လစာလည်းအပြည့်အဝပေးတယ်။ကျော ပိုးအိတ်တွေလည်းလက်ဆောင်ပေးတယ်”လို့ အဲဒီစက်ရုံကမြန်မာအလုပ်သမားဝန်ထမ်းတယောက်က ပြောပြထားပါတယ်။ အခုလိုစက်ရုံကိုပိတ်သိမ်းလိုက်တဲ့အပေါ်မှာဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့လည်း စက်ရုံလုပ် သားတွေကဝမ်းနည်းစကားဆိုထားတာကိုတွေ့ရပါတယ်။ ဒါအပြင်အခုဩဂုတ်လ ၁ ရက်နေ့ကစလို့ မြန်မာအပါအ၀င်နိုင်ငံအများစုကိုအမေရိကန်အစိုးရကအခွန်တိုးမြှင့်ကောက်ခံမယ်ဆိုပြီးသတင်းတွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအမေရိကန်နိုင်ငံကအခွန်တိုးကောက်တဲ့ကိစ္စရပ်ဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအချို့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပြီး မြန်မာကိုမှီခိုနေတဲ့ တရုတ်လုပ်ငန်းရှင်အချို့ကတော့ စီးပွားရေးပိုင်းဆိုင်ရာမှာထိခိုက်မှုတွေရှိလာနိုင်မယ်လို့ လေ့လာသူတွေကသုံးသပ်ထားကြပါတယ်။ မြန်မာနိုင်ငံအစိုးရဘက်ကတော့အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အရင်ကတည်းကချမှတ်ထားခဲ့တဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျော့ရုပ်သိမ်းပေးဖို့အထူးမေ တ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ “တချို့စက်ရုံတွေလည်းပိတ်မယ်လို့အသံတွေကြားနေရတယ်။ပိုပြီးခံ စားရတာကအခုစက်ရုံပိတ်သွားတော့နယ်ဘက်ကလူတွေအကုန်အ လုပ်လက်မဲ့ဖြစ်ကုန်ကြတယ်”လို့အထည်ချုပ်လုပ်သမတယောက်က သူရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ ဒါအပြင် အမေရိကန်နိုင်ငံကမြန်မာ…
Read Moreဖားကန့်မြို့ထဲ နလအ တပ်ဖွဲ့တွေ တပ်ဖြန့်နေရာယူ၊ လုံးခင်းကျောက်ဝိုင်းအနီး လက်နက်ကြီးကျ
ဩဂုတ် ၂၅၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့ထဲ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက နလအ တပ်ဖွဲ့ ဝင်ရောက်လာပြီး တပ်ဖြန့်နေရာယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မှော်ဆီစာ ကနေ နလအ စစ်ကြောင်းတွေ ဝင်လာချိန် မြို့ဝင်ပန်းတင်တံတားမှာ အမျိုးသမီး တယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ “”ကနဦး သိရတာနော်။ ခုက အမျိုးသမီးပဲလည်း ပြောနေတယ်။ တိုက်ပွဲ ဖော်ဆောင်တဲ့ ပုံစံတော့ မဟုတ်ဘူး။ နေရာဖြန့်ယူနေတာဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။ ကာမိုင်းနဲ့ ဖားကန့် လမ်း ပေါ်လည်း သူတို့ နေရာ ယူကုန်ပြီဆိုတာလည်း သေချာတယ်လို့ သူက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ အမျိုးသမီးက စစ်ကြောင်းကို ပြန်လှည့်အကြည့် ပစ်ခတ်ခံရတာဖြစ်ပြီး…
Read Moreဗီယက်နမ်မှာ မုန်တိုင်းကြောင့် လူခြောက်သိန်းနီးပါး ဘေးလွတ်ရာ ရွေ့ပြောင်း
ဟနွိုင်း၊ ဩဂုတ်-၂၅-၂၀၂၅ ရတီ(VOM) ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ကဂျိကိကြောင့် လူ ခြောက်သိန်းနီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။ မုန်တိုင်းရဲ့ လက်ရှိလေတိုက်နှုန်းမှာ တနာရီ ၁၆၆ ကီလိုမီတာ ရှိပြီး တနင်္လာနေ့ အရုဏ်တက်ချိန်မှာ ကုန်းတွင်းပိုင်းဝင်ရောက်ချိန်မှာ ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဗီယက်နမ်အလယ်ပိုင်း Thanh Hoa ၊ Quang Tri ၊ Hue နဲ့ Da Nang ဒေသတွေမှ နေထိုင်သူတွေကို နေအနိမ်တွေကနေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားထားပြီး လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းထားကာ ပင်လယ်ပြင်က သင်္ဘောနဲ့ စက်လှေတွေ ကမ်းကပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်ဒဟာ တရုတ်နိုင်ငံဟိုင်နန်ကို ဖြတ်ကျော်ချိန်မှာ မိုးရေချိန် ၃၂၀မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း တရုတ်မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားပါတယ်။မုန်တိုင်းဟာ ဗီယက်နမ်ကုန်းတွင်းပိုင်းကို ရွေ့လျားဝင်ရောက်လာချိန်မှာ အားပျော့သွားဖွယ်ရှိပေမယ့်…
Read More