ဂျကာတာ၊ ဩဂုတ်-၂၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ဟာ ဩဂုတ်လ ၂၅ ရက်နေ့မှာ တပတ်ကျော်ကြာမြင့်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မဟာမိတ် ၁၁ နိုင်ငံနဲ့အတူ စတင်နေပါတယ်။ ဒီလေ့ကျင့်မှုဟာ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးကို သေချာစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ “Super Garuda Shield” စစ်ရေးလေ့ကျင့်မှုတွေကို အင်ဒိုနီးရှားမြို့တော် ဂျကာတာနဲ့ အနောက်ပိုင်းဆူမားတြားကျွန်း၊ ရီယာကျွန်းစုရှိ နေရာများစွာမှာ စက်တင်ဘာလ ၄ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှား တပ်ဖွဲ့ဝင် ၄၁၀၀ ကျော်နဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၃၀၀ ခန့်အပြင် ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ပြင်သစ်၊ နယူးဇီလန်၊ ဗြိတိန်နဲ့ အခြားမဟာမိတ်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်နဲ့ ဩစတြေးလျတို့လို မဟာမိတ်နိုင်ငံအချို့ဟာ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ တိုးပွားလာတဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်မှုတွေ တိုးပွားလာကြောင်း…
Read MoreMonth: August 2025
ပြည်တွင်းအခွန်များ ဦးစီးဌာန အမည်နဲ့ တံဆိပ် အသုံးပြုပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ မြင့်တက်နေ
ဩဂုတ် ၂၅ – ၂၀၂၅ SS (VOM) ပြည်တွင်းအခွန်များ ဦးစီးဌာန အမည်နဲ့ တံဆိပ် (Logo) ကို အသုံးပြုပြီး အွန်လိုင်းမှတဆင့် ငွေကြေး လိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူတွေက ပြောပါတယ်။ အဆိုပါ လိမ်လည်မှုဟာ အခွန်ရုံး ဝန်ထမ်းပုံစံနဲ့ Viber ကတဆင့် ဆက်သွယ်၊ စာပေးပို့ လိမ်လည်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူ တယောက်က “ကျွန်တော့်ဆီ ပြည်တွင်းအခွန် ဦးစီးဌာန လိုဂိုနဲ့ Viber က စာပို့လာတယ်။ နေပြည်တော်က ဆိုလားပဲ။ ကျွန်တော့်ကုမ္ပဏီ အချက်အလက်တွေနဲ့ မှန်/ မမှန် စစ်ဆေးဖို့ ဖုန်းလည်း ဆက်လာသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ကျွန်တော်လည်း အခွန်ရှင်းတမ်းတွေ လုပ်ဖို့ ပြင်ဆင်နေတာဆိုတော့ မေးသမျှ ဖြေလိုက်ပါတယ်။…
Read Moreနောင်ချို ရတနာသိင်္ဂီမိုင်းတွင်းနဲ့ မတ္တရာက ဖယောင်းတောင်ရွှေလုပ်ကွက်ကို နလအတပ်တွေ ပြန်လည်ထိန်းချုပ်
ဩဂုတ် ၂၅ ၊ ၂၀၂၅ GG (VOM) နောင်ချိုမြို့နယ်ထဲက TNLA ထိန်းချုပ်ထားတဲ့ ရတနာသိင်္ဂီမိုင်းတွင်းနယ်မြေ နဲ့ မတ္တရာ – ပုသိမ်ကြီးမြို့နယ်အကြားက ဖယောင်းတောင်ရွှေလုပ်ကွက်ကို ဩဂုတ် ၂၄ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။ ” ပြင်ဦးလွင်- မိုးကုတ် လမ်းပေါ်က မိုးကုတ်ကို အဓိက ကာထားတဲ့ရတနာသိင်္ဂီ မိုင်တွင်းခြေကုဒ်စခန်းကိုတပ်က ပြန်သိမ်းလိုက်ပြီ။ဒီတော့ရှေ့မှာကြီးကြီးမားမား ဆိုလို့မိုင်းလုံ တခုပဲ ကျန်တယ်။ ” လို့ လုံခြုံရေးတပ်ဖွဲနဲ့ နီးစပ်သူကပြောပါတယ်။ ရတနာသိင်္ဂီမိုင်းတွင်းက မိုးကုတ် – ပြင်ဦးလွင် လမ်းပိုင်းမှာ အရေးပါတဲ့နေရာတခုဖြစ်ပြီး စစ်တပ်အနေနဲ့ အချိန်တိုအတွင်းမှာ TNLA လက်ထဲကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” နောင်ချို-ကျောက်မဲလမ်းပိုင်းမှာ နောင်ပိန်ဒေသဟာ အရေးအပါဆုံးနေရာဖြစ်သလို မိုးကုတ်-ပြင်ဦးလွင်လမ်းပိုင်းမှာ ရတနာသိဂီမိုင်းတွင်းဟာ အရေးပါဆုံးနေရာဖြစ်နေပါတယ်။လေးရက် ရက်အတွင်းမှာ မတူညီတဲ့ လမ်းပိုင်းနှစ်ခုက စစ်ဗျူဟာအရေးကြီးဒေသတွေကို သိမ်းလိုက်တဲ့တပ်မတော်ဟာ အားလုံးကိုမျက်လှည့်ပြနေပါပြီ။”…
Read Moreကျောက်မဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကိုရင်သုံးပါး ဒဏ်ရာရ
ဩဂုတ်၂၅၊ ၂၀၂၅ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ နယ်အတွင်းက ပိန္နဲကုန်းရပ်ကွက်ကို ဒီနေ့ မနက်ပိုင်း ၁၁ နာရီအချိန်မှာ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကိုရင်သုံးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပိန္နဲကုန်းရပ်ကွက်ထဲမှာ ဝါဆိုကျောင်းဆိုတာရှိတယ်။ အဲဒီနားမှာကျတာ။ ကိုရင်တွေ ဒဏ်ရာရသွားတယ်။ သုံးပါးပေါ့ ထိတာ” လို့ ကျောက်မဲဒေသခံတယောက် ကပြောပါ တယ်။ လေကြောင်းကနေ ဗုံးကြဲခံရလို့ နေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့က ကျောက်မဲမြို့နယ် ကွန်စလန်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ လို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၂၄ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ် လုံကြိမ်ရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက…
Read Moreယီမင်မြို့တော်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု ခြောက်ယောက်သေပြီး ၈၀ ကျော်ဒဏ်ရာရ
ဆာနား၊ ဩဂုတ်-၂၅-၂၀၂၅ ရတီ(VOM) အစ္စရေးစစ်တပ်ဟာ ယီမင်နိုင်ငံ မြို့တော် ဆာနားကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူခြောက်ယောက်သေပြီး ၈၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ယီမင်အခြေစိုက် ဟူသီသူပုန်တွေဟာ အစ္စရေးနိုင်ငံကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဓာတ်အားပေးစက်ရုံတွေ၊ လောင်စာသိုလှောင်ရုံ အပါအဝင် ဟူသီ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါဟာ ဩဂုတ် ၂၃ ရက်မှာ ဟူသီတို့က အစ္စရေးကို ကလက်စတာ ဗုံးတွေနဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ခြင်းဖြစ်ပြီး ဟူသီ စစ်ရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က အဲဒီဗုံးတွေကို ပထမဆုံးအကြိမ် အသုံးပြုတာဖြစ်ပြီး ဗုံးတွေတင်ဆောင်ပစ်ခတ်တဲ့ ဒုံးကျည်ကို မတားဆီးနိုင်မှုအပေါ် အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးနေပါတယ်။ ဒီလက်နက်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်က ပိတ်ပင်တားမြစ်ထားပါတယ်။ ဟူသီပစ်မှတ်တွေ တိုက်ခိုက်မှုကို ၀န်ကြီးချုပ်…
Read Moreကျောက်မဲမြို့ပေါ် လေကြောင်းတိုက်ခိုက်မှု နှစ်လ အတွင်း ရှစ်ကြိမ်ခန့်ရှိလာ
ဩဂုတ်လ ၂၅၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့ ပိန္နဲကုန်းမှာ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ကျော်ခန့်က လေကြောင်း နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်လ အတွင်း မြို့ပေါ်ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ရှစ် ကြိမ်ခန့်ထိရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပိန္နဲကုန်း ဝါဆိုကျောင်းနား ချသွားတယ်။ လူထိ မထိတော့ မသိဘူး။ အဲဒီ ဘက်လမ်း ပိတ်ထားတယ်။ အသိအိမ်တော့ ထိသွားတယ်။ ဘယ်နှစ်အိမ် ထိလဲလည်း အတိအကျ မသိရဘူး။ ထိတဲ့ အိမ်တွေတော့ များမယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ကျော်ခန့်က…
Read Moreတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်၊ နေပြည်တော်ရေကြီးမှု အခြေအနေ ကယ်ဆယ်ရေးအဖွဲ့တွေ စောင့်ကြည့်
ဩဂုတ် ၂၅ – ၂၀၂၅ SN (VOM) မိုးထပ်မံ ရွာသွန်းပါက နေပြည်တော်ရှိ နေရာတချို့မှာ ရေကြီးမှုအခြေအနေ ပိုမို ဆိုးရွားလာနိုင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အသင့် အနေအထားနဲ့ စောင့်ကြည့်နေကြပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ရက်တွေမှာ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” ရဲ့ အရှိန်ကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့ မိုးဆက်ကြီးနိုင်တယ်လို့ သိရပါတယ်။ မနေ့ ဩဂုတ် ၂၄ ရက်၊ ညပိုင်းက သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် ဒီကနေ့ ဩဂုတ် ၂၅ ရက်၊ မနက်ပိုင်းမှာ ဇေယျာသီရိမြို့နယ်ထဲက နေရာတချို့နဲ့ ပင်လောင်းလမ်းဆုံ၊ ရန်ကုန် – မန္တလေး လမ်းဟောင်းဘက်မှာ ကားလမ်းရေကျော်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာတော့…
Read Moreစာရေးဆရာ၏ မြန်မာစာ အချိန်
ဆူးငှက် ၁၉၇၄ခုနှစ်၊ ကျွန်တော် ၁၀တန်းတွင် ၈၃လမ်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအနီး တောင်ဘလူ ဗလီဝင်းထဲတွင် ဖွင့်လှစ်သော စေတနာ အခမဲ့ဘာသာစုံသင်တန်းသို့ စနေတနင်္ဂနွေတွင် တက်ဖြစ်သည်။ ထိုသင်တန်းကို အ.ထ.က ၁၉ ကျောင်းအုပ်ဆရာကြီး ဦးဘိုကြီးက ဦးဆောင်ဖွင့်လှစ်သည်။ မန္တလေး၏ နံမည်ကျော် ကျူရှင်ဆရာများက စေတနာနှင့် လာရောက် သင်ကြားပြသကြသည်။ ထိုဆရာများတွင် မြန်မာစာပြသည့်ဆရာက စာရေးဆရာလည်းဖြစ်သည်။ ထိုစဉ်က မန္တလေးက ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတွင် ကလောင်ထက်သည့် စာရေးဆရာလည်း ဖြစ်ရုံမက အဟောအပြောလည်း ကောင်းလှသည်။ ဆရာက သူ့သင်ခန်းစာတွင် အထူးဦးစားပေးပြောတာက ဆရာတင်မိုး၏ ကဗျာများကို ထုတ်နှုတ် ပမာပြု ပို့ချခြင်း ဖြစ်သည်။ ဆရာတင်မိုး၏ ကဗျာများအနက် ထိုစဉ်က ထွက်တာ မကြာသေးသော ဆရာတင်မိုး၏ “စိမ်းလန်းသော အိပ်မက်” ကဗျာစာအုပ်မှ ဒေါက်တာ ဂျော်နီအမည်ရှိ ကဗျာကို တစ်ပိုဒ်ချင်း…
Read Moreနေ့စဉ်လိုလို လုယက်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတဲ့ မန္တလေး
SM+SA(VOM) မန္တလေးမြို့မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ပြည်သူလူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ သွားလာနေကြရပါတယ်။ ဒီလိုအခြေအနေတွေဟာ မြို့ခံတွေရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသလို၊ တည်ငြိမ်အေးချမ်းမှုနဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေပါတယ်။ အရင်က မန္တလေးမြို့မှာ လုယက်မှုတွေဟာ လူပြတ်တဲ့နေရာတွေ ဒါမှမဟုတ် ညဘက်တွေမှာ အဓိကဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ လုယက်သူတွေဟာ နေ့ခင်းကြောင်တောင်နဲ့ လူစည်ကားတဲ့နေရာတွေမှာပါ အကြောက်အလန့်မရှိ ပေါ်ပေါ်တင်တင် လုယက်လာကြတာကို တွေ့ရပါတယ်။ အချို့ဖြစ်စဉ်တွေမှာဆိုရင် ငွေကြေးနဲ့ ပစ္စည်းတွေ လုယက်ရုံသာမက လူကိုပါ သတ်ဖြတ်တဲ့အထိ ရက်စက်လာကြပါတယ်။ ဒီလိုပြင်းထန်တဲ့ အမှုအခင်းတွေဟာ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေပြီး အထိတ်တလန့်ဖြစ်စေပါတယ်။ အခုဩဂုတ်လ တစ်လအတွင်းမှာ VOMရဲ့လက်လှမ်းမီသလောက် စုံစမ်းမေးမြန်တာတွေလုပ်တဲ့အခါ လုယက်မှု၁၄မှု ဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။ ဩဂုတ် ၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်က မန္တလေးတောင် မြောက်ဘက် ဗန္ဓုလကွေ့မှာ ဆိုင်ကယ်နဲ့လာတဲ့အမျိုးသမီး…
Read Moreလားရှိုးမြို့မှာ အမျိုးသမီးတယောက် ကားလုယက်ခံရ
ဩဂုတ် ၂၃ ရက်၊ ၂၀၂၅ Shy V (VOM) လားရှိုးမြို့ ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေက အမျိုးသမီး တယောက် ကားလုယက် ခံရကြာင်း ဒေသခံတွဆီက သိရပါတယ်။ “မနေ့ညနေက လားရှိုး ရပ်ကွက် ၅ မှာ ကားလာလု သွားတယ်။ ကားေမာင်းတဲ့ မိန်းကလးရဲ့ ခြေထောက်ကိုလည်း သေနတ်နဲ့ ပစ်ထားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကားလာလုသွားတဲ့ နှစ်ယောက်က ပစ္စတို သေနတ်ပါတယ်လို့ သူက ပြောပါတယ်။ “ကားလုသွားတာပါ။ ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်း။ အိမ်နားပဲ။ ညနေစောင်းဖြစ်သွားတာ။ ကောင်မလေး ခြေထောက် ကျည်မှန်သွားတယ်ဗျ။” လို့ မျက်မြင်ဒေသခံ တယောက်ကလည်း ပြောပါတယ်။ လားရှိုးမှာ မကြာခဏ…
Read More