လားရှိုးမြို့မှာ အမျိုးသမီးတယောက် ကားလုယက်ခံရ

ဩဂုတ် ၂၃ ရက်၊ ၂၀၂၅
Shy V (VOM)
လားရှိုးမြို့ ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေက အမျိုးသမီး တယောက် ကားလုယက် ခံရကြာင်း ဒေသခံတွဆီက သိရပါတယ်။
“မနေ့ညနေက လားရှိုး ရပ်ကွက် ၅ မှာ ကားလာလု သွားတယ်။ ကား‌ေမာင်းတဲ့ မိန်းကလးရဲ့ ခြေထောက်ကိုလည်း သေနတ်နဲ့ ပစ်ထားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကားလာလုသွားတဲ့ နှစ်ယောက်က ပစ္စတို သေနတ်ပါတယ်လို့ သူက ပြောပါတယ်။
“ကားလုသွားတာပါ။ ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်း။ အိမ်နားပဲ။ ညနေစောင်းဖြစ်သွားတာ။ ကောင်မလေး ခြေထောက် ကျည်မှန်သွားတယ်ဗျ။” လို့ မျက်မြင်ဒေသခံ တယောက်ကလည်း ပြောပါတယ်။
လားရှိုးမှာ မကြာခဏ လုယက်မှုဖြစ်ပြီး လုယက်မှုက လားရှိုးလောက်ဖြစ်တာ လားရှိုးပဲရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီ မိန်းကလးက ကားကို လမ်းဘေးချရပ်ထားပြီး ကားထဲ ရှိနေချိန် ဆိုင်ကယ်နဲ့ လူနှစ်က ကားရဲ့ အနောက်ဘက်ကနေ လာခဲ့ကာ ကား ရှေ့ ဆိုင်ကယ်ပိတ်ရပ်လိုက်တယ်၊ ဆိုင်ကယ်နာက်က လူက ကား မောင်းတဲ့ မိန်းကလေးကို ဆွဲချပြီး မောင်းသွားတာ CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။
ကားလုသွားလို့ ပြေးလိုက်ပြီး အော်ဟစ် အကူညီ တောင်း နေချိန် အဲဒီ မိန်းကလးရဲ့ ခြေထောက်တဖက်ကို ကားလုသူ တွေ ပစ္စတို နဲ့ ပစ်လိုက်တာလို့ ဒေသခံတွက ပြောပါတယ်။
ဒါ့အပြင် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့မှာပဲ လားရှိုးမြို့ပေါ် တနေရာမှာ အမျိုးသားတယောက် ဆိုင်ကယ် ခိုးယူ သွားတာမှာ ရပ်ကွက်က လူတွေ ဖမ်းဆီး နိုင်ခဲ့တယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုးမြို့ နယ်မြေ ၆ နဲ့ နယ်မြေ ၈ စပ်ကြားမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက် မနက်က လူ နှစ်ယောက်က အမျိုးသမီး တယောက်ကို ဓားထာက် ခြိမ်းခြောက်ပြီး ဆိုင်ကယ်၊ ဖုန်း၊ ဆွဲကြိုး၊လက်စွပ်တွေ လုယက်သွားပါ သေးတယ်။
video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW