အောက်တိုဘာ ၇ ၊ ၂၀၂၆ GG (VOM) ဒီနှစ် ကြံရာသီမှာ ပဲခူးတိုင်းအနောက်ပိုင်း ၊ပေါက်ခေါင်းမြို့နယ်ရှိ အင်းငါးခွသကြားစက်ရုံက ကြံတတန်စျေးကို အရင်နှစ်ကထက် ၃၀၀၀၀ လောက်လျှော့ပြီး ၁၃၉၀၀၀ ဝန်းကျင်နဲ့ စျေးဖွင့်ဖို့ စီစဥ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ ကြံစိုက်ပျိုး ရိတ်သိမ်းတဲ့ကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် တောင်သူတွေက ကြံတတန်ကို နှစ်သိန်းကျပ်မရရင်တောင် မနှစ်ကကြံတတန် စျေး ၁၇၀၀၀၀ ကျပ်လောက်ရဖို့ မျှော်လင့်စိုက်ပျိုးထားတဲ့အပေါ် အခုလို စျေးနှိမ်ပြီး ဖွင့်လာတာကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ် ။ အဲဒီ ကြံတတန်ကို ၁၃၉၀၀၀ ဆိုတဲ့စျေးနူန်းဟာ တောင်သူတွေ အနေနဲ့ သကြားစက်ရုံကို အရောက်ပို့ပေးရတဲ့နူန်းဖြစ်ကြောင်း ၊ ဒီနှစ်မှာ ကြံတတန်ကို စက်ရုံပို့တဲ့ကားခဟာ ၃၀၀၀၀ ကျပ်အထိ ရှိနိုင်တဲ့အတွက် တောင်သူအနေနဲ့ ၁၀၉၀၀၀ ကျပ်သာ ရရှိမှာ ဖြစ်ပါတယ်။ ”…
Read MoreDay: October 8, 2026
ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ ဒရုန်းဗုံးတိုက်ခိုက်ခံရလို့ KNDPC ကုမ္ပဏီ တာဝန်ခံနဲ့ ဈေးသည်တယောက်သေဆုံး
အောက်တိုဘာ ၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် စုပေါင်းရုံးမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းဝေးလုပ်နေချိန် စုပေါင်းရုံးခန်းမအပြင်ဘက်ကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ ဒရုန်းဗုံးကျရောက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ KNDPC ကုမ္ပဏီရဲ့ တာဝန်ခံ ဦးဇော်အောင်နဲ့ ဈေးသည်တယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” အစည်းဝေးလုပ်ချိန်မှာ FVP ဆူဆိုက်ဒရုန်းနှစ်လုံးလာချတယ်။ ပထမတလုံးလာချတော့ ခန်းမရဲ့အပြင်မှာရှိနေတဲ့ KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင်ကွယ်လွန်တယ်။ ဒုတိယတလုံးက စုပေါင်းရုံးရဲ့ ဂုံးအောက်မှာကျတော့ စျေးရောင်းနေတဲ့ အထမ်းသယ် အဲဒီနားမှာပဲသေသွားတယ်” လို့ ဖားကန့်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောပါတယ်။ အဲဒီအစည်းအဝေးဟာ လက်ရှိပျက်စီးနေတဲ့ ဖားကန့်လမ်းကို ပြုပြင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့…
Read Moreအိမ်သုံးဂက်စ်တွေ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာ
အောက်တိုဘာ ၇ – ၂၀၂၆ SS (VOM) လက်ရှိ ဈေးကွက်အတွင်း အိမ်သုံးဂက်စ် (LPG) တွေ ပြတ်လပ်နေပြီး ဈေးနှုန်း မြင့်တက်လာတယ်လို့ ဂက်စ်အရောင်းအဆိုင်တွေနဲ့ သုံးစွဲသူတွေက ပြောပါတယ်။ အိမ်သုံးဂက်စ်အသန့် ၄၈ ကီလိုဂရမ် တအိုးကို လက်ကားဈေး ကျပ် သုံးသိန်း၊ သုံးသိန်းတသောင်းခွဲ ဝန်းကျင်မှာ ရှိနေပြီး အရင်ကထက် ကျပ် ငါးသောင်း၊ ခြောက်သောင်းဝန်းကျင် ဈေးထပ်တက်လာတယ်လို့ အိမ်သုံးဂက်စ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ “အရည်က လိုသလောက်မရဘူး။ ဆိုင်မှာ ပုံမှန် တလကို အလုံး ၁၀၀ လောက် ကုန်တယ်ဆိုရင် အခု ၅၀ ၊ ၆၀ လောက်ပဲရတယ်။ ကုမ္ပဏီတွေမှာကို ပစ္စည်းမရှိတာ။ ကိုယ်စားလှယ်တွေကို ခွဲတမ်းနဲ့ ပေးနေရတာ။ အဲဒါကြောင့် ဈေးကွက်ထဲ ဆိုင်တိုင်းလိုလိုမှာ ဂက်စ်ပြတ်သွားတာ” လို့…
Read Moreသူတို့အိမ် အခန်း (၂၄၁)
ဆူးငှက် လေဘာတီ့ သီချင်းတွေ ရွေးကြတော့ ——————————– လေဘာတီ မမြရင် အနှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗွီစီဒီကို ရိုက်ကြမယ်ဆိုတော့ ဘယ်သီချင်းတွေ သုံးမလဲ ဆိုတာကို စဉ်းစားရသည်။ ကျွန်တော်က ပါဝင်ကူညီကြမည့် မင်းသမီး ၂ယောက်နှင့် ယှဉ်၍ သီချင်းကို ရွေးရသည်။ ထိုစဉ်ကာလ ပန်တျာယမင်းအောင်က အသက်၁၉နှစ်ပဲ ရှိသေးသည်။ ဝါရင့် မင်းသမီးကြီး ပန်တျာဌေးဌေးမြင့် က ၅၀ကျော်ရောပေါ့။ သည်တော့ ဒီမင်းသမီး ၂လက်အတွက် ပန်ထျာယမင်းအောင်ကို မမြရင် ငယ်စဉ်က သီဆိုခဲ့သည့် သီချင်းများ သုံးမည်။ ပန်တျာဌေးဌေးမြင့်ကို မမြရင် ကြီးရွယ်ကာလ သီချင်းများသုံးမည်ဟု စီစဉ်လိုက်သည်။ ထို့ပြင် အများကြားဖူးသည့် သီချင်းများလည်း ဖြစ်ရမည်။ ထို့ကြောင့် ပန်တျာယမင်းအောင်က ရှေ့ထွက်ပမာမို့ မန္တလေး…
Read More