ဩဂုတ် ၂၄၊ ၂၀၂၅ Shy V (VOM) CCDAC Myanmar ရဲ့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ သတင်း ထုတ်ပြန်ချက်မှာပါတဲ့ စိုင်းစု ဆိုတဲ့ အရေးအသားအပေါ် SSPP/SSA မှ ပယ်ချကြောင်းထုတ်ပြန်ထားပါတယ်။ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်တို့မှာ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်မည့် ငွေကျပ် ၂၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားနဲ့ အတူ တရားခံ ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ကသတင်း ထုတ်ပြန်ထားသလို MOI ကလည်း ဩဂုတ်လ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ကျေးသီးမြို့နယ်က စိုင်းစုဆိုသူကို အဓိကစီမံခန့်ခွဲသူအဖြစ် ဖော်ပြထားပြီး SSPP/SSA အဖွဲ့ဝင်ဖြစ်တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဩဂုတ် ၅ ရက်ကနေ ၁၅ ရက်အတွင်း မြို့နယ်ငါးခုမှာ…
Read MoreMonth: August 2025
ဖမ်းဆီးခံလိုက်ရတဲ့ သီရိလင်္ကာသမ္မတဟောင်း အရေးပေါ်ဆေးရုံတင်ထားရ
ကိုလံဘို၊ ဩဂုတ်-၂၄-၂၀၂၅ ရတီ(VOM) နိုင်ငံပိုင်ငွေတွေကို ကိုပိုင်ခရီးစဉ်မှာ သုံးစွဲခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာနီလ် ဝိကရီမီဆင်းဟာ ဩဂုတ် ၂၃ ရက် ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တနေ့မှာပဲ ဆေးရုံ အထူးကြပ်မတ်ကုသရေးဌာနသို့ အရေးပေါ်ပို့ဆောင်ကုသမှုခံယူခဲ့ရပါတယ်။ သောကြာနေ့ညပိုင်းမှာ အကျဉ်းထောင်ထဲခေတ္တထားရှိခံခဲ့ရသူ ဝိကရီမီဆင်းမှာ ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်မှုကြောင့် အနီးကပ်စောင့်ကြည့်ကုသမှုတွေ လိုအပ်နေတယ်လို့ ကိုလံဘိုပြည်သူဆေးရုံမှ ဒုတိယညွှန်ကြားရေးမှူး ဘယ်လာနာက ပြောပါတယ်။ ဆေးရုံရောက်ချိန် ဝိကရီမီဆင်းမှာ ဆီးချိုရောဂါ နဲ့ သွေးတိုးရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ထောင်အာဏာပိုင်တွေကတော့ ဝိကရီမီဆင်းရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ထောင်အတွင်းရှိဆေးကုသရေးစင်တာမှာ ကုသနိုင်ခြင်းမရှိတော့တဲ့အတွက် ကိုလံဘို ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၇၆ နှစ်ရှိ ဝိကရီမီဆင်းကို သွားရောက်တွေ့ဆုံခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က သူဟာ…
Read Moreကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၃၀ ကျော် ပျက်စီး
ဩဂုတ် ၂၄ ၊ ၂၀၂၅ GG (VOM) နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။ စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။ ” ဂုတ်ထိပ်တံတားမှာ ဒီကောင်တွေ အရင်ကတည်းက မိုင်းတွေတပ်ဆင်ထားဟန်ရှိတယ်။ ဒါကြောင့်လဲ တပ်မတော်ထိုးစစ် ရှေ့တိုးတာနဲ့ ပြေးပေါက်ရှာ ပြေးချိန်မှီအောင် တံတားကို…
Read Moreမန္တလေး-မြစ်ကြီးနားလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကားသမားနှစ်ယောက်သေဆုံး၊ လမ်းပိုင်းအားလုံးပိတ်လိုက်လို့ ကားတွေနောက်ပြန်လှည့်နေ
ဩဂုတ် ၂၄ ၊ ၂၀၂၅ GG (VOM) မန္တလေး – မြစ်ကြီးနားလမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအကြား ပစ်ခတ်မှုမှာ ကားသမားနှစ်ယောက် သေဆုံးခဲ့ရပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ဩဂုတ် ၂၃ ရက်နေ့က မန္တလေး – မြစ်ကြီးနားလမ်းရှိ ကျီကျင်းရွာနားမှာ ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ တိုက်ပွဲအကြား သေဆုံးကားသမားနှစ်ယောက်ရဲ့ နာရေးကိစ္စကိုတော့ ကားသမားတွေမှကူညီဆောင်ရွက်ပေးနေပြီး ဒဏ်ရာရ အမျိုးသမီးကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ” မနေ့က တိုက်ပွဲ ဖြစ်လို့ ပစ်ကြခတ်ကြတော့ pdf တွေဘက်က လမ်းမှာပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေကြားထဲဝင်ပြေးကြတာမှာ ကုန်ကားမောင်းတဲ့ ကားသမားနှစ်ယောက်သေနတ်မှန်ပြီးသေဆုံးခဲ့တယ်။ အသက်ကြီးပိုင်း အမျိုးသမီးတယောက်က ပေါင်ကိုကျည်ထိတယ်။ သူ့ကိုဆိုင်ကယ်နဲ့ အနီးအနားရှိတဲ့ဆေးခန်းတခုကိုပို့လိုက်ကြရတယ်။ ကျွန်တော်တို့ကားတွေ ပိတ်မိနေတာ အတော်ကြာပြီ။ ကုန်ကားတွေက ဇက်နဲ့လည်းကူးဖို့ခက်တော့ သွားမရဘဲပိတ်မိနေတာ။ တိုက်ပွဲ…
Read Moreပို့ကုန်ရငွေ အမြန်ဆုံး စာရင်းရှင်းလင်းရန် လိုအပ်
ဩဂုတ် ၂၄ – ၂၀၂၅ SN (VOM) ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ သတ်မှတ်ကာလအတွင်း ပြန်လည် ဝင်ရောက်ရမယ့် ပို့ကုန်ရငွေတွေနဲ့ ပတ်သက်လို့ ဘဏ်တွေကို သွားရောက်ပြီး အမြန်ဆုံး စာရင်းရှင်းလင်းဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။ အဆိုပါ ငန်းရှင်တွေအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ အာရှနိုင်ငံတွေဆီ ပို့ကုန်တင်ပို့ပါက ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပ နိုင်ငံတွေကို တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရမှာဖြစ်ပြီး မည်သည့် ပို့ကုန်ကြေညာလွှာ (Export Declaration – ED) အတွက် ပို့ကုန်ရငွေ ဖြစ်ကြောင်းကို ဘဏ်တွေဆီ သွားရောက်ကာ အမြန်ဆုံး စာရင်းရှင်းလင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ပို့ကုန်ရငွေအကုန်လုံးကို ဘဏ်စာရင်းဖွင့်ပေးရမှာ။ ငွေသားနဲ့ချေထားရင်လည်း ဘဏ်စာရင်းပြန်ဖွင့်ပြီး လုပ်ရတာပေါ့။ အရင်ကတည်းက…
Read Moreဝနဲ့ ကိုးကန့်နယ်ကို ချိတ်ဆက်ထားတဲ့ နမ့်တစ်တံတား ကျိုးကျ
ဩဂုတ် ၂၄၊ ၂၀၂၅ Shy V (VOM) ဝ ထိန်းချုပ် နယ်မြေနဲ့ ကိုးကန့် ထိန်းချုပ်နယ်မြေ ကိုဆက်သွယ်ထားတဲ့ နမ့်တစ်တံတား ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကျိုးကျသွားကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ဝ ဒေသက နမ့်တစ်တံတားပါ။ မနေ့ည ၅ နာရီကျော် လောက်က ကျိုးသွားတာ။ ကျနော်တော် အဲဘက် သွားမလို့ အခုက ဟိုပန် ကနေ ပတ်သွားရတော့မယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ ဒီရက်ပိုင်း ဝ ဒေသ သွားမယ် ဆိုရင် ကား အများကြီး တန်းစီ စောင့်ဆိုင်း ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ သူက ပြောပါတယ်။ “ရေကြီးလို့ လို့ ကျိုးတာလား၊ ဘာကြောင့် ကျိုးတာလဲဝောာ့…
Read Moreကသာက စစ်သင်္ဘောရှောင်ဒေသခံတွေ နေရပ်မပြန်နိုင်သေး
သြဂုတ် ၂၄-၂၀၂၅ KBT(VOM) ဧရာဝတီမြစ်အထက်ပိုင်းကိုဆန်တက်သွားတဲ့စစ်သင်္ဘောတွေဟာ မြစ်အောက်ဘက်ကို စုန်ဆင်းလာဖို့ကြန့်ကြာနေတဲ့အတွက် စစ်သင်္ဘောတွေ တက်လာပြီဆိုကတည်းက တိုက်ပွဲဖြသ်မှာသိလို့ ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ နေ့စဉ်အသုံးစရိတ်ကုန်ကျတာ များလာတယ်လို့ စစ်သင်္ဘောဘေးရှောင်နေတဲ့ဒေသခံတွေကပြောပါတယ်။ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဇူလိုင်လ(၁၇)ရက်ကစထွက်လာတဲ့ စစ်အုပ်စုရေယာဉ်ဟာ ကသာမြို့ ဆိပ်ကမ်းကိုဇူလိုင်လ(၂၅)ရက်က ရောက်လာခဲ့ပြီး ဇူလိုင်လ(၂၆)ရက်ကမြစ်အထက်ကို စထွက်သွားပါတယ်။ “စစ်သင်္ဘောတွေစထွက်လာပြီဆိုတဲ့ သတင်းရပြီးကတည်းက မြစ်ကမ်းဘေးကျေးရွာတွေကရှောင်တိမ်းဖို့ပြင်ဆင်ကြရတယ်။ တချို့လည်းမြစ်ကမ်းနဲ့ဝေးရာ တောတောင် အနောက်ဘက်တွေကိုဝေးဝေးရှောင်ကြတယ်။ တစ်ချို့ကတော့ ကသာမြို့ပေါ်မှာရှောင်ကြတယ်။ တောတောင်ဘက်ရှောင်တဲ့သူတွေကတော့ သင်္ဘောဆန်တက်သွားပြီးရင်ရွာပြန်လာနေကြပေမယ့် ကသာမြို့ပေါ်သွားပြီးရှောင်တဲ့သူတွေကတော့ကုန်ကျစရိတ်တွေများတယ်”လို့ စစ်သင်္ဘောဘေးရှောင်ဒေသခံကပြောပါတယ်။ ကသာမြို့ပေါ်ကို စစ်သင်္ဘောဘေးရှောင်ကြသူများကတော့အသက်အရွယ်ကြီးသူတွေ၊ကျန်းမာရေးမကောင်းသူတွေနဲ့ကလေးငယ်ရှိသူတွေဖြစ်တာမို့ ရက်ကြာလာတာနဲ့အမျှကုန်ကျစရိတ်က သိသာလာတာဖြစ်ပါတယ်။ “မိုးတားလေးကနေ ကသာမြို့ကို လာရှောင်နေတာ။ သင်္ဘောက ဗန်းမော်တက်သွားတာ ခုချိန်ထိပြန်မဆင်းလာသေးဘူး။ ဒီနေ့ဆင်းခဲ့မလား၊နောက်နေ့ဆင်းခဲ့မလားနဲ့ မလာခဲ့သေးဘူး။သင်္ဘောရှောင်မယ်ဆိုပြီးငွေဆယ်သိန်းထည့်လာတာ။ ဝယ်ရင်းစားရင်းနဲ့ကုန်ပြီ”လို့ကသာမြို့ပေါ်စစ်သင်္ဘောရှောင်နေသူကဆိုပါတယ်။ ခုဆိုရင် ကသာကနေ မတ္တလေးကိုသွားတဲ့လာတဲ့ လိုင်းကားလည်းမရှိတော့ ကသာမှာ အစစ အရာရာ ကုန်စျေးက ကြီးမြင့်နေပါတယ်။ ဒါတွေအပြင် ဩဂုတ်လ(၁၁)ရက်၊(၁၂)ရက်၊(၁၃)ရက်က စစ်ကိုင်းတိုင်းဝက်လက်မြို့အရှေ့ခြမ်းအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမှာကုန်ကားအချို့ရပ်နားထားခိုက်၊ လေယာဉ်နဲ့ဗုံးကျဲခဲ့တဲ့အတွက်…
Read Moreညောင်ဦး ကျောက်ပြင်ကန်ရွာ လေကြာင်းတိုက်ခိုက်မှုဖြစ်ပွား
ဩဂုတ် ၂၄ ၊ ၂၀၂၅ GG (VOM) ညောင်ဦးမြို့နယ်မှာ မနေ့က ဩဂုတ် ၂၃ ရက်နေ့ တရက်တည်းမှာတင် လေကြာင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိခဲ့တဲ့အပြင် သေနတ်နဲ့ ပစ်သတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ လေကြာင်းတိုက်ခိုက်မှုက မနေ့ကညနေပိုင်း ကျောက်ပြင်ကန်ရွာကို ဗုံးကြဲခံရတာဖြစ်ကြောင်း ၊လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတယောက်အပါ နှစ်ယောက်သေဆုံးပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် အချို့လည်းထိခိုက်ပျက်စီးမှုရှိ ခဲ့တယ်လို့သိရပါတယ်။ “ဟုတ်တယ်။ မနေ့က ကျောက်ပြင်ကန်ဘက်ကို နှစ်ကြိမ်လာကြဲတယ်။တော်သေးတယ် ရွာအစပ်ဘုန်းကြီးကျောင်းနားကိုကြဲလို့ပေါ့ ။ ဒေသခံတယောက်သေတယ်။pdf တယောက်သေတယ်။pdf သင်တန်းဆင်းပွဲရှိတယ်ဆိုတဲ့သတင်းကြောင့်လာကြဲတာလို့သိရတယ်။ ကျွန်တော်တို့ဒေသခံတွေလည်းကျီးလန့်စာစားနေရသလိုပဲ။အသံကြားရင်ပြေးလိုက်။ပြီးရင်အိမ်ပြန်လာလိုက်နဲ့ပဲဖြတ်သန်းနေရတယ်။ဒီနေ့တော့ ဘာသံမှမကြားရဘူး။ငြိမ်နေတယ်။” လို့ ကျောက်ပြင်ကန်ရွာအနီး နေထိုင်သူဒေသခံ ကပြောပါတယ်။ အလားတူ အဲဒီနေ့ ညနေပိုင်းမှာပဲ စဥ့်ကူမြို့၊ စျေးတန်းရပ် နဲ့ မြို့မတောင်ပိုင်းမှာ အမျိုးသားတယောက် နဲ့အမျိုးသမီးတယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အသတ်ခံခဲ့ရတဲ့အမျိုးသမီးက ကျူရှင်ဆရာမ ဒေါ်အိအိခိုင်ဆိုသူဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ပစ်သတ်သွားတာဖြစ်ကြောင်း…
Read Moreလားရှိုးမှာ ကျောက်မဲစစ်ရှောင်တွေ စတင်ရောက်ရှိနေပြီး အစားအသောက် လိုအပ်နေ
ဩဂုတ် ၂၄၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ ကျောက်မဲဘက်က စစ်ရှောင်တွေ စတင်ရောက်ရှိနေပြီး အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုးရှမ်းကျောင်းမှာ ၁၂ ယောက် ရောက်လာတယ်။ လတ်တလောက ဆေးရုံမှာရယ်၊ ရပ်ကွက်ထဲ လဝကရုံး ဟော ထဲမှာရယ်၊ ရှမ်းစာပေ ယာဉ်ကျေးမှုမှာရယ် ခန့်မှန်းခြေ အကုန်လုံးက ၈၀ လောက်ရှိတယ်။” လို့ FYV က တာဝန်ရှိသူ တယောက်က ပြောပါတယ်။ လားရှိုးမြို့ ရှမ်းစာပေနဲ့ ယာဉ်ကျေးမှု ခန်းမှာ စစ်ဘေးရှောင် တွေကို စတင် လက်ခံနေပြီ ဖြစ်ပြီး အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံး တွေ လာရောက်ကူညီနိုင်ပြီလို့ သူက ပြောပါတယ်။ လားရှိုးဘက် စစ်ရှောင်လာမယ့် သူတွေ အနေနဲ့ အဝတ်အထည်တွေ လိုအပ်ရှိ ရှမ်းစာ ပေနဲ့…
Read More“အောင်ဘရားသား” မှ ပန်းနုရောင်အိုသို့
ဆူးငှက် ၁၉၇၅ဝန်းကျင်လောက်က စတင်၍ ကျွန်တော်သည် မုန့်ဖိုးထဲမှ စု၍ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် မုံရွာက အစ်မဖြစ်သူ၏ အိမ်တွင် အချိန်တော်တော်ကြာ နေဖြစ်ခိုက် ဈေးသစ် ဘုန်းကြီးလမ်းရှိ မမခင်ရီတို့ အောင်ရတနာရွှေဆိုင်က အပြန် မြင်းမူလမ်းပေါ် မိုးထိဗိမာန်တိုက်အောက်ထပ်က အောင်ဘရားသား စာအုပ်ဆိုင်သို့ ဝင်ကြည့်ဖြစ်သည်။ စာအုပ်ဆိုင် ကောင်တာတွင် မိုးဝေမဂ္ဂဇင်း အသစ်ကိုတွေ့၍ ယူကြည့်သောအခါ ဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဟူသော အခန်းဆက် ဆောင်းပါးကို တွေ့လိုက်ရတော့ ဝမ်းသာသွား၏။ ကျွန်တော်က ဒဂုန်တာရာကို ကြိုက်သည်။ အစ်မတို့အိမ် ရောက်ပြီး ယောက်ဖ ၏ စာအုပ်စင်ကို မွှေပြီး ဒဂုန်တာရာ၏ စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှု ဟူသော မျက်နှာဖုံးက မိုးပြာရင့်တွင် စာရေးဆရာ၏ ပုံတူ ကောက်ကြောင်းပန်းချီနှင့် စာအုပ်ထူကြီးကို…
Read More