ဝနဲ့ ကိုးကန့်နယ်ကို ချိတ်ဆက်ထားတဲ့ နမ့်တစ်တံတား ကျိုးကျ

ဩဂုတ် ၂၄၊ ၂၀၂၅
Shy V (VOM)
ဝ ထိန်းချုပ် နယ်မြေနဲ့ ကိုးကန့် ထိန်းချုပ်နယ်မြေ ကိုဆက်သွယ်ထားတဲ့ နမ့်တစ်တံတား ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကျိုးကျသွားကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ဝ ဒေသက နမ့်တစ်တံတားပါ။ မနေ့ည ၅ နာရီကျော် လောက်က ကျိုးသွားတာ။ ကျနော်တော် အဲဘက် သွားမလို့ အခုက ဟိုပန် ကနေ ပတ်သွားရတော့မယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ဒီရက်ပိုင်း ဝ ဒေသ သွားမယ် ဆိုရင် ကား အများကြီး တန်းစီ စောင့်ဆိုင်း ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ သူက ပြောပါတယ်။
“ရေကြီးလို့ လို့ ကျိုးတာလား၊ ဘာကြောင့် ကျိုးတာလဲဝောာ့ မသိဘူး။ ရေကတော့ အဲလောက်က ပုံမှန်ပါပဲ” လို့ နောက်ထပ် ယာဉ်မောင်း တယောက်ကလည်း ပြောပါတယ်။
တံတား ဆွေးဟောင်းသွားလို့ ကျိုးကျသွားတာဖြစ်နိုင်ကြောင်း ဝ ဒေသ အခြေစိုက် သတင်းဌာန ဖြစ်တဲ့ ဝ လူငယ့်အသံမှာ ဖော်ပြထားပါတယ်။
အဲ့ဒီ နမ့်တစ်ညီနောင်တံတားဟာ MNDAA ထိန်းချုပ်နယ်မြေရှိ ချင်းရွှေဟော် နဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။
Video Crd# ယာဉ်မောင်း

Related posts

Leave a Comment

VOM News

FREE
VIEW