ပခုက္ကူမှာ အမျိုးသမီးတယောက်ကို ဓားထောက်လုယက်ခဲ့တဲ့ဓားပြ ၅ ယောက်ကို ချက်ချင်းဖမ်းဆီးရမိ

ပခုက္ကူ၊ အောက်တိုဘာ- ၈- ၂၀၂၆
ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းအနီးက အိုအေစစ်လမ်းမှာ မနေ့ အောက်တို ဘာ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အမျိုးသမီးတယောက်ကို ဓားမြှောင်ပြ ခြိမ်းခြောက်ပြီး မော်တော်ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတွေကို လုယူသွားတဲ့ အမျိုးသား ၅ ယောက်ပါ လုယက်အဖွဲ့ကို ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ အချိန်တိုအတွင်း သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦး က ပြောပါတယ်။
ဖြစ်စဉ်မှာ ဓားထောက်လုယက်ခံရသူ ဒေါ်ဟေသူဝင်း ဟာ အိမ်တွင်းမှု အသက် မွေးပညာသင်တန်းကျောင်း အနောက်ဘက် (လေယာဉ်ကွင်းဟောင်းအနီး) အိုအေစစ်လမ်းမပေါ်မှာ သွားလာနေချိန် အမည်မသိ အမျိုးသား ၅ ယောက်က ဓားမြှောင်ပြပြီး ဖုန်း ၁ လုံး၊ ငွေကျပ် ၃ သိန်းနဲ့ မော်တော်ဆိုင်ကယ်တစ်စီးကိုလုယူထွက်ပြေးသွားတယ်လို့ သတင်းပေး တိုင်ကြားခဲ့တာကြောင့်မြို့ဝင်/ထွက်ဂိတ်တွေနဲ့ ပခုက္ကူမြို့ပေါ် ရပ်ကွက်တွေအတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေဆောင်ရွက်ခဲ့တာမှာ ပခုက္ကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာလမ်း (မြို့မရဲစခန်းရဲ့ မြောက်ဘက် ၆ ဖာလုံခန့်အကွာ)မှာ မော်တော်ဆိုင်ကယ် ၂ စီးနဲ့ မသင်္ကာဖွယ် သွားလာနေတဲ့ အမျိုးသား ၅ ယောက်ကို ခေါ်ယူစစ်ဆေးခဲ့ရာ က ကွင်းဆက်တရားခံတွေကို ဖမ်းဆီရမိတယ်လို့ သိရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅ ယောက်ဟာ ကျော်ဇင်ထွန်း (ခ) မာလစ် (၂၁ နှစ်)၊ အမှတ် (၃) ရပ်ကွက်သူရနိုင် (၂၀ နှစ်) – (ဘ) ဦးတင်မောင်ဝင်း၊ အမှတ် (၃) ရပ်ကွက်၊ ကောင်းဖြိုးနိုင် (ခ) ရှဲဒိုး (၂၀ နှစ်)၊ စက်မှုဇုံရပ်ကွက် အောင်မျိုးကို (ခ) UG (၂၃ နှစ်)၊ ကျောက်မီးကျောင်းရပ်၊ ကျွဲတဲအုပ်စု၊ ဝေယံဖြိုး (ခ) ဖက်တီး (၂၀ နှစ်)၊ အမှတ် (၁) ရပ်ကွက်၊ ဗောဓိကုန်းရပ်တို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
လုယက်သူ တရားခံ ၅ ယောက်ကို ပခုက္ကူမြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး မျိုးအောင် ဦးစီးအဖွဲ့က အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး Dayang-125 အဖြူရောင် တစ်စီး Stream ၁၁၀ မော်တော်ဆိုင်ကယ်နဲ့အရိုးအသွား ၇ လက်မ ဓါးတစ်ချောင်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
လုယက်မှုကျူးလွန်သူ အမျိုးသား ၅ ယောက်ကို( ပ )၇၂/၂၀၂၆ ပြစ်မှုပုဒ်မ ၃၉၅ နဲ့ ပခုက္ကူမြို့မရဲစခန်းမှာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
” ပခုက္ကူမြို့က လုံခြံမှုသိပ်မရှိတဲ့အတွက် မြို့ခံငွေကြေးချမ်းသာသူတချို့ဟာ တခြားမြို့ကြီးတွေမှာ ပြောင်းရွှေ့နေကြရပါတယ်” လို့ ပခုက္ကူမြို့ ခံတယောက်က ပြောပါတယ်။

Related posts

✕
VOM News

FREE
VIEW