အခန်း (၂၄၂)

ဆူးငှက်   ဒုတိယ ကမ္ဘာစစ်တဲ့ ———————— ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ချည်း ရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။ ၁၃ဝ၃ ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံတစ်စင်းသည် သတင်းအရ မန္တလေး သို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို…

Read More

မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေ အဝယ်အေးပြီး ဈေးနှုန်းတချို့ ပြန်လည်ကျဆင်းလာ

အောက်တိုဘာ ၈ – ၂၀၂၆ SS (VOM) ပြည်တွင်း ကားစျေးကွက်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေက အရောင်းအဝယ်သွက်ပြီး စျေးနှုန်းမြင့်တက်ခဲ့တဲ့ မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေဟာ လက်ရှိမှာ အဝယ်အေးသွားပြီး စျေးနှုန်းတချို့ ပြန်ကျလာနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ “အခုက အောက်ကား အနည်းအကျဉ်းလောက် အရောင်းအဝယ် ဖြစ်တာကလွဲပြီး ဈေးကွက်အေးသွားတယ်။ ကားအမျိုးအစားအလိုက် အမြင့်ဆုံးဈေးထက် ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိ ပြန်ကျလာတယ်။ သိန်း ၃၀၀၀ အထိ ဈေးခေါ်ခဲ့တဲ့ အာတီဂါဆိုရင်လည်း သိန်း ၅၀၀ ၊ ၆၀၀ အထိကို ဆင်းသွားတယ်” လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ တယောက်က ပြောပါတယ်။ လက်ရှိ စျေးကွက်အတွင်း မော်ဒယ်မြင့် SUV (Sport Utility…

Read More

ရွှေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချရင် အရေးယူမယ်

အောက်တိုဘာ ၈ – ၂၀၂၆ SN (VOM) ရွှေနဲ့ ရွှေပါဝင်တဲ့ ပစ္စည်းတွေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။ ဈေးကွက် တည်ငြိမ်ရေးနဲ့ စားသုံးသူတွေ နစ်နာမှာ မရှိစေရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အွန်လိုင်းကတဆင့် ဈေးရောင်းချခွင့် လိုင်စင်တွေကို သက်တမ်းတိုးမပေးတာလို့ သိရပါတယ်။ “အွန်လိုင်းမှာ ပစ္စည်းတွေ ကြော်ငြာလို့ ရတယ်။ ဒါပေမယ့် live လွှင့်ပြီး ဈေးရောင်းတာမျိုးကို ခွင့်မပြုဘူးလို့ ပြောထားတာပါ။ ဒီထုတ်ပြန်ချက်ကို ပယ်ဖျက်တဲ့ နောက်ထပ် ကြေညာချက် မထွက်မချင်း ဒါက အတည်ပဲလို့ ပြောထားတယ်” လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ…

Read More

ပခုက္ကူမှာ အမျိုးသမီးတယောက်ကို ဓားထောက်လုယက်ခဲ့တဲ့ဓားပြ ၅ ယောက်ကို ချက်ချင်းဖမ်းဆီးရမိ

ပခုက္ကူ၊ အောက်တိုဘာ- ၈- ၂၀၂၆ ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းအနီးက အိုအေစစ်လမ်းမှာ မနေ့ အောက်တို ဘာ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အမျိုးသမီးတယောက်ကို ဓားမြှောင်ပြ ခြိမ်းခြောက်ပြီး မော်တော်ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတွေကို လုယူသွားတဲ့ အမျိုးသား ၅ ယောက်ပါ လုယက်အဖွဲ့ကို ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ အချိန်တိုအတွင်း သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦး က ပြောပါတယ်။ ဖြစ်စဉ်မှာ ဓားထောက်လုယက်ခံရသူ ဒေါ်ဟေသူဝင်း ဟာ အိမ်တွင်းမှု အသက် မွေးပညာသင်တန်းကျောင်း အနောက်ဘက် (လေယာဉ်ကွင်းဟောင်းအနီး) အိုအေစစ်လမ်းမပေါ်မှာ သွားလာနေချိန် အမည်မသိ အမျိုးသား ၅ ယောက်က ဓားမြှောင်ပြပြီး ဖုန်း ၁ လုံး၊ ငွေကျပ် ၃ သိန်းနဲ့…

Read More

ဒီပဲယင်း၊ မြောင်နဲ့ ချောင်းဦးမြို့နယ် အစပ်မှာ လေကြောင်း တိုက်ခိုက်မှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာသူတွေရှိ

အောက်တိုဘာ ၈ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်နဲ့ မြောင်နဲ့ ချောင်းဦးမြို့နယ်ကြားမှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁ နာရီ၊ ၁၈ မိနစ် ဝန်းကျင်က စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “လေးယောက်လုံး နေရာမှာတင် ပွဲချင်းပြီး သေတယ်။ နေအိမ်လည်း ပျက်စီးသွားတယ်။ ဒီဘက်မှာက ဒရုန်းတွေ မကြာခဏ ဝဲနေတာ။ အားလုံး လေကြောင်းအန္တရာယ်နဲ့ ပတ်သက်လို့ အမြဲ နားစွင့်ထားဖို့လိုပါတယ်။ စက်တပ်လေထီးအသံ၊ လေ‌ယာဉ်သံတွေကြားတာနဲ့ ပုန်းခိုကျင်းတွေထဲ ဂရုတစိုက် အမြန်ရှောင်တိမ်းကြစေချင်တယ်” လို့ ဒေသခံတယောက်က…

Read More
✕
VOM News

FREE
VIEW