လားရှိုးမှာ ကျောက်မဲစစ်ရှောင်တွေ စတင်ရောက်ရှိနေပြီး အစားအသောက် လိုအပ်နေ

ဩဂုတ် ၂၄၊ ၂၀၂၅
Shy V (VOM)
လားရှိုးမှာ ကျောက်မဲဘက်က စစ်ရှောင်တွေ ‌စတင်ရောက်ရှိနေပြီး အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုးရှမ်းကျောင်းမှာ ၁၂ ယောက် ရောက်လာတယ်။ လတ်တလောက ဆေးရုံမှာရယ်၊ ရပ်ကွက်ထဲ လဝကရုံး ဟော ထဲမှာရယ်၊ ရှမ်းစာပေ ယာဉ်ကျေးမှုမှာရယ် ခန့်မှန်းခြေ အကုန်လုံးက ၈၀ လောက်ရှိတယ်။” လို့ FYV က တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လားရှိုးမြို့ ရှမ်းစာပေနဲ့ ယာဉ်ကျေးမှု ခန်းမှာ စစ်ဘေးရှောင် တွေကို စတင် လက်ခံနေပြီ ဖြစ်ပြီး အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံး တွေ လာရောက်ကူညီနိုင်ပြီလို့ သူက ပြောပါတယ်။
လားရှိုးဘက် စစ်ရှောင်လာမယ့် သူတွေ အနေနဲ့ အဝတ်အထည်တွေ လိုအပ်ရှိ ရှမ်းစာ‌ ပေနဲ့ ယဉ်ကျေးမှု ခန်းမမှာ လာရောက်ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။
“ဆေးရုံမှာက အလှူရှင်များ‌ေပမယ့် အောက်ဘက် စစ်ရှောင်တွေ ဆီမှာ အစားအသောက် အခက်အခဲ ရှိတယ်” လို့ အကူအညီ ပေးနေသူ တယောက်ကလည်း ပြောပါတယ်။
ဆေးရုံ ကနေ ဆင်းလာတဲ့ လူနာတချို့ရှိနေပြီး ထိခိုက်ဒဏ်ရာကြောင့် လက်တွေ ဖြတ်လိုက်ရသူတွေ ပါနေပြီး လက်ရှိ ဆေးရုံမှာ လူနာနဲ့ လူနာစောင့်တွေ စုစုပေါင်း အယောက် ၅၀ လောက် ရှိနေတယ်လို့ သူက ပြောပါတယ်။
“တကယ်တော့ ကျောက်မဲမြို့နယ် အတွင်းက စစ်ရှောင် တစ်သောင်းကျော်တယ်။” လို့ မြေပြင်မှာ ကူညီနေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
နောင်ပိန် ကျသွားပြီးနောက် ယမန်‌နေ့ ဩဂုတ်လ ၂၃ ရက် ကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်သံတွေငြိမ်‌နေလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ခန့်ကစ ကျောက်မဲမြို့နယ်ဘက် တိုက်ပွဲ ပြင်းထန်လာတာဖြစ်ပါတယ်။
Photo Crd# FYV

Related posts

Leave a Comment

VOM News

FREE
VIEW