တာချီလိတ် ရေကြီးမှု မယ်ဆိုင်ချောင်း ပြုပြင်ထိန်းသိမ်းမှုအပေါ် ဒေသခံတွေ ဝေဖန်

ဩဂုတ် ၂၃ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရဲ့ ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မယ်ဆိုင်ချောင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိ မိုးရာသီကာလအတွင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မယ်ဆိုင်ချောင်းအနီး ရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က) နဲ့ မယ်ခေါင်ရပ်ကွက် အနောက် မြို့ပတ်လမ်းတွေရှိ နေအိမ်တွေနဲ့ လမ်းတွေမှာ ရေဝင်ရောက်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အခုက ရှေ့ကဝင်ထားတဲ့ရေက မကျသေးဘူး။ နောက်ရေကထပ်ဝင်၊ အဲဒီလိုတွေ ဖြစ်နေတာ။ မိုးရွာ၊ ရေကြီးပြီး ရေကျရင် ရွှံ့ဗွက်ကျန်။…

Read More

အေးမြသီတာရေနှင့် ဟုတ်ပေဗျို့

ဆူးငှက် တကယ်တော့ ကျွန်တော်က သီချင်းဆို ပါရမီမပါလှပါ။ ငယ်ရွယ်စဉ်ကာလ ဝါဆိုပန်းကပ်ပွဲတွင် ရပ်ကွက်တီးဝိုင်းလေးက အနောက်ပြင် တောင်သမန်တိုက် သဖန်းကျောင်း၌ တီးမှုတ်ဖျော်ဖြေတော့ ထပ်တရာလန်းသီချင်းက ပင်တိုင်ပါဝင်သည်။ ထိုသီချင်းကို ဦးလေးဖြစ်သူ ကိုကျော်သီဆိုသောအခါ”ငွေစမ်းရောင် မြူးယှက် ကူးနေ ကြည်နူးအေးမြသီတာရေ” ဟု သီဆိုစဉ် ကျနော်တို့ ကလေးတဖော်က ကိုကျော် ကိုင်ထားသည့် မိုက်နား နီးနိုင်သမျှနီးအောင် ကပ်ပြီး “ကြည်နူးအေးမြသီတာရေ” ဟု အလုအယက် စကင်းလိုက်ကြသည်။ ထို စာသားလေး ၅လုံးကို စကင်းလိုက်သည်ကိုပင် ကျနော့အသံက ဘယ်လိုမှ ကီးမကိုက်တော့ ကိုကျော်က မျက်စောင်းထိုးပြီး မေးဖြင့်ငေါ့၍ နောက်ဆုတ် အပြင်ထွက်ခိုင်းသည်။ ဟော.. အဖေအမေနှင့် နွေအခါ ရွာပြန်ကြလို့ အလှူတွေမှာ တောင်ရပ်တီးဝိုင်း အလှူလှည့် တီးမှုတ်တော့ တီးဝိုင်းနောက်တွင် ဝါးလုံးကိုင်ပြီး ဒုတ်တိုနှင့် နှက် စည်းချက်လိုက်ရာတွင်လည်း ကျနော်က ပါလိုက်သေးသည်။…

Read More

မုံရွာ – မန္တလေးလမ်းပိုင်း စိုးရိမ်စိတ်နဲ့ အရဲစွန့်သွားလာနေရ

ဩဂုတ် ၂၃ ၊ ၂၀၂၅ GG (VOM) မုံရွာ -ချောင်းဦး – မန္တလေးကားလမ်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိတဲ့အပြင် ပစ်ခတ်မှုကြောင့် ခရီးသည်တင်ကားအချို့ ပစ်ခတ်ခံရပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိလာတဲ့အတွက် ခရီးသွားပြည်သူတွေမှာ အရဲစွန့်ပြီး စိုးရိမ်စိတ်တွေနဲ့သွားလာနေ​ကြရတယ်လို့သိရပါတယ်။ ဩဂုတ် ၂၂ ရက်နေ့ မနက်ပိုင်းတုန်းက မုံရွာ – ချောင်းဦးလမ်းအကြား ရေပိုးစားလမ်းခွမှာ ခရီးသည်တင်ကား သုံးစီးပစ်ခတ်ခံရပြီး ပစ်ခတ်ခံခဲ့ရတဲ့အထဲက ရွှေမြန်ကားမှ ယာဥ်မောင်းအမျိုးသားသေဆုံးကာ ၊ ယာဥ်နောက်လိုက်မှာ ဒဏ်ရာပြင်းထန်ရရှိပြီး ချောင်းဦးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ ” ရေပိုးစားလမ်းမှာ ပစ်ခတ်ခံရတာ။express ကားလည်းပါတယ်။ကားသုံးစီးထိတာပါ။အဲဒီမှာ နှစ်စီးကသိပ်မထိဘူး။ကျန်တဲ့ရွှေမြန်ကားက ယာဥ်မောင်းကနေရာမှာပဲသေတယ်။ ယာဥ်နောက်လိုက်က ဒဏ်ရာရတယ်။အခြေအနေမကောင်းဘူးလို့တော့သိရတယ်။ အဲဒီနေရာမှာမကြာခဏပစ်ခတ်မှုဖြစ်တယ်။လမ်းကပိတ်လိုက် ဖွင့်လိုက်သွားနေရတာ။ကျွန်တော်တို့မှာ အရဲစွန့်သွားနေရတာ။လမ်းပိုင်းကဘာလုံခြုံရေးမှမရှိတော့ဘူး။စားဝတ်နေရေးကရှိတော့ ဒီလိုပဲ သွားနေရတာပဲ။တိုက်ပွဲဖြစ်တယ်ဆို လမ်းမှာရပ်စောင့်၊ပြီးရင်ဆက်သွား အဲဒီလိုပဲလုပ်နေရတာ။” လို့ ကားသမားတ​ယောက်ကပြောပါတယ်။ သေနတ်တဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားက ဆားလင်းကြီးမြို့နယ်၊ နှင်းတောရွာမှဖြစ်ကြောင်း ကနဦးသိရပါတယ်။ အဆိုပါ ခရီးသည်တင်ကား…

Read More

ရခိုင်နဲ့ မလေးရှားပို့မယ့် ကျပ် ၂၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ကျူးလွန်သူ ၁၃ ယောက်နဲ့အတူ ရန်ကုန်မှာဖမ်းမိ

ဩဂုတ် ၂၃၊ ၂၀၂၅ GG(VOM) ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်မယ့် ကျပ် ၂၅၇ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကို ရန်ကုန်ရှိ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar မှသိရပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်းကို ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကိုတော့ ကွမ်းခြံကုန်းမြို့နယ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ကျူးလွန်သူ ၁၃ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တယောက်က ” သတင်းရလို့ ရှာဖွေစစ်ဆေးတာကများပါတယ်။ဂိတ်တွေမှာကတော့ နေ့တိုင်းစစ်ဆေးမှုကရှိပါတယ်။တရားမဝင်ပစ္စည်းသယ်ယူတာမရှိဖို့လည်းစစ်ရတယ်။မူးယစ်ဆေးနဲ့ပတ်သက်ရင် သတင်းရလို့ ဖမ်းမိတာပိုများပါတယ်။ ” လို့…

Read More

သိန္နီမှာ ကိုးကန့်တပ်ဖွဲ့ အုပ်ချုပ်မှု ပုံမှန်အတိုင်းရှိနေ

ဩဂုတ် ၂၃၊ ၂၀၂၅ နွယ်နီ (VOM) ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (MNDAA) ရဲ့ အုပ်ချုပ်မှုစနစ်တွေ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းမှာ နလအ လက်အောက်ခံ (စစစ) နဲ့ (စရဖ) တပ်ဖွဲ့တွေ သိန္နီမြို့ကို ရောက် နေတယ်လို့ သတင်းတွေ ထွက်နေတာဟာ မမှန်ဘူးလို့လည်း ဒေသခံတွေက ပြောပါ တယ်။ “သတင်းတွေ အမျိုးမျိုး ထွက်နေတာ ဒီမှာတော့ အေးဆေးပါပဲဗျာ။ ဘာမှ မထူးပါဘူး။ ကိုးကန့်အဖွဲ့လည်း ပုံမှန်အတိုင်း အုပ်ချုပ်နေတာပဲ။ ဘာပြောင်းလဲမှုမှ မရှိပါဘူး” လို့ မြို့ခံ တယောက်က ပြောပါတယ်။ နလအ လက်​​အောက်ခံ လုံခြုံ​ရေးတာဝန်ရှိသူတ​ယောက်ကလည်း သိန္နီကို နလအ အဖွဲ့တချို့ ဝင်​ရောက်​နေရာယူတယ်ဆိုတာ မဟုတ်ဘူးလို့ဆိုပါတယ်။ သိန္နီမြို့မှာ တရုတ်ကုန်ထရိုက်တွေ တာဝန်ယူလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး…

Read More

ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီလို့ ကုလထုတ်ပြန် ၊အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် တသိန်းသုံးသောင်းကျော် သေဆုံးနိုင်ကြောင်း သတိပေး

ဂါဇာစီးတီး၊ ဩဂုတ်-၂၃-၂၀၂၅ မျိုးဆက်(VOM) ဂါဇာ‌ကမ်းမြှောင်‌ဒေသမှာ အငတ်ဘေးဆိုက်နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး လာမယ့်နှစ် ဇွန်လအထိ အသက်ငါးနှစ်အောက် ကလေးငယ် တသိန်းသုံးသောင်းကျော် ပြင်းထန်သောအာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဂါဇာမှာ အငတ်ဘေးကို ပထမဆုံးအကြိမ် အတည်ပြုလိုက်တာလို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ဂါဇာမြို့တော်နဲ့ အနီးအနားရှိဒေသတွေဟာ စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အငတ်ဘေးဟာ ဂါဇာရဲ့ အခြားနေရာတွေကိုပါ ပျံ့နှံ့သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ အစ္စရေး စနစ်တကျ ဟန့်တားမှုတွေကြောင့် စားနပ်ရိက္ခာတွေ နယ်စပ်တွေမှာ ပိတ်မိနေပြီး ဒါကို စစ်ရေးလက်နက်တစ်ခုအဖြစ် အစ္စရေးက အသုံးပြုနေတယ်လို့ ကုလသမဂ္ဂအရေးပေါ်အကူအညီ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာက စွပ်စွဲပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂါဇာမှာ အငတ်ဘေးမရှိလို့ ဆိုထားပြီး ဒါဟာ ဟာမတ်စ်အဖွဲ့ရဲ့ မဟုတ်မမှန် အချက်အလက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ မကြာသေးမီသီတင်းပတ်များအတွင်း အဓိကစားသောက်ကုန်များစွာ ဂါဇာကို…

Read More

တရုတ်ဖိအားခံနေရတယ်လို့ “ဝ” တပ်ဖွဲ့ထုတ်ပြော

ဩဂုတ် ၂၃၊ ၂၀၂၅။ NN (VOM) ရှမ်းပြည်အခြေစိုက် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSAဟာ တရုတ် နိုင်ငံရဲ့ ဖိအားကို ပိုမိုခံစားနေရတယ်လို့ အခုလ ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ TNLA၊ SSPP/SSA၊ MNDAA တပ်ဖွဲ့တွေနဲ့ အခုလ ၂၀ ရက်နေ့ တွေ့ဆုံချိန် “ဝ” တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာလို့ Wa Channel က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ “ညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသမှာ တရုတ်လိုလားတဲ့ တိုက်ပွဲတွေ ဆက်မဖြစ်ရေး၊ အဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုတွေကို မြန်မာနိုင်ငံမြောက်ပိုင်းကို ဆွဲခေါ်မလာရေး” စတဲ့ မူဝါဒတွေကို ဖောက်ဖျက်ခဲ့တယ်လို့ ဦးကျောက်ကော်အမ်း က…

Read More

နောင်ပိန်မှာ လေကြောင်း ဗုံးကြဲလို့ နေအိမ်‌တွေ မီးလောင်

ဩဂုတ် ၂၃၊ ၂၀၂‌၅ Shy V(VOM) ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နေ့ခင်း ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်း ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ နေအိမ်‌တွေ တချို့ မီးလောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ ၁၁ နာရီလောက်က နောင်ပိန် ၄ ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ချသွားတယ်။ အိမ် ဆယ်လုံးလောက် ပျက်စီးပြီး မီးလောင်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဘယ်သူမှ ဝင်လိုမရတာကြောင့် လူထိခိုက်မှုကတော့ မသိရသေး သလို မနေ့ညရော ဒီနေ့ရော ‌မီးလောင်၊ ထိခိုက်ပျက်စီး တာတွေ ဆယ်အိမ်ထက် မနည်း ရှိနိုင်တယ် လို့သူက ပြောပါတယ်။ နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေက…

Read More

တရုတ်မှာ တည်ဆောက်ဆဲတံတားပြိုကျမှု ၁၂ ယောက်သေပြီး လေးယောက်ပျောက်ဆုံး

ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တည်ဆောက်ဆဲတံတားတစင် ပိတ်ကျပြိုလဲမှုကြောင့် သေဆုံးသူ ၁၂ ယောက်ထိ ရှိလာပြီး လေးယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ တံတားရဲ့ အလယ်ပိုင်းအဆက်နေရာဟာ ရုတ်တရက် ပြိုကျပြီး အောက်ရှိ မြစ်ဝါမြစ်အတွင်းကို ကျဆင်းသွားတာကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ ဒီမတော်တဆမှုဟာ သံမဏိကြိုးပျက်ကျမှုကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၄ ယောက်နဲ့ ပရောဂျက်မန်နေဂျာတယောက် လုပ်ငန်းခွင်မှာ ရှိနေတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေသူ လေးယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ စီချွမ်-ချင်းဟိုင်းမီးရထားလမ်းရှိ ဒီတံတားဟာ ရထားပါသွားလာနိုင်ပြီး တရုတ်နိုင်ငံရဲ့ မြစ်ဝါမြစ်ကိုဖြတ်ကျော် ပထမဆုံး ရထားသွားနိုင်တဲ့ တံတားလည်း ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကယ်ဆယ်ရေးသမား ရာချီစေလွှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုနဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ လိုက်နာမှုအားနည်းတာကြောင့်…

Read More

ပါတီခုနစ်နှစ်ပြည့်အထိ ပြည်သူ့အကျိုးပြု ထူးထူးခြားခြား ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ဦးကိုကိုကြီး ပြော

ဩဂုတ် ၂၃ – ၂၀၂၅ SN (VOM) ပြည်သူ့ပါတီ သက်တမ်း ခုနစ်တာကာလအတွင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေလိုမျိုး တရားဝင် လုပ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့ အဆိုပါ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဩဂုတ် ၂၃ ရက်မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီ တည်ထောင်ခြင်း ခုနစ်နှစ်မြောက် အခမ်းအနားနဲ့ ပတ်သက်လို့ VOM ရဲ့ မေးမြန်းချက်ကို ပါတီဥက္ကဋ္ဌက အဆိုပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က ပြည်သူအတွက် ဆိုတာမှာ ရေဘေးတို့၊ လေဘေးတို့၊ ငလျင်ဘေးတို့ အဲဒီလိုကိစ္စမျိုးတွေပဲ လုပ်နိုင်တာပေါ့။ ကျန်တာကတော့ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေလိုမျိုးတော့ တရားဝင် လုပ်ပိုင်ခွင့်တာဝန်…

Read More
VOM News

FREE
VIEW