မုန်တိုင်း အကြွင်းအကျန်နဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်းမှာ ဩဂုတ် ၂၉ ရက်ထိ မိုးကြီးမယ်

ဩဂုတ် ၂၃ – ၂၀၂၅ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သဘာဝဘေး အန္တရာယ်တွေ ဆက်လက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလရဲ့ ဒီကနေ့ ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်မှာလည်း အပူပိုင်းမုန်တိုင်း “ကဂျိကိ” (Kajiki) ဖြစ်ပေါ်နေပြီး အဆိုပါ အပူပိုင်းမုန်တိုင်းဟာ အနောက်ဘက်ကို ရွေ့လျားနိုင်ကာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်း ဒေသတွေဆီ ဖြတ်ကျော်နိုင်ပြီး မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ “အပူပိုင်းမုန်တိုင်းရဲ့ ရွေ့လျားမှုကတော့ အနောက်ယွန်းယွန်းပေါ့။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းလောက်ကို ဖြတ်ပြီးတော့ ထိုင်း၊ လာအို ပြီးတော့…

Read More

ဈေးချိုတော် ညဈေးတန်း

ဆူးငှက် မန္တလေးဈေးချိုတော်ဆိုတာ မြန်မာမင်းလက်ထက်ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှားလာတာကတော့ ကိုလိုနီခေတ်ရာက်လာမှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေကလည်း စျေးချိုတော်ကိုပဲ ဦးတည်ကြ၊ဖြတ်သန်းကြတယ်။ မန္တလေးဈေးကွက်ရဲ့ အဓိကလိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း မတ္တရာနယ် တစ်ဝိုက်က အဓိက တင်ပို့နေရလေတော့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်းကနေ စျေးချို အရောက် ဒုတ်ဒုတ်ထိ လှသမ္ဗာန်တွေနှင့် တင်ပို့နိုင်တယ်။ ဒါတင်မက စျေးချိုနှင့် မတ္တရာကိုလည်း မီးရထားလမ်း သီးသန့်ဖောက်ပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်။ စျေးချိုဆိုတာလည်း ၂၆(ပေ၁၂၀၀နီးပါး)ပတ်လည် အကျယ် အဝန်းအတွင်းမှာ အုတ်ကာသွပ်မိုး စျေးရုံကြီး ၁၂ရုံကို ပင်မထား ဖွဲ့စည်းထားတာအပြင် ပတ်လည်မှာလည်း သံဖြူတန်း၊ ထိုးမုန့်တန်း၊မွ့ယာတန်း၊ မုန့်စုံတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီးတိုင်ဈေး၊ ကိုင်တန်းဈေး၊ မန်းသီရီဈေး စတဲ့ စျေးတန်းစျေးရုံတွေကလည်း တစ်ဆက်စပ်တည်း…

Read More

တရုတ်နယ်စပ်အနီးမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် အခြေစိုက်စခန်း တည်ရှိနေ

ပြုံးယမ်း၊ ဩဂုတ်-၂၂-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ထားရှိနိုင်ဖွယ်ရှိတဲ့ အခြေစိုက်စခန်း တည်ရှိမှုကို အတည်ပြုတယ်လို့ အမေရိကန် သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) က ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ အဲဒီ အခြေစိုက်စခန်းဟာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယား အနောက်မြောက်ပိုင်းနယ်စပ်မှ ၂၇ ကီလိုမီတာခန့်အကွာ မြောက် ပြုံးဂန်း ပြည်နယ်ရဲ့ တေဂွမ်ခရိုင်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အခြေစိုက်စခန်းတည်ရှိမှုကို ထုတ်ဖော်ကြေညာခြင်းမျိုးမရှိကြောင်းနဲ့ ပထမဆုံးအကြိမ် လေ့လာအတည်ခြင်းဖြစ်တယ်လို့ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ ကပြောပါတယ်။ ပဏာမ လေ့လာမှုများအရ အခြေစိုက်စခန်းဟာ Hwasong-15 သို့မဟုတ် Hwasong-18 တိုက်ချင်းပစ်ဒုံးကျည် ခြောက်ခုမှ ကိုးခုအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ Hwasong-18 ဟာ လျှင်မြန်စွာ ပစ်လွှတ်နိုင်သော လောင်စာ ဒုံးအင်ဂျင်အမျိုးအစားသစ်နဲ့ တည်ဆောက်ထားပြီး ဒုံးကျည်အမျိုးအစားနှစ်ခုစလုံးဟာ…

Read More

ပြောင်းလဲခြင်းအတွက် မျှော်လင့်ချက်

SM နိုင်ငံရေးပါတီတွေဟာ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။ ရွေးကောက်ပွဲဟာ သေချာပေါက် ကျင်းပလာတော့မှာဖြစ်ပေမယ့် ပြည်သူတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်မလဲဆိုတာကတော့ လတ်တလောမှာ မရေမရာဖြစ်နေပါသေးတယ်။ လက်ရှိမှာ ပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင် အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေက တက်မြဲတက်နေပြီး ကျရိပ်မမြင်သေးပါဘူး။ တိုင်းပြည် မတည်မငြိမ် က​မောက်ကမအ​ခြေအ​နေမှာ ​နေ့စဥ် ဘုရားတ​နေရတဲ့ အ​ခြေအ​​နေပါ။ ဒီလိုအခြေအနေမျိုးမှာ သာမန်ပြည်သူတွေအနေနဲ့ စားဝတ်​နေ​ရေးကလွဲပြီး တခြားကိစ္စတွေကို စဉ်းစားဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိအ​နေအထားကြီးကို ဘယ်ပြည်သူမှ မနှစ်မြို့ကြဘူး မတတ်သာလို့ ​အောင့်အီး​နေရသူက အများစုပါ။ အ​ပြောင်းအလဲကို​ မျှော်လင့်​နေကြ​ပေမယ့် ​ရွေး​ကောက်ပွဲနဲ့ တိုင်းပြည်ကို တကယ်​ပြောင်းလဲနိုင်မှာလားဆိုတာ ​မေးခွန်းထုတ်စရာပါ။ ဒါဆိုရင် နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်စရာရှိလာပါတယ်။ ပြည်သူတွေ စိတ်ဝင်စားလာအောင် ပါတီတွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မှာလဲဆိုတာပါပဲ။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတိုင်းအနေနဲ့ ပြည်သူတွေရဲ့…

Read More

ပြည်ပရောက် မြန်မာတွေ ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ သဘောထားအမျိုးမျိုးရှိနေ

ဩဂုတ် ၂၂၊ ၂၀၂၅ GG (VOM) ပြည်ပရောက်မြန်မာ နိုင်ငံသားတွေထဲမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး ကြိုတင်မဲပေးကြမယ့် သူတွေရှိသလို မဲမပေးဖို့ဆုံးဖြတ်ထားသူတွေလည်းရှိနေတယ်လို့ မြေပြင်အခြေအနေအရသိရပါတယ်။ ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ ပုံစံ ၁၅ မှာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ နေရပ်လိပ်စာအပြင် လက်ရှိရောက်ရှိနေတဲ့နိုင်ငံရှိ နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ အီးမေးလ် ထည့်သွင်းဖော်ပြရမယ်လို့ သံရုံးတွေက ဒီနေ့ထပ်မံ ထုတ်ပြန်ထားပါတယ်။ ” မဲက ပေးတော့ပေးချင်တယ်။အခုကရှုပ်ယှက်ခပ်နေတော့ ပါတီကိုကြည့်ပြီးပေးရမှာလား။ အရည်အချင်းရှိတဲ့လူကိုပဲရွေးချယ်ပေးရမလား စဥ်းစားရခက်တယ်။ဘယ်ဟာကိုဘယ်လိုပေးရမှန်းမသိတော့ဘူး။ပါတီတွေကလည်း ဘယ်ပါတီတွေရှိမှန်းမသိတော့ဘူး။အရင်ကဆိုပါတီကကြည့်စရာနှစ်ခုပဲရှိတယ်။NLD နဲ့ ကြံ့ခိုင်ရေး ပါတီပေါ့။အခုက ဘာတွေမှန်းသေချာမသိဘူး။ခုလည်းဒီကလိပ်စာပါတောင်းနေတော့ခက်တာပေါ့။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်ကပြောပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ ကိုတော့ သက်ဆိုင်ရာသံရုံးတွေမှာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်အသိပေးထား ပါတယ်။ ” မဲမပေးတော့ဘူးတွေးထားတယ် ။ခုထိ ကြိုက်တဲ့ပါတီမတွေ့သေးဘူး။ အရင်ကလည်း…

Read More

ထိုင်းဘုရင်ကို စော်ကားမှုတရားစွဲဆိုချက် ဝန်ကြီးချုပ်ဟောင်းသက်ဆင် တရားသေလွတ်မြောက်

ဘန်ကောက်၊ ဩဂုတ်-၂၂-၂၀၂၅ မျိုးဆက်(VOM) ထိုင်းဘုရင်စနစ်ကို စော်ကားမှုတရားစွဲဆိုချက်မှ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရှာနာဝပ်ထရာကို ဘန်ကောက်ရှိ တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။ ဒီစွပ်စွဲချက်က သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တောင်ကိုရီးယားသတင်းစာတစောင်နဲ့ အင်တာဗျူးတခုနဲ့ ဆက်နွယ်နေပြီး သက်ဆင်အနေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာ ဥပဒေက ဘုရင်စနစ်ကို စော်ကားမှုတွေကို တားမြစ်ထားပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီဥပဒေကို တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖို့ မကြာခဏအသုံးပြုနေတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒီတရားစီရင်ချက်ချမှတ်ချိန်ဟာ သက်ဆင်းရဲ့သမီး ရာထူးဆိုင်းငံ့ခံထားရတဲ့ ဝန်ကြီးချုပ် ပေတုန်တန် ရာထူးမှ ထုတ်ပယ်ခံရမလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်မယ့်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအမှုတွေဟာ ဆယ်စုနှစ်တွေချီပြီး ထိုင်းနိုင်ငံရေးမှာ ရှင်နာဝပ်ထရာ မိသားစုအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်စေပါတယ်။ သက်ဆင်းကို…

Read More

ဖားကန့်မှာ အမျိုးသားနှစ်ယောက် ပစ်သတ်ခံရမှု ဖြစ်ပွားပြန်

ဩဂုတ် ၂၂ ၊ ၂၀၂၅ GG(VOM) ကချင်ပြည်နယ် ၊ ဖားကန့်မှာ ဒီနေ့ ဩဂုတ် ၂၂ ရက်နေ့မနက်ပိုင်းက မှော်စီစာရွာ လမ်းပေါ်မှာ အမျိုးသားနှစ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မှော်စီစာကျေးရွာက စိန်ချို ကွမ်းယာဆိုင်အနီးမှာ တယောက်ပစ်သတ်ခံထားရတယ်။နောက်တယောက်က ရွာလယ် လမ်းဆုံအနီး လမ်းမကြီးပေါ်မှာ ပစ်သတ်ခံထားရတာပါ။လက်နက်ကြီးသံတွေကလည်းကြားနေရပါတယ်။လုံးခင်းရွာမှာဆို ဆိုင်တွေအိမ်တွေပိတ်သူပိတ်ကုန်ကြတယ်။ ” လို့ဖားကန့်ဒေသခံကပြောပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရသူထဲမှာ တယောက်က မှော်စီစာရွာမှ ဦးချစ်နိုင်ဆိုသူဖြစ်ပြီး နောက်ထပ်တယောက်ကတော့ မည်မည်ဝါဖြစ်ကြောင်းမသိရှိရသေးဘူးလို့သိရပါတယ်။ ဖားကန့်မှာ ဩဂုတ် ၈ ရက်နေ့ကလည်း ဟင်းတင့်ကျေးရွာအနီးမှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ရဲ့အလောင်းကို တွေ့ရှိ ခဲ့ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှ ဇူလိုင်လအတွင်းတုန်းကလည်း ဖားကန့်မှာ အမျိုးသား ၁၅ ယောက်ထက်မနည်း လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိဖားကန့်ဒေသမှာ KIA နဲ့ နလအ တပ်တွေအကြား…

Read More

အစိုးရငွေ အလွဲသုံးစားမှု သီရိလင်္ကာသမ္မတဟောင်း ဖမ်းဆီးထိန်းသိမ်းခံရ

ကိုလံဘို၊ ဩဂုတ်-၂၂-၂၀၂၅ မျိုးဆက် (VOM) သီရိလင်္ကာသမ္မတဟောင်း ရာနေးလ်ဝီကရီမီဆင်းကို အစိုးရငွေတွေ အလွဲသုံးစားလုပ်တယ် စွပ်စွဲပြီးနောက် အာဏာပိုင်တွေက ဒီကနေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူနိုင်ငံအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၂၃ ခုနှစ် စက်တင်ဘာလက လန်ဒန်ကိုသွားရောက်မှာ သူ့ဇနီးအတွက် ဗြိတိသျှတက္ကသိုလ်တခုက ကျင်းပတဲ့ အခမ်းအနား တက်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းပြီးနောက် ဝီကရီမီဆင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဝီကရီမီဆင်းကို ကိုလံဘိုမြို့ရှိ တရားရုံးသို့ လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး နိုင်ငံ အရင်းအမြစ်တွေကို ကိုယ်ပိုင်အကျိုးအတွက် အသုံးပြုမှုအတွက် စွဲချက်တင်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝီကရီမီဆင်း ဟာ ၂၀၂၃ ခုနှစ်က ဂျီ-၇ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကျူးဘားက အပြန် လန်ဒန်မြို့တွင် ခေတ္တရပ်နားခဲ့ပြီး သူနဲ့အတူ သူရဲ့ဇနီး မိုင်သရီ တို့ဟာ Wolverhampton တက္ကသိုလ်က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဝီကရီမီဆင်း က သူ့ဇနီးရဲ့…

Read More

ပြည်ပလုပ်သား လွှဲငွေကိစ္စ အေဂျင်စီ ၃၅၉ ခုကို နေပြည်တော်မှာခေါ်ယူစစ်ဆေးမယ်

ဩဂုတ် ၂၂ ၊ ၂၀၂၅ GG (VOM) ပြည်ပရောက် မြန်မာနိုင်ငံသား လေးသောင်း ဝန်းကျင်ရဲ့ လစဥ်မိသားစုငွေလွှဲပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၃၅၉ ခုကို ဩဂုတ် ၂၅ ရက်နေ့ကစပြီး နေပြည်တော်မှာခေါ်ယူစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှစပြီး တရက်ကို အေဂျင်စီ ၁၀ ခုကို ခေါ်ယူစစ်ဆေးမှာဖြစ်ကြောင်း ကနဦးသိရပါတယ်။ ခေါ်ယူစစ်ဆေးခံရမယ့် အေဂျင်စီ ၃၅၉ ခုရှိပြီး အေဂျင်စီတွေကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း အလုပ်သမား ၃၉၃၅၃ ယောက်ကို စေလွှတ်ခဲ့တာ ဖြစ်ကြောင်း ခေါ်ယူစစ်ဆေးချိန်မှာ မိသားစုငွေလွှဲပို့အထောက်အထားအပြည့်အစုံတင်ပြနိုင်ခြင်းမရှိပါက အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။ ” တနေ့ကို အေဂျင်စီ၁၀ခုကိုစစ်မယ်။မနက်တကြိမ် ၊နေ့ခင်းတကြိမ်လို့ တော့သိရတယ်။မိသားစုငွေလွှဲအထောက်အထားနဲ့ပတ်သက်လို့ ကိုယ့်ဘက်က စာရွက်စာတမ်း အပြည့်အစုံတင်ပြရတယ်။မတင်ပြနိုင်ရင်လည်း ဘာကြောင့်ဆိုတာကို တင်ပြရတယ်။သတ်မှတ်ကာလအတွင်း ငွေလွှဲအထောက်အထားမပြနိုင်ရင်တော့ အရေးယူမှုခံရနိုင်ပါတယ်။အဲဒီလိုတွေကြောင့်…

Read More

အတွေးသစ်လွင် ခေတ်ရှေ့မြင် စာရေးဆရာ ၊ အများအကျိုးအတွက် လူထုရဲ့ သတင်းစာဆရာ

ဆူးငှက် ကုန်လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် နို၀င်ဘာ (၂၉)ရက်နေ့မှာဒေါ်ဒေါ်(လူထုဒေါ်အမာ) နှစ်၁၀၀တင်းတင်းပြည့်ခဲ့ပါပြီ။ ဒေါ်ဒေါ့် ဂုဏ်ပုဒ်တွေကို ဂါရ၀ထားပြီး “လူထုဒေါ်အမာရာပြည့်”အထိမ်းအမှတ်ပွဲကို၂၀၁၅ခုနှစ် နို၀င်ဘာ ၂၆ရက်နေ့ကစပြီး မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း)နှင့် ၃၁လမ်းထောင့်က ဓမ္မသာလာခန်းမမှာ စာအုပ်ပြပွဲ၊ လက်ရေးစာမူများနှင့် ဘ၀မှတ်တမ်းဓာတ်ပုံပြပွဲကို စာအုပ်စျေးရောင်းပွဲတော်နှင့်အတူ နို၀င်ဘာ ၂၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဓမ္မသာလာခန်းမမှာပဲ နို၀င်ဘာ၂၆ရက်နေ့ညမှာ “ပြည်သူချစ်သောလူထုဒေါ်အမာနှင့် အနုပညာသည်များ”ခေါင်းစဉ်နှင့် ကျွန်တော်က မြို့မတူရိယာအသင်း၊ မြန်မာဆိုင်းဝိုင်း၊ အဆိုတော်များ၊ အနုပညာရှင်များနှင့် တွဲဖက်ပြီးဟောပြောခဲ့ပါတယ်။ နို၀င်ဘာ၂၇ရက်နှင့် ၂၈ ရက်ညတွေမှာလည်းရန်ကုန် မန္တလေးနှင့် နယ်အသီးသီးက စာရေးဆရာဆရာမကြီးများရဲ့ စာတမ်းဖတ်ပွဲကိုလည်း ဓမ္မသာလာခန်းမမှာ ကျင်းပခဲ့ပါတယ်။ နို၀င်ဘာ (၂၉)ရက်နေ့မှာတော့ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို ကျွေးမွေးဧည့်ခံခြင်းများနှင့်အတူ သက်ကြီးဝါကြီး စာရေးဆရာကြီးများရဲ့ အမှတ်တရ စကားပြောကြားခြင်း အစီအစဉ်နှင့် လူထုဒေါ်အမာရာပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ “လူထုဒေါ်အမာရာပြည့်”အမှတ်တရအဖြစ် စာရေးဆရာ၁၀၀ရဲ့…

Read More
VOM News

FREE
VIEW