ထိုင်းဘုရင်ကို စော်ကားမှုတရားစွဲဆိုချက် ဝန်ကြီးချုပ်ဟောင်းသက်ဆင် တရားသေလွတ်မြောက်

ဘန်ကောက်၊ ဩဂုတ်-၂၂-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းဘုရင်စနစ်ကို စော်ကားမှုတရားစွဲဆိုချက်မှ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရှာနာဝပ်ထရာကို ဘန်ကောက်ရှိ တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။
ဒီစွပ်စွဲချက်က သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တောင်ကိုရီးယားသတင်းစာတစောင်နဲ့ အင်တာဗျူးတခုနဲ့ ဆက်နွယ်နေပြီး သက်ဆင်အနေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာ ဥပဒေက ဘုရင်စနစ်ကို စော်ကားမှုတွေကို တားမြစ်ထားပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီဥပဒေကို တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖို့ မကြာခဏအသုံးပြုနေတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။
ဒီတရားစီရင်ချက်ချမှတ်ချိန်ဟာ သက်ဆင်းရဲ့သမီး ရာထူးဆိုင်းငံ့ခံထားရတဲ့ ဝန်ကြီးချုပ် ပေတုန်တန် ရာထူးမှ ထုတ်ပယ်ခံရမလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်မယ့်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအမှုတွေဟာ ဆယ်စုနှစ်တွေချီပြီး ထိုင်းနိုင်ငံရေးမှာ ရှင်နာဝပ်ထရာ မိသားစုအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်စေပါတယ်။
သက်ဆင်းကို တရားစွဲဆိုမှုကို ၂၀၁၆ ခုနှစ်က ထိုင်းစစ်အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး သက်ဆင် ပြည်ပမှာ တိမ်းရှောင်းနေထိုင်ချိန်ဖြစ်ကာ မနှစ်က ထိုင်းနိုင်ငံကို ပြန်ရောက်ချိန်မှာ ပြန်လည်တရားစွဲဆိုခံခဲ့ရပါတယ်။
တောင်ကိုရီးယားသတင်းစာ အင်တာဗျူးမှာ ဝန်ကြီးချုပ်ဟောင်းက ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းမှုဟာ သူ့ညီမ ယင်လပ် အစိုးရကို ဖယ်ရှားခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုမှာ ဖယ်ရှားခံခဲ့ရတာဟာ နန်းတော်ထဲက လူအချို့ နဲ့ ထိုင်းဘုရင်ကို အကြံပေးတဲ့ ၁၉ ယောက်ပါဝင်တဲ့ လျှို့ဝှက်အကြံပေးကောင်စီဝင်တွေက စတင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဥပ‌ဒေအရ လျှို့ဝှက်အကြံပေးကောင်စီကို ဘုရင်စနစ် မထီမဲ့မြင်ပြုမှုဆိုင်ရာ ဥပဒေက ကာကွယ်ပေးထားခြင်း မရှိပါဘူး။ ဒီဥပဒေက ဘုရင်၊ မိဖုရား၊ ထီးနန်းအမွေဆက်ခံသူ ဒါမှမဟုတ် နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူတွေကို စော်ကားခြင်းကိုသာ တားမြစ်ထားပါတယ်။
တရားသူကြီးတွေက ဥပဒေရဲ့စကားလုံးတွေကို အသေးစိတ် အတိအကျအနက်ဖွင့်ဆိုပြီး တရားခံဘက်က နာမည်မဖော်ပြခဲ့တဲ့အတွက် သက်ဆင်ကို လွတ်ငြိမ်းခွင့်ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်နှစ်တွေအတွင်း ဒီဥပဒေကို ဘုရင်စနစ် ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ၊ ဝေဖန်မှုတွေအတွက် ပြစ်မှုဆိုင်ရာအဖြစ် အသုံးပြုလာကြပါတယ်။
ဥပဒေရဲ့အနက်ဖွင့်ဆိုချက်တွေဟာ ကျယ်ပြန့်လာတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ဒါကို နိုင်ငံရေးလက်နက်တခုအဖြစ် မြင်လာကြပြီး လက်ရှိအခြေအနေ ဆန့်ကျင်သူတွေကို ဖိနှိပ်ခြိမ်းခြောက်ဖို့ အသုံးပြုနေကြတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW