သိန္နီမှာ ကိုးကန့်တပ်ဖွဲ့ အုပ်ချုပ်မှု ပုံမှန်အတိုင်းရှိနေ

ဩဂုတ် ၂၃၊ ၂၀၂၅
နွယ်နီ (VOM)
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (MNDAA) ရဲ့ အုပ်ချုပ်မှုစနစ်တွေ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းမှာ နလအ လက်အောက်ခံ (စစစ) နဲ့ (စရဖ) တပ်ဖွဲ့တွေ သိန္နီမြို့ကို ရောက် နေတယ်လို့ သတင်းတွေ ထွက်နေတာဟာ မမှန်ဘူးလို့လည်း ဒေသခံတွေက ပြောပါ တယ်။
“သတင်းတွေ အမျိုးမျိုး ထွက်နေတာ ဒီမှာတော့ အေးဆေးပါပဲဗျာ။ ဘာမှ မထူးပါဘူး။ ကိုးကန့်အဖွဲ့လည်း ပုံမှန်အတိုင်း အုပ်ချုပ်နေတာပဲ။ ဘာပြောင်းလဲမှုမှ မရှိပါဘူး” လို့ မြို့ခံ တယောက်က ပြောပါတယ်။
နလအ လက်​​အောက်ခံ လုံခြုံ​ရေးတာဝန်ရှိသူတ​ယောက်ကလည်း သိန္နီကို နလအ အဖွဲ့တချို့ ဝင်​ရောက်​နေရာယူတယ်ဆိုတာ မဟုတ်ဘူးလို့ဆိုပါတယ်။
သိန္နီမြို့မှာ တရုတ်ကုန်ထရိုက်တွေ တာဝန်ယူလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ လည်း ပုံမှန်အတိုင်း ဆက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်က မြို့လယ် ဈေးနေရာမှာ ဆောက်နေတဲ့ ဆေးရုံကြီးလည်း ပုံမှန်အတိုင်း ဆက် လုပ်နေတာပဲ။ သိန္နီ ပြန်ပေးမယ်ဆိုရင် ဒါတွေ ရပ်သွားမှာပေါ့။ အခုက ဘာမှ မဟုတ်ပါ ဘူး” လို့ သိန္နီမြို့ခံ နောက်တယောက်က ပြောပါတယ်။
အခုလ ၁၄ ရက်နေ့မှာ လားရှိုးမြို့အတွင်း MNDAA နဲ့ နလအ တပ်ဖွဲ့တွေ ကြား တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ဘာတွေဆွေးနွေးကြတယ်ဆိုတာကို နှစ်ဖက်လုံးက မဖော်ပြခဲ့ပါဘူး။
ကိုးကန့်နဲ့ နလအ တပ်ဖွဲ့ဝင်တွေ ကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးနေကြပေမယ့် သိန္နီမြို့ ပြန်လည် လွှဲပြောင်းရေး အခြေအနေကတော့ ထူးခြားတာမျိုး မတွေ့ရသေးဘူးလို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
“တွေ့တာတော့ ခဏခဏ တွေ့နေတာပဲလေ။ အရင်ကတော့ သိန္နီကိစ္စ ဘယ်လို ဘာညာ ကြားရသေးတယ်။ အခုတော့ ဘာမှ မကြားပါဘူး။ ဖမ်းထားတဲ့သူတွေ လွှတ်ဖို့ ဘာညာပဲ ကြားတာရှိတယ်”
လားရှိုးကို ကိုးကန့်တပ်ဖွဲ့က နလအ တပ်ထံ ပြန်လွှဲချိန်တုန်းကလည်း မြို့ခံတွေ မသိရှိခဲ့ရတာကြောင့် စောင့်ကြည့်ရမယ့် အခြေအနေတော့ ရှိတယ်လို့ လားရှိုးမြို့ခံ အချို့က ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ သိန္နီမြို့ဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဒေသလို့ ပြောဆိုထားပါတယ်။
MNDAAရဲ့ ဝါဒဖြန့် မီဒီယာတွေမှာလည်း သိန္နီမြို့အတွင်း ကိုးကန့်မှတ်ပုံတင်တွေ ပြုလုပ် ပေးနေတဲ့ အခြေအနေ၊ ဆေးရုံဆေးခန်းတွေ လည်ပတ်နေတဲ့ အခြေအနေနဲ့ ဒေသဖွံ့ ဖြိုးရေး လုပ်ဆောင်နေတဲ့ အခြေအနေတွေကို နေ့စဉ်နီးပါး ထုတ်ပြန်နေတာကို တွေ့ရပါ တယ်။
ပုံ The Kokang
သိန်နီမြို့အတွင်း MNDAA တပ်ဖွဲ့က မှတ်ပုံတင်များပြုလုပ်ပေးနေစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW