ဩဂုတ် ၂၈၊ ၂၀၂၅
Shy V (VOM)
ကွတ်ခိုင်မြို့က MNDAA လုံ/ထိန်း ရုံးမှာ ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်ကစ မြန်မာအလံ ပြန်လည်လွှင့်ထူထားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်ကစ ကွတ်ခိုင် ရပ်ကွက် ၂ ၊ လက်ရှိ မြန်မာနိုင်ငံ အထူးဒေသ ၁ ရဲတပ်ဖွဲ့ ရုံးမှာ မြန်မာအလံ စတင် လွှင့်ထားပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မြန်မာ နိုင်ငံ ဖြစ်တာကြောင့် မြန်မာ အလံ ပြန်လွှင့်တယ်လို့ သိရတယ်လို့ ဆိုပါတယ်။
“MNDAA လုံ/ထိန်း ဌာန၊ ရဲတပ်ဖွဲ့ နေတဲ့ နေရာ မြန်မာ အလံတင်ထားတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင် ရပ်ကွက် တချို့နဲ့ သိန္နီမှာတော့ အုပ်ချုပ်ရေး ယန္တရားတွေ ပုံမှန်လည်ပတ်နေတာရှိနေတာ တွေ့ရပေမယ့် သိန္နီမြိုနယ်က စာသင်ကျောင်းတချို့မှာဝောာ့ နလအ လက်အောက်ခံ ပညာရေး ဝန်ထမ်းတွေ ပါဝင်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
MNDAA ဘက်က ခန့်ထားတဲ့ ပညာရေးဝန်ထမ်းတွေက လစာ တရုတ်ငွေနဲ့ပြီး နလအ လက်အောက်ခံ ပညာရေး ဝန်ထမ်းတွေက မြန်မာငွေနဲ့ရကာ နလအ ကပဲ လစာပေးတယ်လို့ သိတယ်လို့ ဆိုပါတယ်။
“MNDAA ဘက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တခြား လက်နက်ကိုင် အဖွဲ့တွေကို မရှိစေချင်ဘူး။ လောလောဆယ်ဝောာ့ တခြား လက်နက်ကိုင်တွေနဲ့ ယာယီ ပေါင်းထားပြီး နေရာ တခုရရင် ချက်ချင်း နလအ နဲ့ ငြိမ်းချမ်းရေးယူ လက်မှတ်ထိုးပြီး အရမ်းေန ချင်နေပြီ။ မကောင်းတတ်လို့ အချိန်ဆွဲ ထားတဲ့ အခြေအနေပါ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မုံးကိုးမြို့က အရင်က လဝက ရုံး အေဟာင်းနေရာမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ကစ မြန်မာအလံ ပြန်လည် လွှင့်ထူထားတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
သိန္နီမြို့နယ်က တချို့ နလအ တပ်စခန်းဟောင်းတွေမှာလည်း ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက နလအ စစ်သုံးပန်းတွေကိုပဲ နေရာ ချပေးထားတာကို တွေ့လာရတယ်လို့ သိန္နီ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
နလအ ဘက်ကတော့ တရုတ် – မြန်မာ ကုန်သွယ်ရာ လမ်းမ ပေါ်က လက်နက်ကိုင် အဖွဲ့ အစည်းတွေကို ဆိုတ်ခွာဖို့ ပြောထားသလို ၂၀၀၈ အခြေခံ ဥ ပဒေအတိုင်း သွားမှာ ဖြစ်တယ်လို့ သိရပေမယ့် MNDAA ထိန်းချုပ် ထားတဲ့ နယ်မြေတွေကို ပြန်လည် လွှဲပြောင်းပေးမယ့် အခြေမတွေ့ရပဲ နလအ နဲ့ ပူးတွဲ နေထိုင်သွားဖို့ ရှိနေတာမျိုးလား လို့ သံသယ ရှိတယ်လို့ ဆိုပါတယ်။
MNDAA ထိန်းချုပ်ရာ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် နယ်စပ်ဂိတ်မှာဝောာ့ လားရှိုးမြို့ကို MNDAA က နလအ ဆီ လွှဲပြောင်းပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က MNDAA အလံကို ဖြုတ်ချခဲ့ပြီး မြန်မာ အလံကို ပြန်လည်လွှင့်ထူထားတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
