ကားစျေးကွက် အန္တရာယ်ရှိတဲ့အခြေအနေ ရောက်​နေလို့ သတိထားရမယ့်အချိန်ရောက်နေ

ဇူလိုင် ၂၉ -၂၀၂၃
GG(VOM)

ပြည်တွင်း ကားဈေးကွက်အခြေအနေကတော့ ဒီကနေ့မှာ ကားအမျိုးအစားအပေါ်လိုက်ပြီး ကားတစ်စီးကို သိန်းရာနဲ့ချီ အတက်ကြမ်းနေတယ်လို့ သိပါရတယ်။

ဒါကြောင့် ပြည်တွင်းကားစျေးကွက်အခြေအနေ အတက်ကြမ်းနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးကျော်စွာထွန်းမြင့် ကို VOM ကနေ ဆက်သွယ် မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

VOM- လက်ရှိ ကားစျေးကွက်မှာ ကားတစီးကို သိန်း ၁၀၀ ကနေ ၃၀၀ လောက်အထိ အတက်ကြမ်းနေတယ်ဆိုတဲ့အပေါ် လက်ရှိအခြေအနေ သိပါရစေ ။

KSWM – သိန်းရာနဲ့ချီတက်တယ်ဆိုတာ မတက်ဘူးလားဆို တက်ပါတယ်၊သူ့ကားနဲ့ သူ့အမျိုးအစားနဲ့ Demandပေါ့၊ လူကြိုက်များတဲ့ကား ပေါ် မူတည်ပြီး တချို့ပိုတောင်တက်တာရှိပါတယ်။အဓိကအရောင်းအဝယ်ဖြစ်လို့တက်တာလား၊ဆိုရှယ်မီဒီယာမှာ ရေးချင်တိုင်းရေးပြီးပြောနေတဲ့ အထိန်းအချုပ်မရှိတဲ့ ဘာမှမသိဘဲ သူရေး ငါရေးနဲ့ ပရောဖက်ရှင်နယ်ကျကျလုပ်ကိုင်တာမဟုတ်ဘဲနဲ့ ဒီအပေါ်မှာ သာယာပြီး ပြောင်သလိုလို ရေးနေတဲ့ စျေးကွက်ကထွက်တာလား သိဖို့လိုတယ်။ကားစျေးမတက်ဘူးလားဆို တက်ပါတယ်၊အရောင်းအဝယ်မဖြစ်ဘူးလားဆိုဖြစ်ပါတယ် ၊ဒါပေမယ့် ဆိုရှယ်မီဒီယာကရေးတဲ့စျေးတိုင်းကတော့ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

VOM – အခုလို ကားစျေးကွက် အတက်ကြမ်းလာတာဟာ ငွေစက္ကူ ၂၀၀၀၀ တန်ဂယက်အပြီး ဖြစ်လာတဲ့ အ​ခြေအနေလား၊ ဒါမှမဟုတ် နဂိုကတည်းက ကားစျေးလှုပ်တဲ့အခြေအနေလား။

KSTM -၂သောင်းတန် ထုတ်မယ်ပြောလို့ ကားစျေးတက်ပါတယ် ပရမ်းပတာဖြစ်ပါတယ်ပြောတဲ့စကား လက်မခံပါဘူး။အရင်ကတည်းက ကားစျေးက သူ့ပုံမှန် ထိုက်သင့်တဲ့နူန်းထားနဲ့ အတက်နဲ့သွားနေတာ၊ အိမ် ခြံ မြေစျေး၊ ရွှေစျေး ၊စက်သုံးဆီ ဘယ်ဟာမှမကျပါဘူး။ကားစျေးတွေပဲတက်ပြီး ကားသမားက မတရားဆွဲတင်နေတယ်တို့ အားလုံးထင်သွားနိုင်ပါတယ်၊အကုန်လုံးတက်နေတာ ကားစျေးလည်းတက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ၂၀၀၀၀ တန်ဂယက်မှာ ရိုက်ခတ်မှုမရှိဘူးလားဆို ရှိပါတယ်၂၄ နာရီ လောက်ပဲရိုက်ခတ်သွားတာပါ။နောက်က ထိန်းထိန်းသိမ်းသိမ်းသွားတာပါ။အဲ့ဒီ၂၄ နာရီမှာတော့ တော်တော်ထိန်းမရဖြစ်သွားပါတယ်၊လေပတ်ကားတွေပဲ ဖြစ်တာပါ။၂၀၀၀၀ ဂယက်က ရက်ပိုင်းပဲရှိပါတယ်။

VOM – ဒါဆို ကားစျေးကွက်က ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတဲ့အခြေအနေ ၊ ငွေစျေးနူန်း တွေကြောင့် စျေးမြင့်လာတဲ့ အခြေအနေလို့ ပြောနိုင်မလားရှင့် ။

KSTM -ဥပမာ အိမ်၊ခြံ၊မြေက ရုံးပရိုစီဂျာအတိုင်းသွားရင် အရောင်းအဝယ်တစ်ခုက တိုက်ခန်းမပြောတော့ဘူး ၊ ခြံတစ်ခြံဆိုရင် အနည်းဆုံး ရက်ပေါင်း ၉၀ လောက် မစောင့်ရင် တရားဝင်လုပ်လို့မရဘူး။ကားကျတော့ အခုဝယ် အခုလုပ်လို့ရတယ်။အခုဝယ် အခုထွက်ရတယ်။ဒီတော့ ခြံသမား၊ရွှေသမားတွေက ကားဘက်ဝင်လာကြတယ်။ခဏတော့ဝင်ခုန်မယ်ဆိုပြီး လာကြတော့ ဝယ်လိုအားများလာပြီး အရောင်းရှားသွားတော့ ဒါက ပုံမှန်မဟုတ်တဲ့ စျေးကွက်လို့ပြောချင်တယ်။အခုက ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းရောက်နေပြီ။အရမ်းအန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေပြီ ကားသမားတွေအတွက်ကတော့ အရှုံးအမြတ်က ရင်ခုန်စရာမရှိပေမယ့် အပြင်ကနေ အခုမှဝင်လာသူတွေအတွက်ကတော့ အထူးသတိထားရမယ့်အချိန်ပါ၊ အရမ်းသတိထားရမယ့်အချိန်ဖြစ်တယ်။

VOM – လက်ရှိ ကားစျေးကွက် အရောင်းအဝယ် အခြေအနေကရောဘယ်လိုဖြစ်နေလဲ ။

KSTM – ကားလောက စကားနဲ့ပြောရရင် အတိအကျ ပြောလို့မရဘူး ၊အရင်က သိန်း၁၀၀၀ အောက်ကားဆို ရွေးချယ်စရာ ရှိတယ်၊အခုကတော့ သိန်း၁၀၀၀ အောက်ကားဆို သိပ်ပြီးများများစားစား ရွေးစရာ မရှိတော့ဘူး။ပြောရရင်အရင်က သိန်း၃၀၀ ဆို အောက်ကားလို့ပြောကြတယ်၊အခုတော့ သိန်း၁၀၀ အောက်ကားက အောက်ကား၊ အလယ်အလတ်ကားလို့ပဲပြောရမယ်။ ၁၀၀၀ လောက်မှ တော်ရုံတန်ရုံ အသင့်တင့်ကားဖြစ်သွားတာပေါ့။အောက်ကားဆိုအနည်းဆုံးသိန်း၅၀၀ ​​လောက်ပေးနေရတယ်။

VOM – ကားတင်သွင်းခွင့် ပြန်ခွင့်ပြုလိုက်ရင် ကားစျေးတွေ ပြန်ကျသွားနိုင်မယ်လို့ပြောဆိုနေကြတဲ့အပေါ် သုံးသပ်ပေးပါအုံး။

KSTM – အဲ့ဒါ အရမ်းအရေးကြီးတယ် ၊ဝေးဝါးပြီးယောင်ဝါးသွားနိုင်တယ် ပြည်သူတွေရော ကားချစ်သူတွေရော၊ဝေဝါးလုပ်လို့မရဘူး။နိုင်ငံခြားငွေကြေး rateအပေါ်မှာ အများကြီးမူတည်နေတယ်၊ ကားတင်သွင်းခွင့် ပေးလိုက်လို့ ဒီကနေ့ ၁၀၀၀ တန်ကားက ၃၀၀ဖြစ်ဖို့ လုံးဝကိုမ မျှော်လင့်ပါဘူး။ဘာလို့မမျှော်လင့်ဘူးလဲဆိုတော့ ကားတင်သွင့်ခွင့်ပေးရင် နိုင်ငံခြားငွေလိုအပ်ချက် ပိုများလာမယ်၊များလာရင် ဝယ်လာသလောက်မြင့်မယ်၊ tax မှာလည်း မြင့်မယ် အကုန်လုံး မြင့်လာမှာကို ကားစျေးက ကျတော့မှ ကားတင်သွင်းခွင့်ပေးလိုက်လို့ သိန်း ၁၀၀၀ တန်ကားက ၃၀၀ ဖြစ်ဖို့ကတော့ မဖြစ်နိုင်ဘူး ။အကိုတို့ကတော့ တော်တော်လေးကို မမှန်းရဲတဲ့ ကိစ္စပါ။ကားတင်သွင်းခွင့် ဒီနေ့ပေးလိုက်လို့ ဒီနေ့ကားစျေးကျဖို့ဆိုတာ အရင်ကတောင် EV(လျှပ်စစ်ကား) တင်သွင်းခွင့်ပေးတယ်ဆိုပေမယ့် အခုEV တင်သွင်းခွင့်တောင် နိုင်ငံခြားငွေ ရပ်တန့်မှုအများကြီးရှိသွားပြီဆိုတာ နမူနာယူရမယ့်ကိစ္စတစ်ခုပါ ။

VOM -ဒါဆို ကားတင်သွင်းခွင့်ပြုလိုက်ရင်လည်း ကားစျေးက​တော့ ဟိုအရင်က စျေးတန်းကို ပြန်ရောက်ဖို့မလွယ်တဲ့အနေအထားဖြစ်နေတာလား သိပါရစေ ။

KSTM – နိုင်ငံခြားငွေကြေး ရပ်တည်မှု ၊ငွေကြေးလဲလှယ်နူန်း အများကြီးမူတည်နေတယ်၊ဒီတော့ ကားတင်သွင်းခွင့် ပေးလိုက်လည်း ၁၀၀၀ တန် ကားက ၃၀၀ ပြန်ဖြစ်ဖို့ မမျှော်လင့်ဘူး၊ဘာလို့မမျှော်လင့်ဘူးဆိုလည်း ကားတင်သွင့်ခွင့်ပေးရင်နိုင်ငံခြားငွေလိုအပ်ချက် ပိုများလာမယ်၊များလာရင် ဝယ်လာသလောက် မြင့်မယ်၊ tax လည်းမြင့်မယ် အကုန်လုံး မြင့်လာမှာပါ ၊ဒါကို ကားတင်သွင်းခွင့်ပေးရုံနဲ့ သိန်း ၁၀၀၀ တန်ကားက ၃၀၀ လုံးဝမဖြစ်နိုင်ပါဘူး။

VOM -ဒါဆို လက်ရှိ ကားစျေးက အမြင့်တန်းမှာပဲ ဆက်ရှိနေမလား ၊ ဘယ်လိုတွေဆက်ဖြစ်နိုင်မလဲ သုံးသပ်ပေးပါအုံးရှင့် ။

KSTM – ဒီထက် ထပ်ပြီးတက်ဖို့လည်းမဖြစ်စေချင်ဘူး။အကို့ရဲ့ပါဆင်နယ်အမြင်ပေါ့။ ထပ်တက်ဖို့လည်းမ​မြင်ဘူး၊ စျေးတန်းက တန်းသွားမယ်၊ စျေးတန်းတန်းသွားမယ့်ကာလကလည်း ပုံသေနည်းလို့ပြောရရင် ကားစျေးကွက်ရဲ့ Expired dateကလည်း ကုန်တော့မယ်လို့အကိုမြင်တယ်၊၊အလွန်ဆုံး ရက်ပိုင်းလောက်ပေါ့။နောက်သြဂုတ်လလောက်ဆိုရင် အကိုပြောတာတွေ ဖြစ်သင့်ဖြစ်တာတွေဖြစ်လာမယ်လို့ မြင်ပါတယ်။ ကားစျေးတန်းသွားတာကို မျှော်လင့်ပါတယ်၊ကားစျေး မဟားတရားတက်တာကို မလိုချင်ပါဘူး ။ကားစျေးတန်းတဲ့အထိ တောင့်ခံနိုင်ဖို့အရေးကြီးပါတယ်။မတောင်ခံနိုင်သူတွေကတော့ အထိနာနိုင်ပါတယ်။

VOM – ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ လက်ရှိ ကားအရောင်းအဝယ် အခြေအနေရောဘယ်လိုရှိလဲ သိပါရစေရှင်။

KSTM – ကားတွေကတော့အကုန်အရောင်းအဝယ်ဖြစ်ပါတယ်။ ကာတစ်စီးရှိသင့်ရှိထိုက်တဲ့ ကားအမျိုးအစား၊ဗမာပြည်ကြိုက်ကား demand များတဲ့ကားက ပိုကြိုက်များတယ်။ အရင်ကတော့ တရုတ်ကားကြီးမို့ မဝယ်တာတို့ အဖြူရောင်ကြီးမို့ အရောင်ပျက်ကြီးမို့မဝယ်တာတို့ မရှိတော့ဘူး ။အရောင်ပျက်ပျက် မပျက်ပျက်၊တရုတ်မကလို့ ဘာလာလာရောင်းကြဝယ်ကြတယ်လို့ ဖြေချင်ပါတယ်။

ဟုတ်ကဲ့ VOM ကို အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#voiceofmyanmar #VOM #ကားဈေးကွက်ကဏ္ဍ #အင်တာဗျူးဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW