ကာလုံ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာစောင့်ကြည်သူ ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက်

ဩဂုတ် ၁-၂၀၂၃
KT(VOM)

၂၀၂၃ ဇူလိုင် ၃၁ရက် မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊၂၀၁၀-၂၀၁၅ အခု ၂၀၂၃ခုနှစ် နိုင်ငံရေးလေ့လာနေသူ၊ တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အမြင်ကို VOMက ဆက်သွယ်မေးမြန်းထားပါတယ်။

VOM -မနေ့ ဇူလိုင် ၃၁ရက်က ကျင်းပခဲ့တဲါ ကာလုံ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဦးခိုင်မောင်ရည်ရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။
KMY -လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကာလုံအစည်းအဝေးတင်ပြမှုနဲ့ ကာလုံအစည်းအဝေးဆုံးဖြတ်မှုက ၆ လ သက်တမ်းတိုးမယ်ဆိုတဲ့ ဆုံးဖြတ်မှုက ကျွန်တော်တို့ မျှော်မှန်းထားသလိုပါပဲ သက်တမ်းတိုးတယ်ဆိုတာကို တွေ့ရတယ်၊ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ကလူတွေ တွက်ဆထားသလိုဖြစ်လာပါတယ်၊ လက်ရှိအခြေအနေက အားရစရာ မရှိသေးဘူးပေါ့ဗျာ၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ထွက်ပေါက်က ရွေးကောက်ပွဲလို့မြင်ပါတယ်၊တခြားထွက်ပေါက်တွေ ရှိကောင်းရှိပါမယ်၊ဒါပေမယ့် ရွေးကောက်ပွဲကတော့ ထွက်ပေါက်တစ်ခုလို့သာမြင်ပါတယ်။

– နစက ပြုလုပ်မယ့် ရွေးကောက်ပွဲကဏ္ဍ
KMY- ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပပေးနိုင်တဲ့အခြေအနေမျိုးရှိရင်တော့ ကောင်းမွန်တဲ့အခြေအနေလို့ပြောရမှာပေါ့၊ ဒါပေမယ့် လက်ရှိအခြေအနေက ရွေးကောက်ပွဲမှာယှဥ်ပြိုင်မယ့် ပါတီအခြေအနေ၊ဝင်ပြိုင်ကြမယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အခြေအနေက အရမ်းခက်ခဲတဲ့အခြေအနေပါ၊(အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးကို ဆိုလိုတာပါ)၊လက်ရှိအခြေအနေက သတ္တိရှိပါတယ်ဆိုတဲ့အခြေအနေမျိုး မရှိဘူးလေ၊ သာမန်အခြေအနေမဟုတ်သေးဘူးဆိုတာ လက်ခံရမှာဖြစ်ပါတယ်၊၂၀၁၀ ရွေးကောက်ပွဲတုန်းက ဆန့်ကျင်တဲ့အခြေအနေမျိုး ဖြစ်ခဲ့တယ်၊ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲဖြစ်ခဲ့တယ်၊အရပ်သားအစိုးရပေါ်လာတယ်၊တပ်မတော်ဘက်က ပြောင်းလာတယ်ဆိုပေမယ့် အရပ်သားအစိုးရဖြစ်ခဲ့တာတော့ ငြင်းလို့မရပါဘူး၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ခဲ့လို့ NLD လည်း လွှတ်တော်ထဲရောက်လာခဲ့တယ်၊ အခု ပြန်ကျင်းပမယ့်ရွေးကောက်ပွဲဟာလည်း ဆန့်ကျင်မှုတွေဖြစ်လာပြီး ကိုယ်စားလှယ်လောင်းတွေကို အသက်ရန်ရှာတဲ့ဖြစ်စဥ်တွေ ပေါ်လာပါမယ်၊ ဒါဟာ သာမန်အခြေအနေထက် ဆိုးဝါးတဲ့အခြေအနေလို့ ပြောလို့ရတာပေါ့နော်၊ ဒါကြောင့်ရွေးကောက်ပွဲကို ကျင်းပလို့ရတဲ့အခြေအနေမဟုတ်ဘူးလို့ နားလည်ရပါမယ်၊ ဒါကြောင့်သက်တမ်းတိုးခြင်းလို့ ယူဆရပါမယ်။ နစက တက်လာစဥ်ကတည်းက ဦးတည်ချက်ထဲမှာရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်ဆိုတဲ့အချက်ပါတယ်၊ ကျွန်တော်တို့က ယုံကြည်ခြင်းမယုံကြည်ခြင်းတွေကို ခဏထားပါ၊ အရင်အစဥ်အလာတွေရှိခဲ့တယ်၊ နဝတ၊နအဖ လက်ထက်ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်၊ အဲဒီလမ်းကြောင်းအတိုင်း လိုက်ခဲ့ကြတယ်၊ ပါတီဖြစ်စေ ကိုယ့်အဖွဲ့အစည်းအနိုင်ရရေး ဆောင်ရွက်ခဲ့ကြတယ်၊ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံရမယ့်အပိုင်းကလည်း ရှိပါတယ်။

-အကြိမ်ကြိမ်သက်တမ်းတိုးတဲ့အပေါ် ဦးခိုင်မွန်ရည်ရဲ့ သုံးသပ်ချက်။
KMY -ကျွန်တော်တို့အနေ့နဲ့ အကြိမ်ကြိိမ်သက်တမ်းထပ်တိုးနေခြင်းမျိုး မဖြစ်စေချင်တော့ပါဘူး၊ တည်ငြိမ်အေးချမ်းစွာနဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်တဲ့အခြေအနေမျိုးကို လိုလားပါတယ်၊ ပြည်သူတွေအနေနဲ့လည်း ဘက်ပေါင်းစုံအကျပ်အတည်းကြားမှာ ရှင်သန်ရပ်တည်နေရပါတယ်၊ ဒီလိုအခြေအနေမျိုးက လွတ်မြောက်စေချင်ပါပြီ၊ပြောရရင် စစ်ကိုင်းတိုင်းထဲကပြည်သူတွေ ရင်ဆိုင်နေရတဲ့ဘဝတွေက ခက်ခဲနေကြရပါတယ်၊ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ၊တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးကောင်းမွန်တဲ့အခြေအနေမျိုး ဖန်တီးစေချင်ပါတယ်၊ နိုင်ငံရေးခေါင်းဆောင်တွေကြောင့် အကျပ်အတည်း တွေ့ခဲ့ကြရပါတယ်၊တစ်ဖက်မှာ စစ်ရေးခေါင်းဆောင်တွေနဲ့နိုင်ငံရေးခေါင်းဆောင်၊တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းဖို့ ဆွေးနွေးတိုင်ပင်စေချင်ပါတယ်၊သက်တမ်း ထပ်တိုးတာကို ဘာမှမပြောလိုပေမယ့် အကြိမ်ကြိမ်သက်တမ်းတိုးနေတာမျိုး ရွေးကောက်ပွဲမလုပ်နိုင်တာမျိုးကို မလိုလားပါဘူး၊ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေချင်ပါပြီ၊ အားလုံးဝိုင်းဝန်းပူးပေါင်းပြီး နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းစေချင်ပါပြီလို့ ပြောချင်ပါတယ်။

#voiceofmyanmar #VOM #ကာလုံဆုံးဖြတ်ချက် #ဦးခိုင်မောင်ရည် #အင်တာဗျူးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW