ဒီကနေ့ လွတ်ငြိမ်းနဲ့ လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့သာ ပါဝင်

ဩဂုတ် ၁ – ၂၀၂၃ GG (VOM) တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဥ်းသူတွေထဲက ၇၇၄၉ ဦးကို ဒီနေ့ ဩဂုတ် ၁ ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ကြေညာခဲ့ပါတယ်။ အဲ့ဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့သာပါဝင်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ အဲ့ဒီအထဲမှာ မန္တလေးတိုင်းက အကျဉ်းထောင်နဲ့ အလုပ်ကြမ်းစခန်းက(၁၃၃၆)ဦးလွတ်မြောက်ခဲ့ရာ အိုးဘိုထောင်က အကျဥ်းသား/အကျဥ်းသူ (၇၅၁)ယောက်၊ မြင်းခြံအကျဥ်းထောင်က (၁၃၀)ယောက် ၊ မိတ္တိလာ အကျဥ်းထောင်က (၇၁)ယောက် ၊ ရမည်းသင်းအကျဥ်းထောင်က (၁၉၅)ယောက် ၊ညောင်ဦးအကျဥ်းထောင်က (၄၈)ယောက် ၊ အလုပ်ကြမ်းစခန်း(၇)ခုက အကျဥ်းသူ/အကျဥ်းသား(၁၄၁)ယောက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ မွန်ပြည်နယ်ရဲ့အကျဥ်းထောင် ၊အလုပ်စခန်းကလည်း အကျဉ်းသား/အကျဥ်းသူ အယောက် (၅၀၀) လွတ်ငြိမ်းနဲ့လွတ်မြောက်ခဲ့ကြောင်း၊ အဲ့ဒီအထဲမှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်က အကျဉ်းသား(၈၂)ယောက်နဲ့ အကျဉ်းသူ(၁၄)…

Read More

မြန်မာသံအဆိုတော် ပိုင်သက်ကျော် လွတ်ငြိမ်းနဲ့ပြန်လွတ်လာ

ဩဂုတ် ၁ – ၂၀၂၃ GG(VOM) မြန်မာသံအဆိုတော် ပိုင်သက်ကျော်ဟာ ဒီနေ့ ဩဂုတ် ၁ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော်ပိုင်သက်ကျော်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်ပါတယ် ၊ဆရာပိုင်သက်ကျော် ဒီနေ့ဝဋ်ကြွေးကျေပြီလို့ ပြောရပါမယ်။ပြန်လွတ်လာပါပြီ၊ အခုအိမ်ကိုပြန်ရောက်နေပါပြီ “လို့ ပိုင်သက်ကျော်ရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။ အဆိုတော် ပိုင်သက်ကျော်ကို CDM တွေ ထောက်ပံ့တယ်ဆိုပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လထဲမှာ အင်းစိန်ထောင်အထူးတရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀)ည နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပိုင်သက်ကျော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်က သူနေထိုင်တဲ့ လှိုင်သာယာမြို့နယ် ၊ နဝဒေးအိမ်ရာဝင်းထဲရှိတဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း၊ ဖမ်းဆီးပြီး ၄…

Read More

ကုန်စျေးနူန်းတက်နေတာကို ထိန်းဖို့ဆိုပြီးပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီအဖွဲ့ ဖွဲ့စည်း

သြဂုတ် ၁ – ၂၀၂၃ GG (VOM) မြင့်တက်နေတဲ့ ကုန်စျေးနူန်းကို တည်ငြိမ်အောင်လုပ်ဖို့ဆိုပြီး ပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီအဖွဲ့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ပြည်ထဲရေး၊ဆောက်လုပ်ရေး၊စွမ်းအင်ဝန်ကြီးဌာန၊သမဝါယမဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊အလုပ်ငမားဝန်ကြီးဌာန ၁၀ ခုနဲ့ ဗဟိုဘဏ်၊ရန်ကုန်နဲ့ နေ​ပြည်တော်၊ မန္တလေး စည်ပင်၊UMFCCI တို့ ပါဝင်တယ်လို့ သိရပါတယ်။ ” တွေ့ပါတယ် ၊သူတို့လုပ်မယ့်အချက် ၁၀ ချက်ဖော်ပြထားတာတွေ့ရတယ်။စာကတော့ ထုတ်ပြီးပြီ။ စီးပွားရေးဝန်ကြီး ဦးဆောင်မယ်သိရတယ်။ ဘယ်လိုထိန်းမှာလဲ ပြောထားတဲ့ အချက်တွေထဲကလို လမ်းစရိတ်ကြီးတာ၊လမ်းမှာပစ္စည်းတွေကြန့်ကြာနေတာ၊ စျေးက တက်ပါတယ်ဆို ပစ္စည်းကပြတ်တာတွေ အခုဆိုဆေးဝါးတွေ တက်တယ်။ပစ္စည်းအကုန်တက်ပါတယ်။ ဘယ်လိုထိန်းမလဲ စောင့်ကြည့်ရပါမယ် ၊စာတွေကတော့ ထုတ်နေတာပဲ၊တကယ်လုပ်ဖို့က အဓိကပါ စာထုတ်နေရုံနဲ့ ဘာမှဖြစ်မလာဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ​ အဲ့ဒီပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကတော့ အခြေခံစားကုန်ပစ္စည်းဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်း ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့…

Read More

မြို့တော်မော်စကိုနဲ့ ပင်လယ်နက်ရှိ စစ်သင်္ဘောတွေကို ယူကရိန်းတိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို၊ သြဂုတ်-၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ မိုးမျှော်တိုက်တလုံးကို နှစ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း မြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က ပြောပါတယ်။ မောင်းသူမဲ့လေယာဉ်အများအပြားကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်ခဲ့ကြောင်း ရုရှားကစွပ်စွဲထားပေမယ့် ယူကရိန်းဘက်ကတော့ မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိပါဘူး။ ဒါ့အပြင် ယူကရိန်းဟာ ပင်လယ်နက်ရှိ ရုရှားစစ်သင်္ဘောနှစ်စင်းကိုလည်း တိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး တိုက်ခိုက်ဖို့လာတဲ့ မောင်းသူမဲ့စက်လှေသုံးစင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။ စစ်ပွဲဟာ တဖြည်းဖြည်းနဲ့ ရုရှားဘက်ကို ပြန်ရောက်လာပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သတိပေးပြောဆိုထားပါတယ်။ ဒီအတောအတွင်း ယူကရိန်းနိုင်ငံ ခါကိဗ်မြို့မှာရှိတဲ့ လူနေထူထပ်တဲ့ဒေသတွေကို ရုရှားမောင်းသူမဲ့လေယာဉ်တွေက လာရောက်တိုက်ခတ်ခဲ့ပြီး ကောလိပ်တခုရဲ့ အထပ်နှစ်ထပ် ပျက်စီးသွားပါတယ်။ ယူကရိန်းအလယ်ပိုင်း ခရီဗီရီချ်မြို့မှာလည်း ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၀…

Read More

မူဆယ်နယ်စပ် ကုန်သွယ်ရေး တပတ်တာအခြေအနေ

ဩဂုတ် ၁- ၂၀၂၃ Shy V(VOM) မြန်မာနိုင်ငံရဲ့ ‌အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် နယ်စပ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် ကုန်သွယ်မှု လုပ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၇.၁၃၀)သန်း ဖြစ်ကြောင်း မူဆယ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းက အချက်အလက်တွေအရ သိရပါတယ်။ တပတ်အတွင်း မူဆယ်နယ်စပ်ကနေ တရုတ်ဘက်ကို ငါးရှဉ့်၊ ကဏန်း၊ ကြေးနီ၊ ကြက်သွန်နီ၊ နနွင်းတက်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ပုစွန်ဖွဲ၊ ဝါဂွမ်း၊ ပြောင်းဖူးစေ့ စတဲ့ပို့ကုန်ပစ္စည်းတွေ…

Read More

နိုင်ဂျာမှာ စစ်ရေးဝင်ရောက်စွက်ဖက်ရင် ကာကွယ်ပေးမှာဖြစ်ကြောင်း အာဏာသိမ်း အိမ်နီးချင်းနှစ်နိုင်ငံ သတိပေး

နီယာမေ ၊ သြဂုတ်-၁-၂၀၂၃ မျိုးဆက်(VOM) အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ အခြားဘယ်နိုင်ငံက ဘယ်လိုစစ်ရေးဝင်ရောက်စွက်ဖက်ခြင်းမဆို စစ်ကြေညာခြင်းလို့ မှတ်ယူမှာဖြစ်ကြောင်း စစ်အစိုးရဦးဆောင်နေတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့က ထုတ်ပြန်သတိပေးလိုက်ပါတယ်။ နိုင်ဂျာမှာ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုအပ်ကို ရာထူးအာဏာ ပြန်လည်အပ်နှင်းခြင်းမပြုရင် ခုနှစ်ရက်အတွင်း နိုင်ဂျာကို စစ်ရေးအရ ကြားဝင်မယ်လို့ အနောက်အာဖရိက ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ Ecowas က ခြိမ်းခြောက်ထားပါတယ်။ အဲဒီလို စစ်ရေးအရ အင်အားသုံးတိုက်ခိုက်လာရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နိုင်ဂျာကို ကာကွယ်ပေးသွားမှာဖြစ်ပြီး Ecowas အဖွဲ့ကနေလည်း နှုတ်ထွက်မှာဖြစ်ကြောင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့က ပြောပါတယ်။ စစ်အစိုးရတွေဦးဆောင်နေတဲ့ ဒီနှစ်နိုင်ငံရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွင်းမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။ ဒီလိုစစ်ရေးအရ ကြားဝင်တာဟာ ဆိုးရွားပြီး မတည်မငြိမ်တွေ ဖြစ်ပွားလာနိုင်ကြောင်း ဘာကီနာဖာဆိုနဲ့ မာလီအာဏာပိုင်တွေက သတိပေးထားပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီနဲ့…

Read More

တရုတ်နျူကလီးယားတပ်ဖွဲ့ ထိပ်တန်းတာဝန်ရှိသူနှစ်ဦးကို ထုတ်ပယ်ပြီး အစားထိုးခန့်အပ်

ပေကျင်း၊ သြဂုတ်-၁-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ နျူကလီးယားတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦးနေရာမှာ အစားထိုးခန့်အပ်မှု ပြုလုပ်ခဲ့တာကြောင့် သူတို့နှစ်ဦးနဲ့ပတ်သက်တဲ့ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ဟာ လနဲ့ချီပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့နေရာမှာ လက်ထောက်ရေတပ်ဦးစီးချုပ်ဟောင်း ဝန်ဟူဘင်နဲ့ ပါတီဗဟိုကော်မတီဝင် ရှူရှီရှန်းတို့ကို သမ္မတရှီကျင်းပင်က အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ ဘယ်မှာရှိနေတယ်ဆိုတာ အာဏာပိုင်တွေက မှတ်ချက်မပေးပေမယ့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ သူတို့နှစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်း South China Morning Post သတင်းဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြထားပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်စစ်တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ မျှော်လင့်မထားတဲ့ အကြီးမားဆုံး အပြောင်းအလဲ အရွေ့တခုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်များအတွင်း နျူကလီးယားဆိုင်ရာ မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်းအပြောင်းအလဲလုပ်နေကြောင်း Asia Society Policy…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့အမှုအချို့ လွတ်ငြိမ်းသက်သာခွင့်ရ

ဩဂုတ် ၁-၂၀၂၃ KT(VOM) ဒီနေ့ ဩဂုတ် ၁ရက်နေ့မှာ ကျရောက်တဲ့ ဓမ္မာစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံအတိုင်းအတာ အကျဉ်းသူ/သား ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ နစက က ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ ပြစ်ဒဏ်ချခံနေရတဲ့ အမှုတွေထဲက တချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ့အသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အမှုအကြောင်းလားခင်ဗျာ၊လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပေမယ့်အမှုတွေအများကြီးကျန်သေးတာပေါ့နော်၊ အခုသက်သာခွင့်ပြုတာက ပထမဆုံးစွဲထားတဲ့အမှုတွေပေါ့နော် ၃၅ တို့၃၇တို့က ဒေါ်စုပေါ့နော်၊ ၃၆ ကိုဗစ်အမှုတွေပေါ့နော်၊ အမှုတွေအများကြီးကျန်သေးတာပေါ့၊ အခုသက်သာခွင့်ပြုတာက ၅ မှုလေ အများကြီးကျန်သေးတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၈ မှုလောက်ရှိတယ်လေ၊ သက်သာခွင့်ပေးတာပေါ့နော်”လို့ ပြောပါတယ်။ ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်(၂၂)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #လွတ်ငြိမ်းသက်သာ

Read More

This Day in History: August 1 Voice of Myanmar

This Day in History: August 1 Voice of Myanmar အင်္ဂလိပ်ဓါတုဗေဒပညာရှင် ဂျိုးဆက်ပရစ်စလေသည် ဓါတ်ငွေ့ဆိုင်ရာ သမိုင်းဝင်တွေ့ရှိမှုအဖြစ် အောက်ဆီဂျင်ကို ဓါတ်ငွေ့အခြေအနေအတိုင်း ခွဲထုတ်ပြီး ၁၇၇၇ ခုနှစ် သြဂုတ် ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ #VoiceOfMyanmar #VOM #ThisDayinHistory #August1 #သမိုင်းထဲကဒီနေ့

Read More

ရေချိုငါးလုပ်ငန်းဥပဒေ ဖျက်သိမ်းလိုက်တာရဲ့နောက်ဆက်တွဲ အခြေအနေ

ဩဂုတ် ၁ – ၂၀၂၃ GG (VOM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “ရေချိုငါးလုပ်ငန်းဥပဒေ’ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်၂၈ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။ ရေချိုးငါးလုပ်ငန်းဥပဒေ ရုပ်သိမ်းတဲ့ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၃/၂၀၂၃)နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုးပြီး ရုပ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းထားချိန်မှာတောင် ငါးဖမ်းသူတွေက လိုက်နာမှုအားနည်းတာ ၊ ဘက်ထရီလျှော့ရိုက်ငါးဖမ်းတာ၊ အင်းသူကြီးတွေက ရရှိတဲ့ အင်းလေလံနှစ်အတွင်းမှာ အင်းထဲက ငါးကိုရသလောက် အကုန်ဖမ်းဆီးတာတွေ စတဲ့ ဥပဒေကိုကျော်လွန်လုပ်ဆောင်တာတွေ အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။ ရေချိုငါးလုပ်ငန်းဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုပေမယ့်လည်း ဖျက်သိမ်းလိုက်တာဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုပြီးဖြစ်စေလို့ ဥပဒေအသစ်ထပ်မံပြဌာန်းမယ်ဆိုပါကလည်း အမြန်ဆုံးပြဌာန်းဖို့လိုကြောင်း ၊ ဥပဒေဖျက်သိမ်းတဲ့ကြားကာလမှာ ထိန်းသိမ်းမယ့်နည်းလမ်းနဲ့ လုပ်ဆောင်မယ့် စည်းကမ်းတွေကို ထုတ်ပြန်အသိပေးဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး…

Read More
VOM News

FREE
VIEW