ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့အမှုအချို့ လွတ်ငြိမ်းသက်သာခွင့်ရ

ဩဂုတ် ၁-၂၀၂၃
KT(VOM)

ဒီနေ့ ဩဂုတ် ၁ရက်နေ့မှာ ကျရောက်တဲ့ ဓမ္မာစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံအတိုင်းအတာ အကျဉ်းသူ/သား ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ နစက က ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ ပြစ်ဒဏ်ချခံနေရတဲ့ အမှုတွေထဲက တချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ့အသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အမှုအကြောင်းလားခင်ဗျာ၊လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပေမယ့်အမှုတွေအများကြီးကျန်သေးတာပေါ့နော်၊ အခုသက်သာခွင့်ပြုတာက ပထမဆုံးစွဲထားတဲ့အမှုတွေပေါ့နော် ၃၅ တို့၃၇တို့က ဒေါ်စုပေါ့နော်၊ ၃၆ ကိုဗစ်အမှုတွေပေါ့နော်၊ အမှုတွေအများကြီးကျန်သေးတာပေါ့၊ အခုသက်သာခွင့်ပြုတာက ၅ မှုလေ အများကြီးကျန်သေးတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၈ မှုလောက်ရှိတယ်လေ၊ သက်သာခွင့်ပေးတာပေါ့နော်”လို့ ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်(၂၂)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW