ထိုင်းရောက် မြန်မာတွေ ပတ်စ်ပို့စာအုပ်အသစ်လုပ်ဖို့ ရက်ချိန်းတိုကင်ယူတဲ့စနစ်ကို ဖျက်သိမ်း

ဩဂုတ် ၃၁ – ၂၀၂၃ GG (VOM) ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့စ်စာအုပ်အသစ်လုပ်ဖို့အတွက် ရက်ချိန်းတိုကင်ယူရတဲ့စနစ်ကို စက်တင်ဘာ ၁ ရက်က စပြီး ဖျက်သိမ်းလိုက်ပြီလို့ ဘန်ကောက်၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးက ဒီနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။ ရက်ချိန်း ကြိုတင်ရယူတဲ့စနစ် ပယ်ဖျက်လိုက်တာကြောင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ လူကိုယ်တိုင် လာရောက်ပြီး စာအုပ်အသစ် လုပ်ဆောင်ရမှာဖြစ်လို့ အဝေးမှာအလုပ်လုပ်သူတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ ” ဝေးတဲ့သူတွေက ရက်ချိန်းယူပြီးလုပ်ရတာ ပိုအဆင်ပြေတယ်၊ အဲ့ဒါထက်ပိုကောင်းတာက အွန်လိုင်းစနစ်ကနေ လုပ်ပေးရင်ပေါ့။ ကျနော်တို့ အဝေးကြီးမှာနေတဲ့လူတွေဆို ဘယ်လိုလုပ်မလဲ ဖားတိုင်းရနောင်းတို့ စူလပ်ဌာနီတို့ဆိုရင်ပေါ့။ မလေးရှားဆို အွန်လိုင်းစနစ်လုပ်မယ်ကြေညာတာတွေ့တယ်။ အဲ့ဒီလိုလုပ်စေချင်တယ်၊ဖုန်းဆက်ရင်လည်း သံရုံးက ခေါ်မရတာနဲ့မကိုင်တာနဲ့၊အွန်လိုင်းကဆိုရင် ဆက်စရာကိုမလိုဘူး “လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။ ရက်ချိန်းတိုကင်ယူတဲ့စနစ်ကို ဇူလိူင် ၂၉ ရက်က စပြီး…

Read More

ဘုရင့်နောင် ပွဲရုံထဲက “သုခရှင်”ဆန်ရောင်းဝယ်ရေး ဓားပြတိုက်သူတွေကို ငွေသားနဲ့အတူ ဖမ်းမိ

ဩဂုတ် ၃၁ – ၂၀၂၃ GG( VOM) ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၊ဘုရင့်နောင်ပွဲရုံဝန်းထဲက ” သုခရှင် “ဆန် နှင့်အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင် ဓားပြတိုက်သူတွေကို မနေ့ ဩဂုတ် ၃၀ ရက်မှာ လုယက်သွားတဲ့ ငွေသား တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။ ” ဟုတ်တယ် ၉ ယောက်မိတာ၊ တိုက်တဲ့နေ့ကသိတာက အထဲဝင်လာတဲ့ ၆ ယောက်ပဲသိလိုက်ကြတာ၊ အပြင်မှာ ကျန်တာကိုမသိကြဘူးလေ၊အခုဖမ်းမိပြီး စစ်မှ ၉ ယောက်ဖြစ်နေတာကို သိကြတာပါ။ပိုက်ဆံရော ဖုန်းရော ​ပြန်ရတယ်လို့ သိရပါတယ် “လို့ ဘုရင့်နောင်ပွဲရုံ ကုန်သည်တစ်ဦးကပြောပါတယ်။ လက်ရှိဖမ်းဆီးရမိသူတွေက ပြည်ဖြိုးအောင် (ခ)သာဓု၊ မောင်မောင်ထွေး၊ ရှိုင်းထက်အောင် (ခ)သံချောင်း၊ ကောင်းစည်သူဖြိုး (ခ)လှစည်သူ၊ကျော်စွာလင်း (ခ)ကျားကြီး၊ လင်းလင်းနိုင် (ခ)ကိုလင်း၊ နိုင်ထက်လင်း (ခ)အဖိုးကြီးနဲ့ အောင်ကျော်ကျော် (ခ)အောင်ကျော်တို့ ဖြစ်တယ်လို့…

Read More

တောင်အာဖရိက ဂျိုဟန်နက်စဘတ်မြို့မှာ တိုက်ခန်းတွဲမီးလောင်မှု လူ(၇၀) ကျော်သေဆုံး

ဂျိုဟန်နက်စဘတ် ၊ သြဂုတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့လယ်ရှိ တိုက်ခန်းတွဲအဆောက်အအုံတခုမီးလောင်မှုကြောင့် လူ ၇၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေကပြောာပါတယ်။ ငါးထပ်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့မီလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ လက်ရှိမှာတော့ အဆောက်အအုံအတွင်းနေထိုင်သူတွေကို ကယ်ထုတ်ခဲ့ပြီး ရုပ်အလောင်းတွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီတိုက်ခန်းတွဲမှာနေထိုင်သူ အများစုဟာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ကြတယ်လို့ ကနဦးသတင်းတွေက ဖော်ပြထားပါတယ်။ မီးလောင်မှုဖြစ်ပွာခဲ့တဲ့ ဂျိုဟန်နက်စဘတ်အလယ်ပိုင်းဟာ အာဖရိကရွှေ့ပြောင်းနေထိုင်သူအများစု နေထိုင်ရာနေရာဖြစ်ပါတယ်။ မီးလောင်ခဲ့တဲ့ တိုက်ခန်းတွဲဟာ ပြန်ပေးဆွဲခံထားရအဆောက်အအုံတွေလို့ သတ်မှတ်ထံထားရတဲ့အရပ်မှာရှိပြီး အများစုကို ပြည်ပကလာရောက်သူတွေက ကျူးကျော်သိမ်းပိုက်ထားကြတာဖြစ်ပါတယ်။ အာဖရိကဒေသမှာ စီးပွားရေးအင်အားကြီးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဖရိကရှိအခြားနိုင်ငံတွေကလူတွေအတွက် အဓိကအားထားရာနိုင်ငံဖြစ်ပြီး အထူးသဖြင့် သတ္တုတွင်းကဏ္ဍအလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြသူအများစုဖြစ်ပါတယ်။ Ref:BBC Photo: Reuters #voiceofmyanamr #VOM #တောင်အာဖရိက #ဂျိုဟန်နက်စဘတ် #တိုက်ခန်းတွဲမီးလောင်မှု #လူ(၇၀)ကျော်သေဆုံး

Read More

တောင်ကိုရီးယားကို နျူကလီးယားတိုက်ခိုက်မှုပုံစံ မြောက်ကိုရီးယားလေ့ကျင့်

ဆိုးလ်၊ သြဂုတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားရှိ စစ်ဘက်ပစ်မှတ်တွေကို နျူကလီးယားနဲ့တိုက်ခိုက်တဲ့ အသွင်တူလေ့ကျင့်မှုကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းနဲ့ လေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားရှိ အဓိကစစ်ဘက်ကွပ်ကဲမှုဌာနတွေနဲ့ စစ်ဆင်ရေးလေယာဉ်ကွင်းတွေကို မြေလှန်ပစ်နိုင်တဲ့ တိုက်ခိုက်မှုမျျိုးပုံဖော်ပြီး နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်မှု လေ့ကျင့်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ ဒေသတွင်းမှာ အမေရိကန်ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ချထားမှုနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို အသွင်တူပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ မိမိတို့ အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဖြန့်ကြက်လာတာမျိုးလို စစ်ရေးခြိမ်းခြောက်မှုနဲ့ စိန်ခေါ်နေတဲ့ရန်သူတွေဆီကိုပြတ်ပြတ်သာသား သတင်းစကားပါးလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီဒုံးကျည်တွေကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ညသန်းခေါင်ယံအချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားသတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။ ဒုံးကျည်တွေ ပစ်ခတ်လေ့ကျင့်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ရှုတ်ချပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanamr #VOM…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၃၁ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၃၁ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanamr #VOM #TodayGoldprice #August31

Read More

ဂါဘွန်နိုင်ငံမှာ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကပယ်ချပြီး သမ္မတကိုဖမ်းဆီး အာဏာသိမ်းမှုဖြစ်ပွား

လီဘရီဗီး၊ သြဂုတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) ဗဟိုအာဖရိကဒေသရှိ ဂါဘွန်နိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ကြောင်း အာဏာသိမ်းစစ်ခေါင်ဆောင်တွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။ စနေနေ့ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အလီဘွန်ဂိုအနိုင်ရရှိကြောင်း ရွေးကော်ပွဲကော်မရှင်က ကြေညာခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ချပြီး အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ အဲဒီလိုအာဏာသိမ်းမှုကြောင့် ဂါဘွန်မှာ ရာစုနှစ်ဝက်ကျော် သမ္မတအုပ်ချုပ်ရေးအဆုံးသတ်သွားပြီဖြစ်ပါတယ်။ သမ္မတဘွန်ဂိုရဲ့ဖခင်ဟာ ရေနံကြွယ်ဝတဲ့ ဂါဘွန်နိုင်ငံမှာ ၁၉၆၇ ခုနှစ်က သမ္မတဖြစ်လာခဲ့ပြီး ဘွန်ဂိုကတော့ ၂၀၀၉ ခုနှစ်မှာ သမ္မတဖြစ်လာပါတယ်။ ဘွန်ဂိုရဲ့ အစိုးရသည် အုပ်ချုပ်ရေးဆိုင်ရာတာဝန်မဲ့စွာအုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံအခြေအနေပိုမိုဆိုးရွားစေပြီး ရွေးကောက်ပွဲရလဒ်ဟာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဗဟိုအာဖရိကနဲ့ အနောက်အာဖရိကနိုင်ငံအများအပြားမှာ စစ်အာဏာသိမ်းမှုတွေအများအပြားဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်းကလည်း နိုင်ဂျာမှာ သမ္မတကိုဖြုတ်ချပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပါတယ်။ Ref:NHK #voiceofmyanamr #VOM #GabonMilitaryOfficers #declarecoup

Read More

This Day in History(August31)

This Day in History(August31) Voice of Myanamr ဗြိတိန်တော်ဝင်မိသားစုဝင်တဦးဖြစ်ခဲ့သူ မင်းသမီးဒိုင်ယာနာသည် ၁၉၉၇ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ကွယ်လွန်သွားခဲ့သည်။ #voiceofmyanamr #VOM #ThisDayInHistory #August31

Read More

ငွေကြိုယူပြီး ကားရောင်းတဲ့သူက ဝယ်ယူသူကို တာဝန်ခံမှုမရှိတဲ့ကိစ္စရပ်တွေ ဖြစ်နေ

ဩဂုတ် ၃၁ – ၂၀၂၃ GG (VOM) Preorder စနစ်နဲ့ ကားရောင်းသူတွေက ဝယ်သူဆီကနေ ကြိုတင်ငွေရယူထားပြီး ကားအပ်ဖို့ သတ်မှတ်အချိန်မှာ ကားကို customer လက်ထဲ မအပ်နိုင်တဲ့အပြင် တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ကိစ္စတွေဖြစ်နေတယ်လို့ သိရပါတယ် ။ အခုလို Preorder စနစ်နဲ့ ကြိုငွေရယူပြီး ကားမအပ်နိုင်လို့ ပြဿနာတက်နေရတဲ့ကိစ္စတွေကို အရေးယူ ဖြေရှင်းဖို့လိုကြောင်း၊ အကယ်၍ မဖြေရှင်းနိုင်ပါက ပရီအော်ဒါစနစ်ဖြင့် ကားရောင်းတဲ့စနစ်၊ Brand New ဇီးရိုးကီလို ရောင်းတဲ့ စနစ်နဲ့ ကားအသစ်​ရောင်းတဲ့စနစ်ဟာ ပျက်စီးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် မှသုံးသပ်ပြောပါတယ်။ ” Customer ကနစ်နာလို့ ဥပဒေအရစကားပြောမယ်ဆိုရင် စာချုပ်ပါစည်းမျဥ်းစည်းကမ်းအရ Dealer ကိုပဲ ပြောရမယ်၊ ဗမာပြည်မှာဖြန့်နေတဲ့ Kia ကုမ္ပဏီကို တရားသွားစွဲလို့မရဘူး၊သူဝယ်တာက…

Read More

စားသုံးဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၃၁ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦးကို မနေ့ သြဂုတ် ၃၀ ရက်၊ ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် ဆီတင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ) အဖွဲ့က ပူးပေါင်းဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “သူတို့ကို ဘယ်မှာထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်တော့ မသိဘူး။ အဖမ်းခံရတာတော့ သေချာပါတယ်။ အခုကတော့ ခေါ်မေးနေတုန်းအဆင့်ပဲ ရှိပါသေးတယ်။ တရားဝင် ပုဒ်မတပ်တာတော့ မကြားမိသေးဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ပြည်ပက စားသုံးဆီတွေကို ပြည်တွင်းကို တင်သွင်းပြီး ရောင်းချရာမှာ တရားဝင်သတ်မှတ်ဈေး…

Read More

မလေးရှားရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို အွန်လိုင်းဘိုကင်စနစ် ပြောင်းလဲမယ်

ဩဂုတ် ၃၀ – ၂၀၂၃ SN (VOM) မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို လာမယ့် စက်တင်ဘာ ၄ ရက်မှစတင်ကာ အွန်လိုင်းဘိုကင်စနစ် ပြောင်းလဲမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး (ကွာလာလမ်ပူ)ကနေ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပျောက်ဆုံး/အသစ်လျှောက်ထားခြင်း ကိစ္စတွေကို မြန်မာနိုင်ငံသံရုံးသို့ လူကိုယ်တိုင်သွားရောက်ပြီး ရက်ချိန်းယူရတဲ့စနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အွန်လိုင်းကနေ QR Code နဲ့ ရက်ချိန်းရယူတဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကိုယ့်ဘာသာကိုယ် သံရုံးမှာ ရက်ချိန်းယူပြီးလုပ်မယ်ဆို ၅ လ၊ ၆ လလောက်ကြာတယ်။ ဒီ QR Code နဲ့ဆိုရင်တော့ ဘယ်လောက်ကြာမယ် မသိဘူး။ အမှန်အတိုင်းပြောရရင် ဒီစနစ်ကို မကြိုက်ဘူး။ ရှေ့မှာလည်း QR Code တင်မရလို့…

Read More
VOM News

FREE
VIEW