ဩဂုတ် ၃၁ – ၂၀၂၃
GG (VOM)
Preorder စနစ်နဲ့ ကားရောင်းသူတွေက ဝယ်သူဆီကနေ ကြိုတင်ငွေရယူထားပြီး ကားအပ်ဖို့ သတ်မှတ်အချိန်မှာ ကားကို customer လက်ထဲ မအပ်နိုင်တဲ့အပြင် တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ကိစ္စတွေဖြစ်နေတယ်လို့ သိရပါတယ် ။
အခုလို Preorder စနစ်နဲ့ ကြိုငွေရယူပြီး ကားမအပ်နိုင်လို့ ပြဿနာတက်နေရတဲ့ကိစ္စတွေကို အရေးယူ ဖြေရှင်းဖို့လိုကြောင်း၊ အကယ်၍ မဖြေရှင်းနိုင်ပါက ပရီအော်ဒါစနစ်ဖြင့် ကားရောင်းတဲ့စနစ်၊ Brand New ဇီးရိုးကီလို ရောင်းတဲ့ စနစ်နဲ့ ကားအသစ်ရောင်းတဲ့စနစ်ဟာ ပျက်စီးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် မှသုံးသပ်ပြောပါတယ်။
” Customer ကနစ်နာလို့ ဥပဒေအရစကားပြောမယ်ဆိုရင် စာချုပ်ပါစည်းမျဥ်းစည်းကမ်းအရ Dealer ကိုပဲ ပြောရမယ်၊ ဗမာပြည်မှာဖြန့်နေတဲ့ Kia ကုမ္ပဏီကို တရားသွားစွဲလို့မရဘူး၊သူဝယ်တာက delar ဆီကဝယ်ရင် သူနဲ့ပဲပြောရမယ်၊deler နဲ့ customer တခါရှင်း၊ deler နဲ့ Kia ကုမ္ပဏီ တခါရှင်းရမယ်၊ဝယ်သူနဲ့ရောင်းသူကြားပြေလည်အောင်ဖြေရှင်းရမယ်၊တဖက်နဲ့တဖက်မနစ်နာအောင်ရှင်းရမယ်၊ဒီကာလမှာ ပရီအော်ဒါကောက်တာက brand new zero kilo ကားတွေကိုကောက်ကြတာပါ၊ပရီအော်ဒါကားကိစ္စတွေ နှစ်ဦးနှစ်ဖက် ကတိကဝတ်စည်းမျဥ်းတွေအတိုင်း တိတိပပဖြေရှင်းသင့်ပြီ”လို့ ဦးကျော်စွာထွန်းမြင့်ကပြောပါတယ်။
လက်ရှိ ပရီအော်ဒါစနစ်နဲ့ ကြိုတင်ငွေရယူကာ ကားရောင်းထားပြီး ကားမအပ်နိုင်လို့ ပြဿနာတက်နေတာက EV ကားကနည်းပြီး ICE ကားတွေဖြစ်ကြောင်း၊ ကြိုတင်ငွေရယူသူတွေထဲမှာ ၃၀ ရာခိုင်နူန်း ၊၅၀ ရာခိုင်နူန်း နဲ့ ၁၀၀ ရာခိုင်နူန်း အပြည့် တောင်းသူတွေရှိတယ်လို့ ကားဝယ်ရောင်းလုပ်သူတွေဆီက သိရပါတယ်။
ကားအရောင်းပြခန်းတွေနဲ့ ကားရောင်းသူအချို့ဟာ ဝယ်သူဆီကနေ ပရီအော်ဒါစနစ်နဲ့ စရံငွေရယူထားပြီး ကားအပ်ရမယ့် သတ်မှတ်ကာလမှာ ကားမအပ်နိုင်တဲ့ ပြဿနာတွေဖြစ်နေတယ်လို့သိရပါတယ်။
ဒါ့ကြောင့် ကားတင်သွင်းခွင့်ပြုတဲ့ MIC ရင်းနှီးမြုပ်နှံမှုဦးစီဌာနအနေဖြင့် အရေးယူပေးဖို့လိုသလို စားသုံးသူရေးရာဌာနကိုလည်း တိုင်ကြားခွင့်ရဖို့ လိုအပ်နေတယ်လို့ ကားဝယ်ယူသူတွေကပြောပါတယ်။
“SSS ကုမ္ပဏီက လိုင်စင်ကျတာဘယ်လောက်လဲ၊ တင်သွင်းပြီးတာဘယ်လောက်လဲ၊ Customer လက်ထဲ ကားအပ်ပြီးတာ ဘယ်နှစ်စီးရှိပြီလဲ၊ Stock လက်ကျန်ဘယ်လောက်လဲ၊ Preorder လက်ခံထားတာဘယ်လောက်လဲ၊ On the Way လာနေတာဘယ်လောက်လဲ၊ Korea KIA မှာ order တင်ထားတာဘယ်နှစ်စီးလဲ စာရင်းအတိအကျသိရမှဖြစ်ပါမယ်၊ နောက်ပေါက်ကနေ အားလုံးရောင်းစားနေရင်ဘယ်သူသိမလဲ၊ SSS ကားကုမ္ပဏီအနေနဲ့ Preorder လက်ခံတယ်ဆိုတာ ဒီဘက်မှာလဲလိုင်စင်ကျလို့၊ Korea KIA Car ကုမ္ပဏီကိုလဲ စရံငွေပေးရမှာမလို့ လက်ခံတာမဟုတ်ဘူးလား ၊အဲ့လိုမဟုတ်ဘူးဆိုရင် ငွေကိုယူသုံးထားတာဆိုရင် လိမ်တာမဟုတ်ဘူးလား “လို့ ပြည်သူတစ်ဦးက သုံးသပ်ပြောပါတယ်။
KIA ကားတင်သွင်းနေတဲ့ Super Seven Stars Public Co,Ltdက ပရီအော်ဒါစနစ်နဲ့ ငွေကြိုသွင်းထားပြီး ကားရောင်းချထားမှုနဲ့ပတ်သက်ပြီး Dealer က တဆင့် ပရီအော်ဒါ လက်ခံထားပြီး ပေးသွင်းထားတဲ့ ငွေကြေးကို ကုမ္ပဏီမှ ငွေလက်ခံခဲ့တဲ့ ကာလအတွက်ပါ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးကာ Dealer တစ်ဦးချင်း စီအလိုက် ငွေကြေးကို စာရင်းနဲ့တကွ ပြန်လည်အပ်နှံမယ်လို့ ဩဂုတ်လ ၂၂ ရက်မှာ တရားဝင်အသိပေးထားတာတွေ့ရပါတယ်။
ပရီအော်ဒါစနစ်ရောင်းချပြီး ကားမအပ်တာဟာ လက်ရှိ ဒေါ်လာစျေးမြင့်တက်နေချိန်ဖြစ်လို့ ကားမအပ်ဘဲ ငွေကိုသာပြန်အမ်းဖို့လုပ်လာကြတာဖြစ်နိုင်တယ်လို့ ကားဝယ်ရောင်းလုပ်သူတွေက သုံးသပ်ကြပါတယ်။
“ကားစျေးက အရမ်းဟသွားတယ်၊ငွေစျေးကလည်း အပြောင်းအလဲဖြစ်သွားတယ်။ကားရောင်းတဲ့သူတွေက ပြင်ပဒေါ်လာပေါက်စျေးနဲ့ပဲတွက်ရောင်းကြတယ်၊ ဒီတော့ မတော်လောဘတက်လာတဲ့ ကား deler တွေကတော့ မရောင်းချင်တော့ဘူး အကြောင်းမျိုးစုံပြမှာပေါ့။ချော်လဲရောထိုင်ပေါ့။ တကယ်လို့ ကားထုတ်လုပ်သူ authoritie ရတဲ့ကုမ္ပဏီက ကားပေးခဲ့ရင်တောင် သူက လောဘတက်သွားရင် ကားမရဘူးတို့၊ကားကနောက်ကျမယ်တို့ ရှောင်ပြီး အခုနောက်ပေါက်ဖေးပေါက်ကနေရောင်းတဲ့ နောက်ပေါက် စျေးကွက် ဖြစ်လာမယ်၊ လောဘအရမ်းတက်တဲ့သူက သစ္စာမရှိနိုင်တော့ဘူး။ကတိသစ္စာကို အသက်လောက်တန်ဖိုးထားမှ ဒီအလုပ်က လုပ်လို့ရမယ်၊စျေးတက်လို့ ကားမရဘူးဆိုတာ ကတိဖျက်တာက တော်တော်ကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းပါတယ်။ဒီနေရာမှာ စျေးကျရင် မယူလို့ရလားဆိုရင် မရပါဘူး ပေးထားတဲ့ပိုက်ဆံဆုံးသွားမှာပေါ့”လို့ ကိုကျော်စွာထွန်းမြင့်က မှတ်ချက်ပြုပါတယ် ။
မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်)ကတော့ SKDကားများ အရောင်းအဝယ်ပြုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူများဖက်ကနေ ကူညီဖြေရှင်းပေးဖို့ တရားဝင်တိုင်ကြားမှုရှိလာရင် နစ်နာသူဖက်ကနေ ဥပဒေအရ အရေးယူဆောင်ရွက်မှုလုပ်သွားမှာဖြစ်တယ်လို့ အသိပေးလာပါတယ်။
EV ကားနဲ့ အငြင်းပွားမှု၊ မကျေနပ်မှု ရှိပါက စားသုံးသူရေးရာဦးစီးဌာနကို နစ်နာသူက တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။
#voiceofmtanmar #VOM #ငွေကြိုစနစ် #ကားဝယ်ယူသူ #တာဝန်ခံမှုမရှိတဲ့ကိစ္စ