ဂါဘွန်နိုင်ငံမှာ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကပယ်ချပြီး သမ္မတကိုဖမ်းဆီး အာဏာသိမ်းမှုဖြစ်ပွား

လီဘရီဗီး၊ သြဂုတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)

ဗဟိုအာဖရိကဒေသရှိ ဂါဘွန်နိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ကြောင်း အာဏာသိမ်းစစ်ခေါင်ဆောင်တွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

စနေနေ့ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အလီဘွန်ဂိုအနိုင်ရရှိကြောင်း ရွေးကော်ပွဲကော်မရှင်က ကြေညာခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ချပြီး အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။

အဲဒီလိုအာဏာသိမ်းမှုကြောင့် ဂါဘွန်မှာ ရာစုနှစ်ဝက်ကျော် သမ္မတအုပ်ချုပ်ရေးအဆုံးသတ်သွားပြီဖြစ်ပါတယ်။ သမ္မတဘွန်ဂိုရဲ့ဖခင်ဟာ ရေနံကြွယ်ဝတဲ့ ဂါဘွန်နိုင်ငံမှာ ၁၉၆၇ ခုနှစ်က သမ္မတဖြစ်လာခဲ့ပြီး ဘွန်ဂိုကတော့ ၂၀၀၉ ခုနှစ်မှာ သမ္မတဖြစ်လာပါတယ်။

ဘွန်ဂိုရဲ့ အစိုးရသည် အုပ်ချုပ်ရေးဆိုင်ရာတာဝန်မဲ့စွာအုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံအခြေအနေပိုမိုဆိုးရွားစေပြီး ရွေးကောက်ပွဲရလဒ်ဟာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဗဟိုအာဖရိကနဲ့ အနောက်အာဖရိကနိုင်ငံအများအပြားမှာ စစ်အာဏာသိမ်းမှုတွေအများအပြားဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်းကလည်း နိုင်ဂျာမှာ သမ္မတကိုဖြုတ်ချပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပါတယ်။

Ref:NHK
#voiceofmyanamr #VOM #GabonMilitaryOfficers #declarecoup

Related posts

✕
VOM News

FREE
VIEW