တောင်ကိုရီးယားကို နျူကလီးယားတိုက်ခိုက်မှုပုံစံ မြောက်ကိုရီးယားလေ့ကျင့်

ဆိုးလ်၊ သြဂုတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)

တောင်ကိုရီးယားရှိ စစ်ဘက်ပစ်မှတ်တွေကို နျူကလီးယားနဲ့တိုက်ခိုက်တဲ့ အသွင်တူလေ့ကျင့်မှုကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းနဲ့ လေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားရှိ အဓိကစစ်ဘက်ကွပ်ကဲမှုဌာနတွေနဲ့ စစ်ဆင်ရေးလေယာဉ်ကွင်းတွေကို မြေလှန်ပစ်နိုင်တဲ့ တိုက်ခိုက်မှုမျျိုးပုံဖော်ပြီး နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်မှု လေ့ကျင့်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

ဒေသတွင်းမှာ အမေရိကန်ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ချထားမှုနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို အသွင်တူပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

မိမိတို့ အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဖြန့်ကြက်လာတာမျိုးလို စစ်ရေးခြိမ်းခြောက်မှုနဲ့ စိန်ခေါ်နေတဲ့ရန်သူတွေဆီကိုပြတ်ပြတ်သာသား သတင်းစကားပါးလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ အဲဒီဒုံးကျည်တွေကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ညသန်းခေါင်ယံအချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားသတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။ ဒုံးကျည်တွေ ပစ်ခတ်လေ့ကျင့်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ရှုတ်ချပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanamr #VOM #NorthKorea #simulatedNuclearStrike #onsouthkorea

Related posts

Leave a Comment

VOM News

FREE
VIEW