မော်စကို၊ သြဂုတ်-၁-၂၀၂၃
မျိုးဆက်(VOM)
ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ မိုးမျှော်တိုက်တလုံးကို နှစ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း မြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က ပြောပါတယ်။
မောင်းသူမဲ့လေယာဉ်အများအပြားကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်ခဲ့ကြောင်း ရုရှားကစွပ်စွဲထားပေမယ့် ယူကရိန်းဘက်ကတော့ မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိပါဘူး။
ဒါ့အပြင် ယူကရိန်းဟာ ပင်လယ်နက်ရှိ ရုရှားစစ်သင်္ဘောနှစ်စင်းကိုလည်း တိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး တိုက်ခိုက်ဖို့လာတဲ့ မောင်းသူမဲ့စက်လှေသုံးစင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။
စစ်ပွဲဟာ တဖြည်းဖြည်းနဲ့ ရုရှားဘက်ကို ပြန်ရောက်လာပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သတိပေးပြောဆိုထားပါတယ်။ ဒီအတောအတွင်း ယူကရိန်းနိုင်ငံ ခါကိဗ်မြို့မှာရှိတဲ့ လူနေထူထပ်တဲ့ဒေသတွေကို ရုရှားမောင်းသူမဲ့လေယာဉ်တွေက လာရောက်တိုက်ခတ်ခဲ့ပြီး ကောလိပ်တခုရဲ့ အထပ်နှစ်ထပ် ပျက်စီးသွားပါတယ်။
ယူကရိန်းအလယ်ပိုင်း ခရီဗီရီချ်မြို့မှာလည်း ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် လူခြောက်ဦးသေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
Ref: BBC
Photo:Reuters
#VoiceOfMyanmar #VOM #ရုရှား #မော်စကို #ပင်လယ်နက်