အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ ကျိုးကြောင်းမဆီလျော်ဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ သမ္မတပြော

နိုဝင်ဘာ ၁၈ – ၂၀၂၆ SS (VOM) မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောထားကို ကိုယ်စားမပြုဘဲ အဖွဲ့ဝင်သုံးနိုင်ငံရဲ့ ဘက်လိုက်မှုနဲ့ အစွဲအလမ်းတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး အာဆီယံဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတို့ကို ထည့်သွင်းကာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သမ္မတက ပြောပါတယ်။ “လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ် ၃၊ ၄ ဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင် ဆွေးနွေးနေတယ်လို့ သုံးသပ်လို့ရပါတယ်။…

Read More

သူတို့အိမ် အခန်း (၂၆၆)

    ဆူးငှက်   ဆူးငှက်ဂရန်လျှောက်လွှာ ရောက်မလာသေး —————————————————- သရက်ကုန်းက ကျွန်တော့်မြေကွက်လေး ဂရန်လျှောက်ထားရေး ကိစ္စအတွက် တရားရုံးကျမ်းကြိမ်လွှာမှ စ၍ ကျန် စာရွက် စာတမ်းများ ပြည့်စုံပါပြီ။ တရားရုံးကျမ်းကျိန်လွှာမှ လွဲ၍ ကျန်စာရွက်စာတမ်းများအတွက် အကုန်အကျ မရှိတော့ဘဲ လွယ်လင့်တကူ ရရှိခဲ့ပါသည်။ ဂရန်လျှောက်လွှာ တင်ရုံပဲ ရှိတော့သည်။ သည်ကြားထဲ အပတ်စဉ် ကြာသပတေး နေ့နှင့် သောကြာနေ့တိုင်း ဂရန်ချထားရေးအဖွဲ့က ရပ်ကွက်အတွင်း ကွင်းဆင်းသည်။ ထိုသို့ကွင်းဆင်းတိုင်း ကျွန်တော်တို့က လိုက်၍ စစ်ဆေးသောမြေကွက်မှာ အရှုပ်အရှင်း ကင်းရှင်းကြောင်း ထောက်ခံ လက်မှတ်ထိုးပေးရသည်။ ဤသို့ဖြင့် မြေကွက်ပိုင်ရှင်များက အဆင်ပြေချောမွေ့စွာ ဂရန်လျှောက်နိုင်ခဲ့ကြသည်။   အပတ်စဉ် စည်ပင်ကော်မတီအစည်းအဝေးတွင် ဂရန်ကိစ္စဆွေးနွေးတိုင်း သရက်ကုန်းရပ်ကွက် ခေါင်းစဉ် ရောက်လျှင် ဆရာဆူးတို့ သရက်ကုန်းဟု ဝိသေသပြု ပြောကြ ဆွေးနွေးကြသည်ဟုလည်း ပြန်လည်…

Read More

သူတို့အိမ် အခန်း (၂၆၅)

ဆူးငှက်   ရှုပ်လိုက်တဲ့ မြေ ——————- ၂၀၁၀ခုနှစ် အစိုးရမှ ၂၀၁၅ခုနှစ် အစိုးရအကူးအပြောင်းတွင် မန္တလေးမြေကိစ္စက အတော်ဂယက် ထခဲ့သည်။ ထိုဂယက်က အတော်နှင့် အရှိန်မသေ။ အစိုးရသစ်ထံ လွှဲပြောင်းမည့် ရက်မတိုင်ခင်ညအထိ မြေဂရန်ထုတ်ယူမှုများကို ပြန်လည် စိစစ် နေရသည်ဟူသော သတင်းတွေလည်း ရှိသည်။ ထိုဂယက် ထိုသတင်းများကြောင့် မန္တလေးမြို့တော် စည်ပင်က မြေဂရန် ထုတ်ပေးခြင်း ကိစ္စအဝအဝကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုပြဿနာကြား ကျွန်တော်တို့ သရက်ကုန်းက ကြားညပ်သွားခြင်း ဖြစ်သည်။ မဆီလေးရယ်တဲ့ အိုမဆိုင်ဟု ပြောရပေမည်။ ထိုသတင်းကို ကျွန်တော့် မိတ်ဆွေများရှိသည့် စည်ပင်ကော်မတီမှတဆင့် ကြားရပြီး “ဂရန်ပိတ်တာ ကြာနိုင်တယ်ဗျ၊ ကိုဆူးတို့ သရက်ကုန်းကိစ္စ ဝန်ကြီးချုပ်ဆီ စာတင်ပါလား” ဟုလည်း အကြံပေးသည်။ ထို့ကြောင့် ကျွန်တော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က…

Read More

သမိုင်းတစ်ပတ်လည်နေသလား

(၁၉၃၈ မြူးနစ်စာချုပ်နဲ့ ၂၀၂၆ ယူကရိန်းအရေး) MT(VOM) နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်းစကီးရဲ့ မှတ်ချက်စကားတွေဟာ နိုင်ငံတကာ နိုင်ငံရေးလေ့လာသူတွေကြားမှာ ကြီးမားတဲ့ လှုပ်ခတ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ အဘူဒါဘီမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ယူကရိန်း-ရုရှား ဆွေးနွေးပွဲအတွင်း “ယူကရိန်းအနေနဲ့ နေတိုး (NATO) မဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ရဖို့အတွက် ဒွန်းဘက်စ် (Donbas) ဒေသကနေ ဆုတ်ခွာပေးမလား” ဆိုတဲ့ မေးခွန်းကို အမေရိကန်ဘက်က ပထမဆုံးအကြိမ် မေးမြန်းအကြံပြုခဲ့တယ်လို့ ဇယ်လန်းစကီးက ထုတ်ဖော်ပြောကြားလိုက်တာပါ။ ဒီသတင်းထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် သမိုင်းပညာရှင်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ စိတ်ထဲမှာ တန်းပြီးပေါ်လာတဲ့ ပုံရိပ်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နာမည်ကျော် မြူးနစ်စာချုပ် (Munich Agreement) ပဲ ဖြစ်ပါတယ်။ ၁၉၃၈ မြူးနစ်စာချုပ်ရဲ့…

Read More

ပြည်တွင်းက စက်သုံးဆီအများစု အရည်အသွေး ပြည့်မီမှုအားနည်း

နိုဝင်ဘာ ၁၆ – ၂၀၂၆ SS (VOM) လက်ရှိကာလအတွင်း စက်သုံးဆီဆိုင် အများစုမှာ အရည်အသွေး ပြည့်မီခြင်းမရှိတဲ့ စက်သုံးဆီတွေကို ရောင်းချနေတာကြောင့် မော်တော်ကား အင်ဂျင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ပြည်တွင်းထုတ်ချက်ဆီတွေကို ဆိုင်တွေက ခွဲတမ်းစနစ်နဲ့ ယူဆောင်ကာ ရောနှော ရောင်းချနေမှုတွေကြောင့် စက်သုံးဆီ အရည်အသွေး မပြည့်တာ၊ အချိန်အတွယ် မှန်ကန်မှု မရှိတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ “ဆီဖြည့်ပြီးရင် ကားစက်က ချက်ချင်း နှိုးမရဘူး။ ကားမောင်းနေတဲ့ အချိန်မှာလည်း အင်ဂျင်တုန်ခါပြီး အင်ဂျင်အား ကျသွားတာတွေလည်း ဖြစ်တယ်။ ဒီလို ဆီညံ့နေတာက ကားအင်ဂျင်ပိုင်းရဲ့ ဆီပန့်နဲ့ အင်ဂျက်တာတွေ နာတယ်။ ပစ္စည်း ခဏခဏ လဲနေရတယ်။ ကုန်ကျစရိတ်တွေ ပိုကြီးလာတယ်။ အရင်က ငါးရက်လောက် မောင်းလို့ရတဲ့ဆီက အခု သုံးရက်လောက်နဲ့ ကုန်သွားတာ…

Read More

အမြန်လမ်းပေါ် မောင်းနှင်းတဲ့ လိုက်ထရပ်နဲ့ပစ်ကပ်ကားတွေ လူအများအပြား စီးနှင်းခြင်း တားမြစ်

ရန်ကုန်-နိုဝင်ဘာ-၁၆ EP(VOM) ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေ ရှိတာကြောင့် လိုက်ထရပ်ကား နဲ့ ပစ်ကပ်ကားနောက်တွင် လူ‌အများလိုက်ပါ စီးနှင်းမှု မပြုလုပ်ကြရန် အမြန်လမ်းမကြီး ထိန်း သိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့က တားမြစ်လိုက်ပါတယ်။ ကားအနောက် လူလိုက်ပါ စီးနှင်းခြင်းကို နိုဝင်ဘာ ၁၄ ရက်နေ့က စာထုတ်ပြန်ကာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ပွဲတော်ရာသီ သီတင်းကျွတ် ၊ တန်ဆောင်းမုန်း လနဲ့ သင်္ကြန်ပွဲတော်လတွေမှာ အမြန်လမ်းပေါ် ဖြတ်သန်း မောင်းနှင်းတဲ့ လိုက်ထရပ် ကားနဲ့ ပစ်ကပ်ကားတွေဟာ လူလိုက်ပါစီးနှင်းခြင်းတွေရှိပါတယ်။ အဲ့ဒီယာဉ်‌တွေဟာ ကုန်ပစ္စည်းတင်ဆောင်ရန်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခရီးသည်‌တွေအတွက် ထိုင်ခုံ၊ ထိုင်ခုံခါးပတ်နဲ့ လေအိတ်စတဲ့ အကာအကွယ်ပစ္စည်းတွေ မပါရှိတာကြောင့် ယာဉ်တိုက်မှု ဒါမှမဟုတ် တိမ်းမှောက်မှုဖြစ်ပွားပါက နောက်ခန်းက လိုက်ပါသူတွေ မြေပြင်တွင် လွင့်စင်ကျကာ ပြင်းထန်ဒဏ်ရာရရှိခြင်းနဲ့…

Read More

မန္တလေးမှာ လုယက်၊ လူသတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိ

မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်​တွေမှာ သေနတ်နဲ့ ပစ်ခတ်လုယက်မှုတွေ လူသတ်မှုတွေ ကျူးလွန်ခဲ့သူကိုဖမ်းမိပြီလို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကျူးလွန်ခဲ့သူ တရားခံ နေလင်းအောင် အသက် ၂၇ နှစ်ကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် နေ့ မနက် ၁၁ နာရီအချိန်မှာ ပုသိမ် ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာအရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်းရု့ တောင်ဘက် သရက်ခြံတောအတွင်းက လျှိုအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူကို သက်ဆိုင်ရာနယ်​မြေရဲစခန်းတွေမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေအရ အမှုအသီးသီးနဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်သူဟာ ပထမဆုံး ကျူးလွန်မှုကို ပြီးခဲ့တဲ့ အောက်တို ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်မှာ မန္တလေးမြို့၊…

Read More

သူတို့အိမ် အခန်း (၂၆၄)

ဆူးငှက်   နေစောင်းရင် မြည်သံချိုလှတယ် ————————————– စိမ်းလဲ့ရယ်တဲ့ညိုမှောင် .. ပင်ဝါးရုံလေယူတိမ်းတယ်ကွယ် စိမ်းလဲ့မြောက်တောင် မြူခိုးရယ်မှောင် ..ဟိုတောင်ကြော့ခါးပန်း ရွှေဥဒေါင်းငယ်တို့ နေစောင်းရင် မြည်သံချိုလှတယ် အိုကွယ်…. ဝဲခိုတဲ့လမ်း…။   ကျွန်တော်နေထိုင်သော မန္တလေး အောင်ပင်လယ် ကန်ပေါင်ရိုးအနီး၊ လယ်တောအိမ်လေး ဝန်းကျင် ၏ အရှေ့ဖက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်း ဘုန်းတော်ကြီးကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။ တောင်ဘက်မှာက ခပ်စိပ်စိပ် လူနေအိမ်ဝင်းများ…။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေ ရှိသည်။ အနောက်ဘက်မှာက ဧကကွက် အကျယ်အဝန်းရှိသည့် တောရိုင်း ခြံကြီး တစ်ခြံ ရှိသည်။ သည်ခြံကြီးထဲမှာ ငါးကန် တွေလည်း ရှိ၏။ သရက်ပင်တွေလည်း ရှိ၏။ သပြေပင်တွေလည်း ရှိ၏။ အစောင့်တဲမျှပင်မရှိဘဲ ဝင်းခတ်ထားသည့် ခြံဝင်းကြီး ဖြစ်သည်။     သည်နေရာလေးသို့ ကျွန်တော်တို့…

Read More

ငလျင်​ကြောင့်ပြိုကျခဲ့တဲ့ SKY Villa ​မြေ​နေရာကို ​လေလံတင်​ရောင်းပြီး ကုမ္ပဏီပိုင်ရှင်က ၄၀% အခန်းပိုင်ရှင်​တွေက ၆၀% ခွဲယူကြမယ်

မန္တလေး၊ နိုဝင်ဘာ ၁၅- ၂၀၂၆ Voice Of Myanmar အဲ့ဒီ Sky Villa ကွန်ဒိုအဆောက်အဦဟာ ၂၀၂၅ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့လို့ လူ ၂၀၀ ​ကျော် ​သေဆုံးခဲ့ပါတယ်။ ဒီလိုပြိုကျခဲ့တဲ့ SKy Villa ​မြေ ဧရိယာအကုန်လုံးကို ​ရောင်းချပြီး ကုမ္ပဏီပိုင်ရှင်က ၄၀% အခန်းပိုင်ရှင်​တွေက ၆၀% ခွဲယူကြမယ်လို့ ဒီ​​​နေ့ သ​ဘောတူ လက်မှတ်​ရေးထိုးခဲ့ကြပါတယ်။ ဒီ​နေ့ ​မန္တ​လေးက ​အောင်မြင်ခြင်းဟိုတယ်မှာ ကုမ္ပဏီတာဝန်ရှိသူ​တွေ အခန်းပိုင်ရှင်​တွေ​တွေ့ဆုံတဲ့ပွဲမှာ Sky Villa ​မြေ​နေရာကို ကြမ်းခင်း​ဈေး သိန်း​ပေါင်း၄သိန်း သတ်မှတ်ပြီး ​လေလံတင်​ရောင်းချမယ့်အ​ကြောင်း ​​ကြေငြာခဲ့ပါတယ်။ Sky Villa အပြိုအပျက်​တွေထဲကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်း တွေ့ရှိခဲ့ကာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂…

Read More

မြန်မာတိုင်းရင်းဆေးသမားတော်တွေက တိုင်းရင်းဆေးကို ပြည်သူက ပိုအလေးထားဖို့ ဟောပြော

မန္တလေး၊ နိုဝင်ဘာ- ၁၅- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ၆၄ လမ်း နဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ Oriental House မှာ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက မြန်မာတိုင်းရင်းဆေးသမားတော်တွေနဲ့ ပြည်သူလူထုတွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စတွေ အသိပေးမျှဝေပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ Health Education Programme ရဲ့ ရည်ရွယ်ချက်နဲ့ ကုသမှုအတွေ့အကြုံတွေကို တင်ပြခြင်း၊ ကျောက်ကပ်ကျန်းမာရေးအတွက် တိုင်းရင်းဆေးပါယရှုထောင့်မှ သုံးသပ်ချက်တွေကို ဆွေးနွေးပြောကြားခြင်း၊ တိုင်းရင်းဆေး သမားတော်ကြီး ၆ ယောက်နဲ့ တက်ရောက်လာသူတွေ ဆွေးနွေးပြောကြားခြင်း အစီအစဥ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီအခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ မြန်မာတိုင်းရင်းဆေးပညာဆွေးနွေးမှုအကြောင်းတွေကို Mandalay River Traditional Specialist Clinic က မြန်မာတိုင်းရင်းဆေးသမားတော် ဆရာသိုက်ထွန်းက မီဒီယာတွေကို အခုလိုဖြေကြားခဲ့ပါတယ်။

Read More
✕
VOM News

FREE
VIEW