မေ ၉ ၊ ၂၀၂၅ SP (VOM) စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်းမှာ တည်ရှိတဲ့ လက်ပံချောင်းရွာနားကို ဧပြီ ၈ရက် မနေ့ည ၉ နာရီကျော်အချိန်က လေကြောင်းတိုက်ခိုက်ခံရပြီး လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့တယ်လို့ လက်ပံချောင်းရွာခံတွေဆီက သိရပါတယ် ။ ” မနေ့က ညနေ ၃ နာရီနောက်ပိုင်းမှာ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထုခံရတယ် ၊လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးတယ် အဲ့ဒီနောက် ည ၉ နာရီ ကျော်မှာ နောက်ထပ်တကြိမ် လေကြောင်း တိုက်ခိုက်ခံရတယ် ၊ထိခိုက်သေဆုံးသူ လူ ၂၀ ကျော်လောက်ရှိမယ် ၊ သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးဘူး ၊ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ် ” လက်ပံချောင်းရွာခံ…
Read MoreAuthor: Editor
ကိုးကန့် ထိန်းချုပ်ဒေသတချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ တောင်သူတွေ အခက်ကြုံ
မေ ၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေ တချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ ရွှေ့ပြောင်းတောင်ယာ လုပ်သူတွေ အခက်ကြုံနေ ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အခုက တရုတ် နိုင်ငံသား လုပ်ငန်းရှင်ေတွပိုင် ကြံ ကုမ္ပဏီတွေ ဝင်လာတော့ ကိုယ်မလုပ်ပဲ ထားတဲ့ မြေလွတ်တွေကို ကြံကုမ္ပဏီတွေကို ငှားရင် ငှားပေးရမယ်။ ငှားလည်း မငှားဘူး၊ စိုက်လည်း မစိုက်ဘူး ဆိုရင် သက်ဆိုင်ရာက သိမ်းရင် အလကား ဆုံးရှုံးရမယ်လို့ ကိုးကန့် MNDAA တွေက အစည်းဝေးမှာ ပြောတယ်။ ကျနော်တို့ ရွှေ့ပြောင်း တောင်ယာ လုပ်တဲ့ သူတွေက အဆင် မပြေဘူးလေ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။…
Read Moreယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု မော်စကိုအပါအဝင် ရုရှားနိုင်ငံတဝန်း လေယာဉ်ခရီးစဉ် ၃၅၀ ကျော် ထိခိုက်ခဲ့
မော်စကို၊ မေ-၈-၂၀၂၅ရတီ(VOM)ယူကရိန်းရဲ့ ဒရုန်းတိုက်မှုတွေ အကြီးအကျယ်လု်ပဆောင်မှုကြောင့် ရုရှားနိုင်ငံတဝန်းရှိ လေဆိပ်တွေမှာ ခရီးသည် ခြောက်သောင်းကျော် သောင်တင်နေခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ဂျာမနီအပေါ် အောင်ပွဲခံနိုင်တဲ့ နှစ် ၈၀ ပြည့်အခမ်းအနားသို့ တရုတ်သမ္မတရှီကျင်းပင် မော်စကိုရောက်ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှုနဲ့ လေကြောင်းလိုင်းတွေ ဖျက်သိမ်း၊ နှောင့်နှေးတာတွေ ဖြစ်ပွားခဲ့တာပါ။ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း ၅၂၄ စင်းကို ပစ်ချခဲ့ပြီး ဒါဟာ စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။မော်စကို၊ စိန့်ပီတာစဘတ်၊ ဆိုချီနဲ့ အခြားမြို့ကြီးတွေမှာ လေယာဉ်ခရီးစဉ် ၃၅၀ ကျော်ထိခိုက်ခဲ့တယ်လို့ ရုရှားခရီးသွားလုပ်ငန်းအသင်းက ပြောပါတယ်။ မော်စကိုမှာကျင်းပမယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားမတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ သုံးရက်ကြာ အပစ်ရပ်ကြောင်း ရုရှားက ကြေညာထားချိန်မှာပဲ တို်ကခို်ကမှုတွေ ဖြစ်ပွားခဲ့တာပါ။မြို့တော်မော်စကိုသို့ ပျံသန်းပြေးဆွဲနေတဲ့ လေဆိပ်သုံးခုဟာလည်း အနှောက်အယှက်တွေ ကြုံခဲ့ရပြီး မော်စကိုမှာတော့…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၈)
ဆူးငှက် နေ့လယ်က လှုပ်လိုက်တဲ့ ငလျင်ကြီးကြောင့် တမြို့လုံး မီးတွေပျက်သွားပြီ။ ရေလည်းမလာတော့ဘူး။ အားလုံးဟာ ဘယ်သူမှ အိမ်ထဲ ပြန်မဝင်ရဲကြတော့ဘူး။ လမ်းပေါ်မှာပဲ ဖြစ်သလို အိပ်ကြရတော့မယ်။ ညစာကိုလည်း ဘယ့်နှယ်လုပ် ချက်နိုင်ကြတော့မှာလဲ။ အိမ်မှာမချက်နိုင်လို့ ဝယ်စားဖို့ ဆိုင်တွေလည်း မရှိတော့ဘူး။ အားလုံးလိုလို ငလျင်ဘေးနဲ့ ထိခိုက်ကြသူချည်း မဟုတ်လား။ ၂၆ဘီလမ်းပေါ်က စတိုးဆိုင်လေးက သူ့ရှိတဲ့ မုန့်ထုပ်လေးတွေကို ဆိုင်ပြင် ပလက်ဖောင်းပေါ်ချရောင်းသေးလို့ ပေါင်မုန့်ထုပ်လေးတွေဝယ်ပြီး ညစာဖြေရှင်းရတယ်။ လမ်းပေါ်မှာတော့ ပစ္စည်း သယ်ကြတဲ့ကားတွေ လူနာသယ်တဲ့ကားတွေ မီးတဝင်းဝင်း ဟွန်းသံတညံညံ ဥသြသံရှည်ဆွဲပြီး အလုအယက် တိုးဝှေ့ သွားလာကြဆဲပါ။ လောကဓံဆိုတာ ကြောက်စရာကြီးပါလား။ မနေ့ညကပဲ လမ်းပေါ်က သွားလာကြတဲ့ ကားတွေဟာ ဘာပဲပြောပြော မိသားစုညစာထွက်စားကြတာ ဖြစ်စေ၊ ဘားတွေ ကလပ်တွေ ဘီယာဆိုင်တွေ သွားလာကြတာဖြစ်စေ၊ မကြာခင်ကျင်းပမယ့် သင်္ကြန်အကြို သင်္ကြန်တီးလုံးဖွင့်ပြီး အပျော်ဓာတ်…
Read Moreမန္တလေးတိုင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ဒေသက ကျောင်းတက်ကြမယ့် အတန်းငယ်ကလေးတွေအတွက် ROTARY CLUB OF MANDALAY က ကျောင်းသုံးပစ္စည်း တချို့ ထောက်ပံ့မယ်
မန္တလေး၊ မေ- ၈- ၂၀၂၅ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းပြန်တက်ကြမယ့် Grade 1 နဲ့ Grade 2 ကျောင်းသား/သူ တွေအတွက် Back to School ဆိုတဲ့အစီအစဥ်နဲ့ ROTARY CLUB OF MANDALAY က ကျောင်းသုံးပစ္စည်းတချို့ ထောက်ပံဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ “ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းပြန်မတက်ဖြစ်မှာစိုးရိမ်လို့ ကျောင်းပြန်တက်ဖို့ တွန်းအားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဥ်ကို လုပ်ဖြစ်တာ” လို့ Rotary club of Mandalay ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ နိုင်ဝင်းထက်က VOM ကိုပြောပါတယ်။ ကျောင်းသားတဦးအတွက် ကျောပိုးအိတ်၊ ခဲတံ၊ ခဲချွန်စက်၊ခဲဖျက်၊ ပေတံ၊ လေးကြောင်းမျဥ်း ဗလာစာအုပ် တဒါဇင် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်းက အမရပူရမြို့နယ်၊…
Read Moreကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့တွေ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွား
ဒေလီ၊ မေ-၈-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို ပိုင်းခြားထားတဲ့ ကက်ရှ်မီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ဂျမူးနဲ့ ကက်ရှ်မီးယားရှိ ကပ်ဝါရာ၊ ဘာရာမူလာ၊ ယူရီနဲ့ အက်နူးဒေသတွေက နယ်စပ်ထိန်းချုပ်မျဉ်းတလျှောက်ဖြတ်ပြီး ပါကစ္စတန်ဘက်က လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။နျူကလီးယားလက်နက်ပို်ငဆို်ငထားတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ ရက်တွေကတည်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနေ့ကတော့ ပါကစ္စတန်နဲ့ ကက်ရှ်မီးယားဒေသ ပစ်မှတ်တွေကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်တဲ့အခြမ်းမှာ ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကို ပါကစ္စတန်က ကျောထောက်နောက်ခံပြုတယ်လို့ စွပ်စွဲထားပြီး ဒီတိုက်ခိုက်မှုပြီးနောက် နှစ်ပတ်အကြာမှာ ပါကစ္စတန်ရှိ စစ်သွေးကြွပစ်မှတ် ကိုးခုကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။အိန္ဒိယရဲ့ တိုက်ခို်ကမှုအတွင်း နယ်စပ်တလျှောက်မှာ အရပ်သား…
Read Moreကိုရီးယားက ခွင့်ပြန်လုပ်သားတွေ ထွက်ခွာခွင့်စာရင်းပါမှ ပြန်လည်ထွက်ခွာခွင့်ရတော့မယ်
မေ- ၈၊ ၂၀၂၅GG ( VOM)ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ပြီး ခွင့်နဲ့ပြန်လာတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ပြန်လည်ထွက်ခွာခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ ကြေငြာပေးမယ့် ထွက်ခွာခွင့် အမည်စာရင်းမှပါဝင်မှသာ ကိုရီးယားကိုပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အစိုးရအလုပ်အကိုင်အေဂျင်စီ POEA က မေ ၇ ရက်နေ့မှာ အသိပေးလာပါတယ်။ဒါကြောင့် ကိုရီးနိုင်ငံကနေ မြန်မာပြည်ကို ခွင့်နဲ့ ပြန်ရောက်လာပါက အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီထံကို မပျက်မကွက်သတင်းပေးပို့ရမှာဖြစ် ပြန်လည်ထွက်ခွာရမယ့်နေရက်ကိုတော့ Safe Migiation ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ကြေငြာပေးမှာဖြစ်ကြောင်း ၊ ကြေငြာမှုမှာ နာမည်ပါမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။” ကျွန်တော်တို့လည်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ကျန်တဲ့နိုင်ငံကနေ ပြန်လာတဲ့ ခွင့်ပြန်တွေတော့ အသက် ကန့်သန့်ချက်နဲ့ ညိသူတွေစစ်နေတယ်။ အခုက ခွင့်ပြန်တွေကို အသက်နဲ့ညိသူတွေကို ပေးမထွက်တဲ့ပြဿနာတွေရှိနေပေမယ့် ဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်တာမရှိသေးတော့ ပြောရခက်တယ်။ အခုတော့ ခွင့်ပြန်တွေကို တင်းကျပ်တဲ့အထဲ EPS လည်း ပါလာတဲ့သဘောပေါ့ ။EPS…
Read Moreကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းထောက်ခံသူတွေ ဆန္ဒပြပွဲ လူ ၇၀ ကျော် အဖမ်းခံရ
နယူးယောက်၊ မေ-၈-၂၀၂၅မျိုးဆက်(VOM)ကိုလံဘီယာတက္ကသိုလ်ရှိ ပင်မစာကြည့်တိုက်ရဲ့ တစိတ်တပိုင်းကို မေ ၇ ရက်က သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းထောက်ခံသူ ဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။ဆန္ဒပြသူတွေဟာ ဘတ်လာစာကြည့်တိုက်ကို အတင်းအဓမ္မ ဝင်ရောက်လာစဉ် တက္ကသိုလ် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ခေါင်းစွပ်နဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး ထရန့်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။အဲဒီနောက်မှာတော့ တက္ကသိုလ်တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဆန္ဒပြသူအများစုမှာ ကျောင်းသားမဟုတ်ကြကြောင်းနဲ့ လူ ၇၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စာကြည့်တိုက်ထဲမှာ စာအုပ်စင်တွေကို ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့ကြပြီး ပါလက်စတိုင်း လွတ်မြောက်ရေး ဆိုတဲ့ စာတွေ ရေးသားခဲ့ပါတယ်။ဆန္ဒပြပွဲကို စာကြည့်တိုက်ရှိ သီးခြားအခန်းတခုမှာ လုပ်ဆောင်ခဲ့ပေမယ့် ကျောင်းသားတွေ စာကျက်နေပြီး နောက်ဆုံး စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နေတာကြောင့် ဒီလိုအနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း ကိုလံဘီယာတက္ကသိုလ်…
Read Moreကာဒီနယ်တွေရဲ့ လျှို့ဝှက်မဲပေးမှုပထမနေ့ ပုပ်ရဟန်းမင်းကြီးအသစ် မရွေးချယ်နိုင်သေး
ဗာတီကန်၊ မေ-၈-၂၀၂၅ ရတီ(VOM) ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့အတွက် ကာဒီနယ်တွေဟာ ဗာတီကန်မှာ စုဝေးခဲ့ပြီး မဲပေးရွေးချယ်မှု ပထမအကြိမ်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်မှု မအောင်မြင်ခဲ့ကြောင်း Sistine Chapel ကျောင်းဆောင်ရဲ့ ခေါင်းတိုင်ကနေ အနက်ရောင်မီခိုးတွေနဲ့ အချက်ပြခဲ့ပါတယ်။ ဒီရွေးချယ်မှုအတွက် ကာဒီနယ် ၁၃၃ ပါးဟာ ၃ နာရီ ၁၅ မိနစ်ကြာ တံခါးပိတ်အစည်းအဝေးနဲ့အတူ ရွေးချယ်မှု ပြုလုပ်ခဲ့ကြပြီး စိန့်ပီတာရင်မြင်မှာတော့ လူထောင်ပေါင်းများစွာ စုဝေးရောက်ရှိပြီး ရလဒ်ကို စောင့်မျှော်ခဲ့ကြပါတယ်။ ကက်သလစ်ဘာသာဝင် ၁ ဒဿမ ၄ ဘီလီယံကို ၁၂ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကွယ်လွန်ပြီးနောက် နိုင်ငံပေါင်း ၇၀ ဝန်းကျင်မှ ကာဒီနယ်တွေ တက်ရောက်နေကြပြီး ဒီကနေ့မှာတော့ ဒုတိယမြောက်နေ့ ဆက်လက်ရွေးချယ်ကြမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်-၁၆ နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့ကိုလည်း ဒုတိယမြောက်နေ့မှသာ ပုပ်ရဟန်းမင်းကြီးအဖြစ်…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၇)
ဆူးငှက် တောင်မြို့ ဒေါက်တာစိုးဝင်း (ဆရာဂျိုဇော်) ဝင်းထဲမှာ လူတွေ အပြည့်ဖြစ်နေတာက အနီးအနားက ငလျင်ဘေးထိလို့ လာခိုကြသူတွေတဲ့။ ဆရာကိုယ်တိုင်လည်း နေအိမ်ရဲ့ နံရံတဖက်ကပြိုတယ်။ ဝင်းပေါက်အဝင်က ဆေးခန်းက တခန်းလုံးပြိုကျသွားလို့ ဆေးပစ္စည်းတွေ အကုန်လုံး ပြိုတဲ့ အဆောက်အအုံအောက် ရောက်သွားပြီ။ တယ်လီဖုန်းလည်း ပါသွားပြီ။ ဆရာကိုယ်တိုင်လည်း အထိအခိုက် အနည်းငယ်ရှိသတဲ့။ ဒါကြောင့် ခိုင်ခိုင်တို့ရောက်သွားပေမယ့် ဆရာက ဆေးကုမပေးနိုင်တော့ဘူး။ ဆရာက သားကြီးကိုခေါ်ပြီး သူ့အိမ်အပျက်အစီးတွေပြတယ်။ “သားအဖေ ကိုဆူးကို ပြန်ပြောပြလိုက်ပါ။ မြင်တဲ့အတိုင်းပဲ ဆေးခန်းကပြိုသွားတော့ ဘယ်လိုမှ ကုလို့မရတော့လို့ပါ။ တောင်ဘက် ကပ်ရက်မှာ ကျန်းမာရေးဆေးခန်း ရှိပါတယ်။ အဲ့ဒီမှာဝင်ပြလိုက်ပါ”လို့ ပြောရင်း တောင်းပန်သတဲ့။ ဆရာက ထပ်ပြောလိုက်သေးတယ်။ အနားက ဘုံးအိုးရွာမှာ ဝတ်ပြုနေရင်း ဗလီတွေပြိုလို့ လူတွေအများကြီး အထိအခိုက်ရှိတယ်။ အပြင်ကို ဆွဲမထုတ် နိုင်သေးဘူး၊ စစ်ကိုင်းတံတားကလည်း အကုန်ပြိုကျတယ်တဲ့။…
Read More