ကလေးမြို့နယ် မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၀ ကျော်သေဆုံး

မေ ၉ ၊ ၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်းမှာ တည်ရှိတဲ့ လက်ပံချောင်းရွာနားကို ဧပြီ ၈ရက် မနေ့ည ၉ နာရီကျော်အချိန်က လေကြောင်းတိုက်ခိုက်ခံရပြီး လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့တယ်လို့ လက်ပံချောင်းရွာခံတွေဆီက သိရပါတယ် ။
” မနေ့က ညနေ ၃ နာရီနောက်ပိုင်းမှာ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထုခံရတယ် ၊လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးတယ် အဲ့ဒီနောက် ည ၉ နာရီ ကျော်မှာ နောက်ထပ်တကြိမ် လေကြောင်း တိုက်ခိုက်ခံရတယ် ၊ထိခိုက်သေဆုံးသူ လူ ၂၀ ကျော်လောက်ရှိမယ် ၊ သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးဘူး ၊ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ် ” လက်ပံချောင်းရွာခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်း ကလေးမြို့နယ် မြောက်ပိုင်းက ပြည်တော်သာ ၊ နန်းချောင်း ၊မွန်လိုင် ၊ သာယာကုန်း ၊လက်ပံချောင်း ၊ချောင်းဦး အောင်ရွာ ၊ စတဲ့ရွာတွေဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ တိုက်ခိုက်ခံရလို့ ရွာသူရွာသား နှစ်ရာထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ကလေးမြိုနယ် တောင်ပိုင်း ၊ဂန့်ဂေါမြို့နယ်နဲ့ စပ်ကြားမှာရှိတဲ့ ကျေးရွာတွေဘက်မှာလည်း ဒီနှစ် နှစ်ဦးပိုင်းကစလို့ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW