ဝါရှင်တန်၊ မေ-၉-၂၀၂၅ ရတီ(VOM) အမေရိကန်နဲ့ ဗြိတိန်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ရယူနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ သဘောတူညီချက်အရ တစိတ်တပိုင်းအရ ဗြိတိန်ကတင်သွင်းလာတဲ့ သံမဏိနှင့် အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုဖို့ အမေရိကန်က သဘောတူထားပါတယ်။ မော်တော်ယာဉ်တွေအပေါ်မှာတော့ အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေရာကနေ တနှစ်ကို ကားအစီးရေ တသိန်းအတွက် အခွန် ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ဆိုပါတယ်။ လက်ရှိ သဘောတူညီချက်အရ ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့်အစိုးရတက်လာပြီးနောက် ချမှတ်ခဲ့တဲ့ စည်းကြပ်ခွန်အချို့မှ ဗြိတိန်ကို သက်သာစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်သွင်းကုန်အများစုအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ သမိုင်းဝင်သဘောတူညီချက်ဟာ ကားထုတ်လုပ်ရေးနဲ့ သံမဏိအပါအဝင် အဓိကကဏ္ဍတွေမှာ ဗြိတိန်စီးပွားရေးနဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ သဘောတူညီချက်ကြောင့် အမေရိကန်ပို့ကုန် ဒေါ်လာဘီလီယံများစွာ စျေးကွက်ဝင်ရောက်ခွင့်…
Read MoreDay: May 9, 2025
ဗန်းမော် တိုက်ပွဲ ဆက်လက်ပြင်းထန်
မေ ၉၊ ၂၀၂၅Shy V (VOM)ဗန်းမော်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး လေကြောင်းဗုံးကြောင့် လူထိခိုက်မှုရှိကြောင်း ဓဒသခံတွေဆီက သိရပါတယ်။“မေလ ၈ ရက်နေ့က ညောင်ပင်ရပ်ကွက်က ကမ်းနားရိပ်သာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲ ခံရတယ်။ နှစ်ခါ။ အဲဒီမှာ စစ်ရှောင်တွေ စုနေကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။လေကြောင်း ဗုံးကြောင့် လူ ၁၅ ယောက်ခန့် သေဆုံးပြီး အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။“ကမ်းနားရိပ်သာ ကျောင်းထဲ ရပ်ကွက်ကလူတွေ အများကြီး ကျန်ခဲ့တယ်။ ဘယ်မှ သွားစရာမရှိလို့ ပေကပ်နေနေကြတဲ့ အဖွဲ့တွေ။အိမ်မှာလည်း သုံးယောက်ကျန်ထားခဲ့တယ်။အဆက်သွယ်မရဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ကျန်နေခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေက လေကြောင်း ဗုံး ကျရောက် ပေါက်ကွဲလို့ ဘေး…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၉)
ဆူးငှက် ၂၈ရက်နေ့ညကတော့ မအိပ်လိုက်ရ၊ စိုးတထိပ်ထိပ်နဲ့ ညလုံးပေါက် ငုတ်တုတ်လင်းရတယ်။ တော်သေးတယ် ဆိုလာမီးလုံးလေးတွေက အားရှိနေတော့ လကွယ်ညသန်းခေါင်ယံက မှိတ်တုတ်မှိတ်တုတ် မီးရောင်လက်လက်လေးတွေနဲ့ လမ်းပေါ် ခြင်တဖျန်းဖျန်းရိုက်ရင်း သတင်းပေါင်းစုံ ဖလှယ်ကြတာပေါ့။ ငလျင်မလှုပ်ခင် ဆေးတက္ကသိုလ် ကျောင်းသူဆောင် မီးလောင်တယ်။ ငလျင်လှုပ်နေတုန်း ဟို အနောက် စိန်ပန်းသံလျက်မှော်ဘက်က ရပ်ကွက် မီးလောင်တာလည်း အိမ်ခြေ၇၀၀လောက် ပါသွားသတဲ့။ ဒီရပ်ကွက်က အရင် အမှိုက်ကုန်းပေါ် မြေဖို့ ဆောက်ထားတာတဲ့။ အရင်ရက် နေပူတာရော ငလျင်လှုပ်တာရောမို့ အောက်က အမှိုက်ဟောင်းက ထွက်တဲ့ ဓာတ်ငွေ့က မီးတောက်တွေ ထွက်လာပြီး မီးလောင်တာတဲ့။ ပြီးတော့ တက္ကသိုလ်ထဲက ပင်မဆောင်ကြီးက ပထမဆုံးငလျင်လှုပ်ကတည်းက မီးလောင်တာတဲ့။ မန္တလေးဆိုတာ တနေ့တည်းနဲ့ ပြားပြားဝပ် ပျက်စီးသွားပြီလေ။ ဒီလိုနဲ့ မိုးလင်းခဲ့ရတယ်။ မနက်လင်းတော့ တညလုံး ဘာအစာမှ ဟုတ်တိပတ်တိ မစားလိုက်ရတော့ ဆာပြီလေ။…
Read Moreစစ်ရေးတင်းမာနေလို့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမှာ အရပ်သား ထောင်ချီ တိမ်းရှောင်နေရ
မေ ၉ – ၂၀၂၅SS (VOM)မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်မှာ စစ်ရေးတင်းမာနေလို့ အရပ်သား ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ရှိလာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။“လေကြောင်း တိုက်ခိုက်မှုတွေကတော့ အဆက်မပြတ်ဘဲ။ အခုထိကတော့ စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲ။ ဒီမနက်တင် လေယာဉ်တွေဝဲနေတာ။ ပြီးခဲ့တဲ့ ရက်ကလည်း သထုံနဲ့ ဘီးလင်းဘက်မှာ ကားလမ်းရော၊ ရထားလမ်းရော မိုင်းခွဲခံရတာ ရှိတယ်လေ။ ဒေသခံတွေကတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ရှောင်ကုန်ကြပြီ။ စုစုပေါင်း လူဦးရေ ၉၀၀၀ နီးပါးလောက် ရှိမယ် ဘေးလွတ်ရာ ရှောင်နေကြတာ။ သူတို့တွေအတွက် လတ်တလော အရေးပေါ် လိုအပ်နေတာတွေကတော့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေပါ”…
Read Moreအရက်နဲ့ဆေးလိပ်ကို အခွန်တန်ဖိုးနှုန်းထားတွေ တိုးမြှင့်သတ်မှတ်
မေ၉၊၂၀၂၅ Ms(VOM) ယခုနှစ်ရဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ အထူးကုန်စည်အမျိုးအစားတွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဝိုင်အမျိုးမျိုး တို့ကို အခွန်တန်ဖိုးနှုန်းထားတွေတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ဆေးလိပ်နဲ့ အရက်အမျိုးမျိုး အတွက် အခွန်တန်ဖိုးနှုန်းထားတွေကို ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ကထက် အခု၂၀၂၅ခုနှစ်မှာ အနည်းဆုံးကျပ်ငွေ၂ကျပ်မှ အများဆုံးကျပ်ငွေ ၆၀၀ကျော်အထိ အခွန်တန်ဖိုးတိုးမြှင့်သတ်မှတ်လိုက်တာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကာက်ဥပဒေမှာ ရောင်းဈေးကျပ် ၈၀၀ တန်ဖိုးအဆင့်ရှိ စီးကရက်အလိပ် ၂၀ ပါ တစ်ဘူးမှာ စီးကရက်တစ်လိပ်အတွက် အခွန် ၁၃ ကျပ်၊ ၈၀၁ ကျပ်ကနေ ကျပ် ၁၁၀၀ တန်ဖိုးရှိ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူးမှာ တစ်လိပ်ကို အခွန် ၂၆ ကျပ် နဲ့ ၁၁၀၁ ကျပ် အထက် စီးကရက်တစ်ဘူးမှာတော့ တစ်လိပ်ကို အခွန် ၂၉ ကျပ် ပေးဆောင်ဖို့…
Read Moreပိုင်ဆိုင်မှု အားလုံးနီးပါး လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ် ကြေညာ
ဝါရှင်တန်၊ မေ-၉-၂၀၂၅ရတီ(VOM)မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ဟာ လာမယ့်နှစ် ၂၀ အတွင်း သူ့ရဲ့ ချမ်းသာကြွယ်၀မှု ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ငွေကြေားပမာဏဟာ စျေးကွက်နဲ့ ငွေကြေးဖောင်းပွမှုတို့အပေါ် မူတည်သော်လည်း ဂိတ်ဖောင်ဒေးရှင်းရဲ့ လု်ပငန်းတွေ အဆုံးသတ်ချိန် လက်ရှိနဲ့ ၂၀၄၅ ခုနှစ်အကြားမှာ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။ဒီငွေတွေကို မိခင်နဲ့ ကလေး သေဆုံးမှုတွေ ကာကွယ်ရေး၊ ကူးစက်ရောဂါတွေ ကာကွယ်ဖို့နဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့အတွက် လှူဒါန်းမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ဂိတ်ဖောင်ဒေးရှင်းဟာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်လှူဒါန်းခဲ့ပြီး လာမယ့် နှစ် ၂၀ မှာ နှစ်ဆတိုးမယ်လို့ ပြောပါတယ်။အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ကမ္ဘာတဝန်းရှိ အခြားနိုင်ငံတွေဟာ သူတို့ရဲ့ အကူအညီတွေကို လျှော့ချဖြတ်တောက်မှုတွေ…
Read Moreစစ်အခြေစိုက်စခန်း သုံးခုကို ပါကစ္စတန် တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ စွပ်စွဲ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို လက်တုံ့ပြန် တိုက်ခိုက်
ဒေလီ၊ မေ-၉-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယ စစ်အခြေစိုက်စခန်း သုံးခုကို ပါကစ္စတန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲလိုက်ပြီး ပါကစ္စတန်ကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေက တိုက်တွန်းနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ လက်ရှိမှာလည်း နယ်စပ်တလျှောက်မှာ နှစ်ဖက်တပ်တွေအကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ အိန္ဒိယ ဒရုန်း ၂၅ စင်းကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်က အစောပိုင်းမှာ ပြောဆိုထားပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အိန္ဒိယကလည်း ပါကစ္စတန် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်ကတည်းက တိုက်ခိုက်မှုတွေကြောင့် လူ ၃၁ ယောက်သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့…
Read Moreလားရှိုးပြန်ပြီး တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းအချို့ အခက်အခဲ ကြုံနေရ
မေ ၉၊ ၂၀၂၅Shy V (VOM)ကိုးကန့် MNDAA တပ်ဖွဲ့က လွှဲပြောင်း ပေးအပ်ထားတဲ့ လားရှိုးမြို့ကို တာဝန် ပြန်လည် ထမ်းဆောင်နိုင်ဖို့ ပြန်လာမယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ ခရီးစရိတ်ကြီးမြင့်တာ အပါအဝင် အခက်အခဲအချို့ ကြုံနေရကြောင်း ဝန်ထမ်း တွေဆီရ သိရပါတယ်။“လမ်းခရီးကတော့ ဘာမှ မဖြစ်ပါဘူး။ အဓိက ခရီး စရိတ်ပေါ့။ ရတဲ့ လစာ နဲ့ ခရီး စရိတ်က အရမ်းကွာတယ်လေ။ အခုကခရီးစရိတ် အရမ်းမြင့်တယ်။ အလုပ်ဆီ အရောက်သွားဖို့က အတော်ခက်ခဲရတယ်” လို့ ပညာရေး ဝန်ထမ်း တယောက်က ပြောပါတယ်။မိသားစုလိုက် စစ်ရှောင် ထားရတာကြောင့် အပြန်ကျရင်လည်း ဝန်ထမ်း တယောက်ထဲ မဟုတ်ပဲ မိသားစုလိုက် ပြန်လာရမှာကြောင့် အခက်အခဲ ပို ဖြစ်ကြရတာလို့ သူက ပြောပါတယ်။ဒါ့အပြင် လားရှိုးက ဝန်ထမ်းတွေကို ပြန်ခေါ်ရာမှာ…
Read Moreအမေရိကန် ကာဒီနယ် ရောဘတ်ပရက်ဗော့စ် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရ
ဗာတီကန်၊ မေ-၉-၂၀၂၅ ရတီ(VOM) အမေရိကန် ကာဒီနယ် ရောဘတ်ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဗာတီကန်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူဟာ အမေရိကတိုက်က ပထမဆုံးရွေးချယ်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ဆိုတဲ့ အမည်ကို ခံယူမှာဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက အားလုံး ငြိမ်းချမ်းကြပါစေလို့ စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြသူတွေကို ဗာတီကန် လသာဆောင်ကနေ ပြောကြားခဲ့ပါတယ်။ ချီကာဂိုနွယ်ဖွား ရောဘတ်ပရက်ဗော့စ်ဟာ ပြုပြင်ပြောင်းလဲရေးသမားတယောက်အဖြစ် ရှုမြင်ရပြီး ပီရူးမှာ ခရစ်ယာဉ်သာသနာပြုအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးဖြစ်လာပါတယ်။ ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ် ခန့်အပ်ခံရမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားကြပြီး အမေရိကန်ပုပ်ရဟန်းမင်းကြီး ထွက်ပေါ်လာခြင်းအတွက် အလွန်ဂုဏ်ယူတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်တင်မြှောက်ရာမှာ မဲအရေအတွက် ဘယ်လောက်ရရှိခဲ့တယ်ဆိုတာ ရှင်းလင်းစွာ…
Read Moreလားရှိုးမှာ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ဆက်လက်မြင့်တက်နေ
မေ ၉၊ ၂၀၂၅Shy V (VOM)လားရှိုးမြို့မှာ မကြာသေးခင်နေ့ရက်တွေအတွင်း နေ့တိုင်းနီးပါး ခိုးဆိုးလုယက် ဓားပြတိုက်မှု ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။“လားရှိုး မြို့ထဲ ဓားပြတိုက်ချက်က ရက်ခြား တခါ ဖြစ်နေတယ်။ နေ့တိုင်းတွေ့နေရတာ။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။နေ့ခင်းမှာတောင် ဓားပြတိုက် အနုကြိမ်း စီးတာတွေ ဖြစ်နေပြီး ရဲစခန်း နားက တိုက်တန်းလို နေရာတောင် နေ့လယ်၊ နေ့ခင်း တွေမှာတောင် ဓားပြတိုက်ခံရတာမျိုး ရှိနေတာေကြာင့် လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။“မနေ့ မေလ ၇ ရက်နေ့ နေ့လယ်ကရပ်ကွက် ၁၂ အဝေယာလမ်းမှာ လူတစု ကားနဲ့လာပြီးဓားပြတိုက်သွားတယ်။ သေနတ်တွေလည်းပါတယ်။ ကားကို ဓားပြ တိုက်သွားတယ်။”တရားခံ တယောက် ဖမ်းမိထားပြီး တခြားသူတွေ လွတ်မြောက် နေတုန်း လို့ သိရတယ်လို့ ဆိုပါတယ်။“ဓားပြတိုက်သူတွေက…
Read More