” မောင်လေးစုပ်” သီချင်းဒါရိုက်တာ နဲ့ “လိင်ဆက်ဆံမလား “လိုက်မေးသူတို့ အမှုဖွင့် အရေးယူခံရ

 

ဇူလိုင် ၂၅ – ၂၀၂၄
GG (VOM)

” မောင်လေးစုပ် “သီချင်းစီစဥ်သူ ဒါရိုက်တာရွှေလက်အောင်မင်း နဲ့ ” မိန်းကလေးတွေကို ကျနော်နဲ့လိင်ဆက်ဆံမလားဆိုပြီး ” ညစ်ညမ်းမေးခွန်းတွေ လိုက်မေးခဲ့တဲ့ Facebook ဆယ်လီ ငြိမ်းချမ်းထက်အောင် တို့ကို ဖမ်းဆီးကာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာ ရွှေလက်အောင်မင်းကို ဗဟန်းမြို့မရဲစခန်းမှာအမှုဖွင့်အရေးယူထားပြီး ငြိမ်းချမ်းထက်အောင်ကိုတော့ မရမ်းကုန်း မြို့မရဲစခန်းမှာအမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့သိရပါတယ်။

” ငြိမ်းချမ်းထက်အောင်က အဲဒီဗီဒီယိုတင်ပြီးမကြာဘူး ဝိုင်းဆဲကြပြောကြတာနဲ့ သူပြန်ဖြုတ်ချသွားတယ်။ဒါပေမယ့်လည်း ရုပ်သံကပြန့်သွားပြီးတိုင်သူရှိတော့ သူအဖမ်းခံလိုက်ရတယ်။အမှုဖွင့်ထားတဲ့အခြေအနေကိုအခုမှအသိပေးတာ။မထင်မှတ်ဘဲခုလိုဖြစ်သွားတဲ့သဘောပါ။သတိပေးပြီးပြန်လွှတ်မယ်ထင်ခဲ့တာ။” လို့ငြိမ်းချမ်းထက်အောင်နဲ့ရင်းနှီးသူ ဆယ်လီတယောက်ကပြောပါတယ်။

ငြိမ်းချမ်းထက်အောင်က လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းကို လမ်းမထက်သွားလာနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို လိုက်လံမေးမြန်းပြီး အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာမှာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒါရိုက်တာ ရွှေလက်အောင်မင်းကိုတော့ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ သီချင်းကို အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့်ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မောင်လေးစုပ် ” သီချင်းမှာ “နို့စို့ ညီမလေး လာစို့၊ အားရှိဖို့ အစ်မကြီး လာစို့၊ နို့စို့ အစ်ကိုကြီး လာစို့ အားရှိဖို့ မောင်လေး လာစို့” စတဲ့ တေးသီချင်းစာသားတွေ သီဆိုထားတာတွေ့ရပြီးဒါရိုက်တာက ရွှေလက်အောင်မင်း ၊သီဆိုသူက လင်းလက်နဲ့အိမ့်ရွှန်းဖြစ်ပြီး ဒါရိုက်တာက ရွှေလက်အောင်မင်းဟာ အမှုဖွင့်ခံရပေမယ့် ဖမ်းဆီးခံရခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး ။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ” အချစ်ခံကြည့် “တေးသီးချင်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသား ဗညားဘုန်းပြည့်နဲ့ ဇာတ်ညွှန်းရေးသူ ရွှေဆုတို့နှစ်ဦးဖမ်းဆီးပြီး ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)နဲ့ အမှုဖွင့်အရေးထားပါတယ်။

ဧပြီလတုန်းကလည်း ” စောင့်ပက်” သီချင်းနဲ့
“စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” သီချင်း၊ ဘီယာဗိုက်” သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)အမှုဖွင့်ဖမ်းဆီးအရေးယူထားပါတယ်။

#Voiceofmyanmar #vom #ဒါရိုက်တာရွှေလက်အောင်မင်း #ဆယ်လီငြိမ်းချမ်းထက်အောင် #အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ – ၃၃(က) #ဖမ်းဆီးအမှုဖွင့်ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW