အောက်တိုဘာ ၁၀ ၊၂၀၂၆ CC (VOM) စစ်ရေး နိုင်ငံရေးအရ အဓိကကျတဲ့ ရခိုင်ပြည်နယ်၊ AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်တွင်းက ငပြီကျွန်းကို လေကြောင်းကနေဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ငပြီကျွန်းကို တပ်မတော်က ကမ်းတက်သိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်ကတည်းက လေကြောင်းဆက်တိုက် ကြဲချနေတာလို့ သိရပါတယ်။ ” မနက်ကတည်းက လေယာဥ်ကြဲနေတာလို့ သိရတယ်။ ငပြီကျွန်းကိုတက်ဖို့ စစ်တွေ ရွေမင်းဂံ တပ်စခန်းကနေ ထိုးဖောက် နေတာ ။ ခုထိတော့ စစ်ရေးပြင်းထန်နေတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ငပြီကျွန်းဟာ ပေါက်တောမြို့နယ်ထဲမှာရှိပေမယ့် စစ်တွေနဲ့ ပုဏ္ဍားကျွန်းမြို့နယ်အစပ် ၊ ကုလားတန်မြစ်ထဲမှာရှိတာဖြစ်ပြီး စစ်ရေး နိုင်ငံရေးအရ အရေးပါတဲ့ ကျွန်းဖြစ်တာကြောင့် တပ်မတော်အနေနဲ့ မဖြစ်မနေသိမ်းပိုက်ရမယ့် နေရာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကဆို ပါတယ်။ ဒါကြောင့် တပ်မတော်က…
Read MoreDay: October 11, 2026
ကြန့်ကြာနေတဲ့ ကွန်ဒိုသုံးခုက ဝယ်ယူသူတွေကို လျော်ကြေး ပေးမယ်ဆိုတဲ့ သတင်းထွက်ပေါ်
ရန်ကုန်-အောက်တိုဘာ-၁၀-၂၀၂၆ EP (VOM) The central ကွန်ဒိုအပါအဝင် ကွန်ဒိုသုံးခု ကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ Marga Landmark ကုမ္မဏီက အချို့ကွန်ဒိုတိုက်ခန်း ဝယ်သူတွေကို လျော်ကြေးငွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မဖြစ်သေးကြောင်း ကွန်ဒို ရောင်းဝယ်သူတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ကို အခုချိန်ထိ ဆက်သွယ်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ ဂရုက ဝယ်ယူသူ ၁၄၀ ကျော်ရှိပါတယ်။ သူတို့ကိုလည်း အခုထိ မဆက်သွယ်သေးပါဘူး။ ကျွန်တော်တို့ အဲ့ဒီကိစ္စ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့စီစဉ် နေပါတယ်”လို့ ကွန်ဒိုဝယ်သူ ဂရုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကွန်ဒိုဝယ်ယူသူတွေကတော့ ဒီသတင်းက ကွန်ဒို ဘက်က သတင်းလွှင့်တာ ဖြစ်နိုင်ပြီး အခုထက်ထိ ဘယ်သူကိုမှ လျော်ကြေးငွေ မပေးတဲ့အတွက် ကောလာဟလသာဖြစ်ကြောင်း အဆိုပါ ကွန်ဒို ဝယ်ယူသူတွေက ဆိုပါတယ်။ အခုလက်ရှိမှာ…
Read Moreတံတားဦးမြို့နယ်မှာ ဆန်စက်ပိုင်ရှင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး
မန္တလေး၊ အောက်တိုဘာ- ၁၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ မြင်းသည်ကျေးရွာအုပ်စု၊ရေကမိုးကျေးရွာ က ရွှေညီကို ဆန်စက်ပိုင်ရှင်ကို မနေ့ အောက် တိုဘာ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ လူသုံးယောက်က သေနတ်နဲ့ ပစ်ခတ်လို့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ ရေကမိုးကျေးရွာ က ရွှေညီကို ဆန်စက်ဝန်းအတွင်းမှာ ဆန်စက်ပိုင်ရှင် ကိုရန်နိုင်လင်း(ခ) ကိုရာဇာစိုး ၄၁ နှစ်နဲ့ အဖေဖြစ်သူ ဦးမြင့်ဆွေ၊ သားဖြစ်သူ မင်းမင်းခန့်၊ ဆန်စက်မန်နေဂျာ တင်မျိုးအောင်(ခ)ချိန်ပီးတို့နဲ့အတူ ဆန်စက်တောင်ဘက်က ပေ ၁၅၀ ခန့်ရှိတဲ့ လူနေအိမ်တဲအတွင်းမှာ ထိုင်ပြီး စကားပြောနေချိန် အမျိုးအစား အရောင်မသိ 125 ဆိုင်ကယ်နဲ့ အသက်…
Read Moreဖားကန့်စုပေါင်းရုံး ဗုံးကွဲပြီးနောက် ညမထွက်ရအမိန့်ထုတ်
အောက်တိုဘာ ၁၀ ၊ ၂၀၂၆ CC (VOM) ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ ဗုံးကွဲပြီးနောက် ဖားကန့်မြို့နယ်အတွင်း ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးအသုံးပြုပြီး ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းကိုပါ တားမြစ်လိုက်ပါတယ်။ ဒါအပြင် လူငါးယောက် သို့မဟုတ် လူငါးယောက်ထက်ပိုပြီးလည်း ဖားကန့်မြို့နယ်အတွင်း လမ်းမကြီး နဲ့ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် ၊ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ စုဝေးခြင်းမပြုဖို့ပါ တားမြစ်ထားပါတယ်။ ” စုပေါင်းရုံး ဗုံးကွဲပြီး ခုလို ညမထွက်ရအမိန့်ဆက်တိုက်ထွက်လာတာပဲ ။ ၈ ရက်နေ့ကတည်းက စတယ်သိရတယ်။ အများစုကတော့…
Read Moreမြန်အောင်က မမြဆည်ဘောင် တမံ ပေ ၂၀၀ ပြိုကျလို့ ကျေးရွာတချို့အရေးပေါ်ရွှေ့၊ ရေပိုလွှဲကနေ ရေထုတ်နေ
အောက်တိုဘာ ၁၀ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနောက်ဘက်ရှိ မမြဆည်ရေလှောင်တမံမှာ အပြင်ဘက် တမံဘောင်မြေသား ပေ ၂၀၀ လောက်ပြိုကျခဲ့တာကြောင့် ဆည်အောက်ကကျေးရွာတချို့ကို အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ မမြရေလှောင်တမံဟာ မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၇ နာရီလောက်မှာ တာဘောင်အက်ကွဲပြီး ည ၁၂ နာရီလောက်မှာ တာဘောင်ပြိုကျခဲ့ကြောင်း ၊ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ တမံက အလျား ၂၀၀ ပေ ၊ အနက် ၃၀ ပေခန့် ပြိုကျခဲ့တယ်လို့ သိရပါတယ်။ ဆည်အောက်ကရွာ တချို့နဲ့ ရေဝင်နိုင်တဲ့ရွာတွေဖြစ်တဲ့ စမ်းရွာကြီးအုပ်စု၊ မရွေးကုန်းအုပ်စု၊ ငါးဘတ်ကျအုပ်စုက ဒေသခံ တွေကို ကုန်းမြင့်နေရာကို အရေးပေါ်ရွှေ့ပြောင်းထားပြီး ခုဆိုရင် လူဦးရေ ၁၀၀၀…
Read Moreလူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းသူတွေရဲ့ သားသမီးတွေ ပညာသင်စရိတ် ထောက်ပံ့ငွေရမယ်
ရန်ကုန်-အောက်တိုဘာလ-၁၀-၂၀၂၆ EP(VOM) လုပ်ခ လစာကနေ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လ ပေးသွင်းတဲ့ အလုပ်သမားတွေရဲ့ သားသမီးတွေကို အခုနှစ် ပညာသင်နှစ်က စပြီး လူမူဖူလုံရေး ရန်ပုံငွေ ထောက်ပံ့ကြေး ပေးသွားမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စုံစမ်းသိရှိရပါတယ်။ လူမှုလုံရေး ရန်ပုံငွေထားသူတွေဟာ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လပေးသွင်းထားသူ ဖြစ်ရမယ် ၊ နိုင်ငံတော် အသိမှတ်ပြုတဲ့ နိုင်ငံပိုင် ကျောင်း၊ ပုဂ္ဂလိကကျောင်း တက်ရောက်နေသူတွေကို ပေးမှာ ဖြစ်ပါတယ်။ လူမှုဖူလုံရေး အာမခံစရိတ် ရန်ပုံငွေ ပေးသွင်းသူတွေကို အလုပ်သမားဝန်ကြီးဌာန ၊လူမှုဖူလုံရေးက မီးဖွားစရိတ်နဲ့ ဆေးကုသမှုစရိတ် ကို ထောက်ပံ့နေဆဲ ဖြစ်ပေမယ့် ပညာသင်စရိတ်ကိုတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်က စပြီး ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ ပညာသင်စရိတ် ပေးမယ့်အကြောင်းကြားစာကို စက်မှုလက်မှု လုပ်ငန်းတွေရှိတဲ့ ရန်ကုန် ၊ မန္တလေး…
Read Moreမဟာဘွဲ့ရရှိသူတွေကို HRD သင်တန်း တက်ခွင့်ပိတ်ပြီးမှ စာမေးပွဲ ဖြေဆိုစေခဲ့မှုအပေါ် ဖြေရှင်းပေးစေလို
အောက်တိုဘာ ၁၀ – ၂၀၂၆ SN (VOM) ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ အခု ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ဖွင့်လှစ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ် (Human Resource Development – HRD) သင်တန်းအတွက် မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်ပိတ်ပြီးမှ စာမေးပွဲ ဖြေဆိုစေခဲ့မှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ပြောပါတယ်။ အခုနှစ် HRD သင်တန်းတွေမှာ စီးပွားရေးတက္ကသိုလ်တွေရဲ့ မဟာတန်းသင်တန်း မတက်ရောက်ရသေးသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ ဦးစားပေး တက်ရောက်ခွင့် ပြုမှာဖြစ်လို့ စီးပွားရေးတက္ကသိုလ်တွေမှ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်မပြု ဆိုတဲ့ မူကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကိုယ်စားပြုအဖွဲ့ (၅/၂၀၂၆) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပညာရေးအဖွဲ့မှ သဘောတူ…
Read Moreဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံက ဆန်ဝယ်ယူမှု နိုဝင်ဘာလအထိ ရပ်နားမယ်
ရန်ကုန်၊ အောက်တိုဘာ ၁၁-၂၀၂၆ EP(VOM) မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ အများဆုံး ဝယ်ယူတဲ့ ဖိလစ်ပိုင်နိုင်ငံက ဆန်ဝယ်ယူမှုကို နိုဝင်ဘာ လအထိ ရပ်နားထားမှာ ဖြစ်တယ်လို့ ဆန်ကုန် သည် အသိုင်းအဝိုင်းက သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါး ရာသီပေါ်ချိန်မှာ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမှု ရပ်နားထားခြင်းဖြစ်ပါတယ်။ “သူတို့ နိုင်ငံရဲ့ စပါးပေါ်ချိန်မို့ ရပ်နားထားတာပါ။ နိုဝင်ဘာ နောက်ပိုင်း ဆိုရင် ပြန်ဝယ်လောက် ပါတယ်။” လို့မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ် ဥက္ကဌ ဦးရဲမင်း အောင်ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူတဲ့ ဆန်တွေဟာ ရက် ၉၀ ၊ နယူးဧရာ ၊ နှံကောက် ၊ ရတနာထွန်း ၊ GW11 တို့ ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံရဲ့ ဆန်ကို စက်တင်ဘာလအထိ…
Read Moreပေါက်တောမြို့က ဆင်အိုင်ရွာမှာလေကြောင်းတိုက်ခိုက်ခံရလို့ ၆ သေ ၊ ၁၀ ထက်မနည်းဒဏ်ရာရ
အောက်တိုဘာ ၁၁ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ဆင်အိုင်ရွာဘက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်သေဆုံးကာ ၁၀ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ၊ ည ၆ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတချို့ရှိနေတယ်လို့ သိရပါတယ်။ ” သေဆုံးခြောက်ယောက်မှာ အမျိုးသမီးတွေများတယ်။ ဒဏ်ရာရက ၁၀ယောက်ကျော် တယ်။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လူသေဆုံးဒဏ်ရာရရှိမှုအပြင် နေအိမ်တွေ ပျက်စီးမှုလည်း ရှိထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၄ ရက်နဲ့ ၅ ရက်ကလည်း ပုဏ္ဍားကျွန်း မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ထံရပြီး ရှစ်ယောက်သေကာ ၁၁ ယောက်ထိခိုက်ဒဏ်ရာ ရပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ကလည်း…
Read Moreကြက်သွန်နီ အဝယ်လိုက်ပြီး စျေးကောင်းလို့ မပေါ်သေးတဲ့ မိုးကြက်သွန်ခင်းထိဆင်းပြီး ကြိုတင်စျေးဖြတ် ဝယ်ယူမှုရှိလာ
အောက်တိုဘာ ၁၁ ၊ ၂၀၂၆ TG (VOM) ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကုန်သည်ဝယ်လက်တွေက မပေါ်သေးတဲ့ မိုးကြက်သွန် စိုက်ခင်းထဲအထိဆင်းပြီး ကြိုတင်စျေးဖြတ်ကာ ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်သားဘက်မှာဆိုရင် မိုးကြက်သွန်စိုက်ခင်းတွေထဲက သီတင်းကျွတ်လပြည့်ကျော်ရင် နူတ်မယ့် စိုက်ခင်းက ထွက်ရှိမယ့် ကြက်သွန်ကို တပိဿာ ၅၀၀၀ မှ ၅၅၀၀ ကျပ်လောက် စျေးဖြတ်ပြီး စရံတဝက်ပေးစနစ်နဲ့ ဝယ်ယူနေတာလို့ သိရပါတယ်။ ကြိုတင်စျေးဖြတ်ပြီး အရောင်းအဝယ်ပြုလုပ်ရာမှာ တောင်သူနဲ့ ကုန်သည်အကြား အရောင်းအဝယ်ပြုလုပ်မယ့် ကြက်သွန် ပိဿာချိန်အတိအကျ နဲ့ အဲဒီအတွက် စရံငွေ တဝက်နီးပါးပေးချေကြောင်းကို စာချုပ်စာတမ်းပြုလုပ် ဝယ်ယူတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” နိုဝင်ဘာပေါ်မယ့်အခင်းဆိုရင် ၅၀၀၀ နဲ့ဖြတ်တယ်။ ဒီဇင်ဘာဆိုရင် ၄၀၀၀ နဲ့ ဖြတ်ပြီး လာဝယ်နေကြတယ်။ ကုန်ချိန် ၂၀၀၀ ထွက်မယ့်အခင်းကိုမှ…
Read More