ပေါက်တောမြို့က ဆင်အိုင်ရွာမှာလေကြောင်းတိုက်ခိုက်ခံရလို့ ၆ သေ ၊ ၁၀ ထက်မနည်းဒဏ်ရာရ

အောက်တိုဘာ ၁၁ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ဆင်အိုင်ရွာဘက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်​သေဆုံးကာ ၁၀ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ ၊ ည ၆ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတချို့ရှိနေတယ်လို့ သိရပါတယ်။
” သေဆုံးခြောက်ယောက်မှာ အမျိုးသမီးတွေများတယ်။ ဒဏ်ရာရက ၁၀ယောက်ကျော် တယ်။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း လူသေဆုံးဒဏ်ရာရရှိမှုအပြင် နေအိမ်တွေ ပျက်စီးမှုလည်း ရှိထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ၄ ရက်နဲ့ ၅ ရက်ကလည်း ပုဏ္ဍားကျွန်း မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ထံရပြီး ရှစ်ယောက်သေကာ ၁၁ ယောက်ထိခိုက်ဒဏ်ရာ ရပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့ပေါ် နေရာနဲ့ ကျေးရွာတချို့ဘက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ၁၃ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှာလည်း အောက်တိုဘာ ၂ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သုံးယောက်ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၁ ရက်ပလည်း ကျောက်တော်နဲ့ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စက်တင်ဘာလအတွင်းကလည်း လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၅ ယောက်ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ နီးပါးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ -. CJ

Related posts

✕
VOM News

FREE
VIEW