ခတ္တမန္ဒူ ၊ ဇူလိုင်-၂၄-၂၀၂၄
မျိုးဆက်(VOM)
နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူလေဆိပ်ကနေ ဒီနေ့ ဇူလိုင် ၂၄ ရက်က ပျံတက်သွားတဲ့ လေယာဉ်တစင်း ပျက်ကျမီးလောင်မှုကြောင့် လိုက်ပါသူ ၁၈ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
မီးလောင်နေတဲ့ အပျက်အစီးတွေအောက်နေ လေယာဉ်မှူးကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး သူဟာ လေယာဉ်ပျက်ကျမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ တဦးတည်းသောသူဖြစ်ပါတယ်။
Saurya လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ နည်းပညာကျွမ်းကျင်သူတွေအပါအဝင် ကုမ္ပဏီဝန်ထမ်း ၁၈ ယောက်နဲ့ လေယာဉ်မှူးနှစ်ယောက်တို့လိုက်ပါပြီး ဟိမ၀န္တာဒေသခရီးသွားလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်း ပေါ့ပ်ဟာရာကို သွားရောက်စဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။
ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းအဖြစ် ပေါ့ပ်ဟာရာကို ဦးတည်နေတဲ့ လေယာဉ်ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်မှာ ထရစ်ဟူဗန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို အသေးစိတ်မသိရသေးပေမယ့် လေယာဉ်ဟာ လမ်းကြောင်းမှားပျံတက်သွားဖွယ်ရှိတယ်လို့ လေဆိပ်အကြီးအကဲက သုံးသပ်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images/ Reuters
#Voiceofmyanmar #VOM #နီပေါ #လေယာဉ်ပျက်ကျမှု #၁၈ယောက်သေဆုံး