ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ် ရွေးကောက်ပွဲ လူထုထောက်ခံမှုနှုန်း မတိမ်းမယိမ်းရှိနေ

 

ဝါရှင်တန် ၊ ဇူလိုင်-၂၄-၂၀၂၄
မျိုးဆက်(VOM)

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ ဒုတိယသမ္မတ ကမလာဟားရစ်တို့ အပေါ် လူထုထောက်ခံမှုနှုန်းဟာ သူမသာကိုယ်မသာ မတိမ်းမယိမ်း ရှိနေကြောင်း ရွေးကောက်ပွဲ သဘောထားစစ်တမ်း နှစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ကြေညာပြီးနောက် ရိုက်တာသတင်းဌာနနဲ့ Ipsos အဖွဲ့တို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ သမ္မတလောင်းတွေအပေါ် လူထုရဲ့ ထောက်ခံမှု သဘောထားစစ်တမ်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်တမ်းတခုမှာတော့ သမ္မတရွေးကောက်ပွဲမှာ ကမလာဟားရစ်ကို မဲပေးမယ်ဆိုသူ ၄၄ ရာခိုင်နှုန်းရှိပြီး ၄၂ ရာခိုင်နှုန်းကတော့ ဒေါ်နယ်ထရန့်ကို မဲပေးမယ်လို့ ဆိုကြပြီး ဟားရစ်ဟာ သူမရဲ့ ဒီမိုကရက်တစ်ပါတီကို လူကြိုက်များအောင် အနည်းငယ်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ပီဘီအက်စ်နဲ့အခြားသော စစ်တမ်းတခုမှာတော့ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ ၄၆ ရာခိုင်နှုန်းကတော့ ကမလာဟားရစ်ကို မဲပေးမယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဂျိုးဘိုင်ဒင်ထက် ဟားရစ်ကို အနိုင်ယူရတာပိုလွယ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့အသက်အရွယ်၊ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်တွေကြောင့် သမ္မတရွေးကောက်ပွဲ ဝင်မပြိုင်သင့်တော့ဘူးလို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကမလာဟားရစ်ကို ထောက်ခံခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #ဒေါ်နယ်ထရန့် #ကမလာဟားရစ် #လူထုထောက်ခံမှုနှုန်း

Related posts

✕
VOM News

FREE
VIEW