ပလက်ဝမြို့နယ် သံထောင်ရဲကင်းကို AA ဝင်စီး

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉
ခိုင်လင်းစံ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်သံတောင်ရဲကင်းစခန်းအနီး ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ရဲကင်းစခန်းကို AA တပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပါတယ်။

 

ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ရက် မနက် ၄ နာရီလောက်မှာ မိနစ်သုံးဆယ်ခန့်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ AA တပ်ဖွဲ့ရဲ့စီးနင်းမှုကိုခံလိုက်ရတာဖြစ်ပြီး စီးနင်းခံရမှုကြောင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို   ဆက်သွယ်မေးမြန်းရမှာတော့ ဖုန်းလိုင်းမကောင်းဆိုပြီး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

 

သံတောင်ကျေးရွာဟာ မြောက်ဦးမြို့နဲ့ မိုင် ၄၀ လောက်ကွာဝေးတဲ့ လေးမြို့မြစ်ကြောင်းအတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး လူဦးရေတစ်ရာဝန်းကျင်လောက်သာရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

သံတောင်ရဲကင်းစခန်းဟာ လမ်းပန်းဆက်သွယ်ရေးမလွယ်ကူတာကြောင့် သွားလာရေးအခက်အခဲရှိတဲ့ဒေသတစ်ခုဖြစ်ပြီး အရင်ကလည်းအခုလိုမျိုး ၀င်ရောက်စီးနင်းမှုတွေခံရဖူးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

 

#voiceofmyanmar#AA#ပလက်ဝ

 

Related posts

Leave a Comment

VOM News

FREE
VIEW