Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတဲ့ M ဂျာဆိုင်းပန်

ရန်ကုန် ဖေဖော်ဝါရီ ၂၂-၂၀၁၉

သင်းသဒ္ဒါ

 

ဓာတ်ပုံ လန်းလန်းတွေနဲ့ ပရိသတ်ကို ရိုက်ကူးတင်ပြနေတဲ့ ဓာတ်ပုံမော်ဒယ်လ် M ဂျာဆိုင်းပန်  ကတော့ Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်လို့ ဆိုပါတယ်။

 

“အချစ်ရေး ကလည်း Sexy Model လုပ်ဖြစ်တာမို့ သိပ်မကြာသေးခင်ကပဲ လမ်းခွဲဖြစ်သွားပါတယ်။ စ တွေ့တုန်းကတော့ ချစ်သူက အရာအားလုံးကို ခွင့်လွှတ်ခဲ့တယ်။ မင်းကြိုက်တာလုပ်ပဲ၊ ကိုယ့်အသိုင်းအ၀ိုင်းကိုလည်း ကိုယ့်ပဲ ရှင်းပြမယ်။ ကိုယ့်ဝါသနာတာလုပ်မှ ကိုယ့်စိတ်ချမ်းသာမယ်။ အောင်မြင်အောင်လုပ်ပါလို့ အကြံပြုခဲ့ပေမယ့် ကြာလာတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် လမ်းခွဲဖြစ်သွားတာပါ။ ဓာတ်ပုံ တစ်ပုံတက်လာရင် တစ်ခါရန်ဖြစ်ရတယ်”လို့ ဆိုပါတယ်။

 

သူမကိုတော့ Sexy Photo တွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အိမ်ကရော ၊ ပတ်ဝန်းကျင် မိတ်ဆွေတွေ က ဝေဖန်မှုတွေ ခံရပါတယ်။ ကိုယ့်ရဲ့ ဖက်ရှင်ပတ်သက်ပြီးတော့ အပြောခံရတယ်။ ကိုယ်က Photo ရိုက်နေရတာကို ကြိုက်ပြီးတော့ ၀ါသနာပါတာပါ။ Sexy ဖက်ရှင်ဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ ဖက်ရှင်ကျကျ အရမ်းချစ်စရာကောင်းတယ်လို့ ထင်တယ်။ ခန္ဓာကိုယ်လှတဲ့ မိန်းကလေးတွေဆိုရင် သဘောကျတယ်။ ဒါကြောင့်မို့ ကိုယ်တိုင်လည်း Sexy ၀တ်စုံလေးတွေဝတ်ဖြစ်တာပါလို့ သိရပါတယ်။

 

Sexy ၀တ်ဆင်တဲ့ မိန်းကလေးဆိုရင် မကောင်းမြင်ကြတဲ့အပေါ်မှ” လူအယောက် ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်းကတော့ မကောင်း မြင်ကြပါတယ်။ နောက်ဆုံး ချစ်သူကတောင် ကိုယ့်ကို အမြင်တွေ စောင်းလာတယ်။ သံသယတွေလည်း နောက်ပိုင်း ကိုယ့်ကိုမြင်လာတယ်။ နောက်ပိုင်း ရိုက်ပါများလာတော့ ပြောလာပြီး မိန်းကလေးတော်တော်များများ လမ်းခွဲအထိကြုံခဲ့ရပါတယ်။ မိဘတွေကလည်း ဆိုရှယ်မီဒီယာခေတ်မို့ အကုန် လုံး သိလာကြတယ်။ Sexy Model ကို ပတ်ဝန်းကျင် ၊ အပေါင်းအသင်း၊ မိဘရော၊ သိပ်လက်ခံ မပေးချင်ကြပါဘူး”လို့ဆိုပါတယ်။

 

လက်ရှိမှာတော့ သူမက ရင်သားခွဲစိတ်ပြုပြင်ပတ်သက်ပြီး ညီမအရင်တုန်းက ရင်သားမရှိဘူးလေ ဒါကြောင့် ခွဲစိတ် လိုက်တာပါ။ ရင်သားမရှိဘူးဆိုရင်တော့ ခွဲစိတ်ပြုပြင်မှုလုပ်တာ ကောင်းပါတယ်။ လူကောင်း အရမ်းသေးလို့ ခွဲစိတ်ဖြစ်တာပါ။ Sexy Model အဖြစ်ရပ်တည်တဲ့ သူတစ်ယောက်အနေနဲ့ လိုအပ်ချက်ကို ပြုပြင် သင့်တယ်ထင်ပါတယ်။ ခန္ဓာကိုယ် လှပအောင် ထိန်းသိမ်းရတာပေါ့။ ဝေဖန်မှုကတော့ ကောင်းတာတွေ ပြောသလို ဆိုးတာလည်း ပြောကြပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW