COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ်

COVID 19 ဓါတ္ခြဲခန္းအတြက္ မႏၲေလးအျပင္တျခားၿမိဳ႕က က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးဖို႔ ယူနန္ေဆးပညာအဖြဲ႕ ေရာက္မယ္ မႏၲေလး ေမ ၂၂ -၂၀၂၀ ျဖဴျဖဴ (VOM) COVID 19 အတည္ျပဳစစ္ေဆးေပးႏိုင္မယ့္ ဓါတ္ခြဲခန္းအတြက္ မႏၲေလး၊ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕က ဆရာဝန္နဲ႔ က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးဖို႔ ယူနန္ေဆးပညာအဖြဲ႕ ဒီညေနမွာ ေရာက္ရွိမယ္လို႔ မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။ အထက္ျမန္မာျပည္အတြက္ COVID 19 ေရာဂါ အတည္ျပဳစစ္ေဆးေပးႏိုင္မယ့္ ဓါတ္ခြဲခန္းကို မႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၆-၆၄ လမ္းၾကားရွိ FDA ႐ုံးေဟာင္းမွာ စီစဥ္ေဆာင္႐ြက္ထားၿပီး ဓါတ္ခြဲခန္းအတြက္ ဓါတ္ခြဲဝန္ထမ္းေတြကို သင္တန္းေပးဖို႔နဲ႔ စက္ပစၥည္းတခ်ိဳ႕လႉဒါန္းဖို႔ ယူနန္ေဆးပညာအဖြဲ႕ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ “က်န္းမာေရးဝန္ႀကီးဌာနကေန ေနာင္တစ္ခ်ိန္မွာ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္မွာ ဒီလုပ္ငန္းခ်ဲ႕ဖို႔ စီစဥ္ေနတဲ့အတြက္ အဲဒီက ဓါတ္ခြဲဝန္ထမ္းနဲ႔ ဆရာဝန္ႀကီးအပါအဝင္ ၄ ေယာက္စီ၊ စုစုေပါင္း ရွစ္ေယာက္ကလည္း ယူနန္အဖြဲ႕လာသင္တဲ့အခ်ိန္မွာ လာဆက္သြယ္(Join)မွာျဖစ္ပါတယ္။”လို႔ ေဒါက္တာသန္းသန္းျမင့္က ဆိုပါတယ္။ က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးရင္း လက္ေတြ႕လုပ္ေဆာင္ေစရင္းျဖင့္ ၇ ရက္ၾကာျမင့္မယ္လို႔ သိရပါတယ္။ ယူနန္ေဆးပညာအဖြဲ႕ဟာ မႏၲေလးၿမိဳ႕ကို ပထမအႀကိမ္ ဧၿပီလအတြင္း လာေရာက္ေလ့လာခဲ့စဥ္က လိုအပ္တာေတြကို အႀကံျပဳတင္ျပခဲ့တဲ့အျပင္ ဓါတ္ခြဲခန္းအတြက္ စက္ပစၥည္းေတြလည္းကူညီသြားမယ္လို႔ ေျပာဆိုခဲ့တယ္ေၾကာင္း သိရပါတယ္။ အထက္ျမန္မာျပည္အတြက္ စစ္ေဆးေပးႏိုင္မယ့္အဲဒီ ဓါတ္ခြဲခန္းမွာ လက္ရွိရွိေနတဲ့ က်န္းမာေရးဝန္ႀကီးဌာနက စက္နဲ႔ စကၤာပူႏိုင္ငံရွိ အလႉရွင္တစ္ဦးက လႉဒါန္းတဲ့စက္အျပင္ ယူနန္ေဆးပညာအဖြဲ႕က ယူေဆာင္လာမယ့္စက္လည္း ေရာက္ရွိမွာျဖစ္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနကေပးပို႔ထားတဲ့စက္ကေန တစ္ရက္ကို လူ ၁၈၀ ဦးရဲ႕ sweb ကို စစ္ေဆးေပးႏိုင္မွာျဖစ္ၿပီး က်န္စက္ေတြကေတာ့ ဘယ္ေလာက္စစ္ေပးႏိုင္မယ္ဆိုတာ တိတိက်က်မသိရေသးဘူးလို႔ ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။ လက္ရွိမွာ ဓါတ္ခြဲခန္း အေဆာက္အဦးျပင္ဆင္တာ၊ စက္ေနရာခ်တာ ၊ ပိုးသန႔္စင္ေရးလုပ္ေဆာင္တာေတြ ေဆာင္႐ြက္ေနၿပီး အခုလမကုန္မီ စတင္ႏိုင္မယ္လို႔ သိရပါတယ္။ ဒီအတြက္ လူအေယာက္ ၃၇၀၀၀ ရဲ႕အေျဖကို စစ္ေပးႏိုင္မယ့္ စမ္းသပ္ေဆးရည္ေတြလည္း ေရာက္ရွိထားၿပီလို႔ COVID 19 နဲ႔ ပတ္သက္လို႔ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာဆိုထားပါတယ္။ အဲဒီဓါတ္ခြဲခန္းအတြက္ မႏၲေလးၿမိဳ႕က ဓါတ္ခြဲဝန္ထမ္း ၄ ဦးကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနမွာလည္း သင္တန္းေပးထားၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။ #voiceofmyanmar #VOM  #မႏၲေလး   #ကိုဗစ္

COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ်

မန္တလေး မေ ၂၂ -၂၀၂၀
ဖြူဖြူ (VOM)

COVID 19 အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းအတွက် မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ဒီညနေမှာ ရောက်ရှိမယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

အထက်မြန်မာပြည်အတွက် COVID 19 ရောဂါ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းကို မန္တလေးမြို့ ၃၅ လမ်း၊ ၆၆-၆၄ လမ်းကြားရှိ FDA ရုံးဟောင်းမှာ စီစဉ်ဆောင်ရွက်ထားပြီး ဓါတ်ခွဲခန်းအတွက် ဓါတ်ခွဲဝန်ထမ်းတွေကို သင်တန်းပေးဖို့နဲ့ စက်ပစ္စည်းတချို့လှူဒါန်းဖို့ ယူနန်ဆေးပညာအဖွဲ့ရောက်ရှိလာမှာ ဖြစ်ပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနကနေ နောင်တစ်ချိန်မှာ တောင်ကြီးနဲ့ မော်လမြိုင်မှာ ဒီလုပ်ငန်းချဲ့ဖို့ စီစဉ်နေတဲ့အတွက် အဲဒီက ဓါတ်ခွဲဝန်ထမ်းနဲ့ ဆရာဝန်ကြီးအပါအဝင် ၄ ယောက်စီ၊ စုစုပေါင်း ရှစ်ယောက်ကလည်း ယူနန်အဖွဲ့လာသင်တဲ့အချိန်မှာ လာဆက်သွယ်(Join)မှာဖြစ်ပါတယ်။”လို့ ဒေါက်တာသန်းသန်းမြင့်က ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးရင်း လက်တွေ့လုပ်ဆောင်စေရင်းဖြင့် ၇ ရက်ကြာမြင့်မယ်လို့ သိရပါတယ်။

ယူနန်ဆေးပညာအဖွဲ့ဟာ မန္တလေးမြို့ကို ပထမအကြိမ် ဧပြီလအတွင်း လာရောက်လေ့လာခဲ့စဉ်က လိုအပ်တာတွေကို အကြံပြုတင်ပြခဲ့တဲ့အပြင် ဓါတ်ခွဲခန်းအတွက် စက်ပစ္စည်းတွေလည်းကူညီသွားမယ်လို့ ပြောဆိုခဲ့တယ်ကြောင်း သိရပါတယ်။

အထက်မြန်မာပြည်အတွက် စစ်ဆေးပေးနိုင်မယ့်အဲဒီ ဓါတ်ခွဲခန်းမှာ လက်ရှိရှိနေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက စက်နဲ့ စင်္ကာပူနိုင်ငံရှိ အလှူရှင်တစ်ဦးက လှူဒါန်းတဲ့စက်အပြင် ယူနန်ဆေးပညာအဖွဲ့က ယူဆောင်လာမယ့်စက်လည်း ရောက်ရှိမှာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကပေးပို့ထားတဲ့စက်ကနေ တစ်ရက်ကို လူ ၁၈၀ ဦးရဲ့ sweb ကို စစ်ဆေးပေးနိုင်မှာဖြစ်ပြီး ကျန်စက်တွေကတော့ ဘယ်လောက်စစ်ပေးနိုင်မယ်ဆိုတာ တိတိကျကျမသိရသေးဘူးလို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

လက်ရှိမှာ ဓါတ်ခွဲခန်း အဆောက်အဦးပြင်ဆင်တာ၊ စက်နေရာချတာ ၊ ပိုးသန့်စင်ရေးလုပ်ဆောင်တာတွေ ဆောင်ရွက်နေပြီး အခုလမကုန်မီ စတင်နိုင်မယ်လို့ သိရပါတယ်။

ဒီအတွက် လူအယောက် ၃၇၀၀၀ ရဲ့အဖြေကို စစ်ပေးနိုင်မယ့် စမ်းသပ်ဆေးရည်တွေလည်း ရောက်ရှိထားပြီလို့ COVID 19 နဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောဆိုထားပါတယ်။

အဲဒီဓါတ်ခွဲခန်းအတွက် မန္တလေးမြို့က ဓါတ်ခွဲဝန်ထမ်း ၄ ဦးကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှာလည်း သင်တန်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

#voiceofmyanmar #VOM  #မန္တလေး   #ကိုဗစ်

zawgyi

COVID 19 ဓါတ္ခြဲခန္းအတြက္ မႏၲေလးအျပင္တျခားၿမိဳ႕က က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးဖို႔ ယူနန္ေဆးပညာအဖြဲ႕ ေရာက္မယ္

မႏၲေလး ေမ ၂၂ -၂၀၂၀
ျဖဴျဖဴ (VOM)

COVID 19 အတည္ျပဳစစ္ေဆးေပးႏိုင္မယ့္ ဓါတ္ခြဲခန္းအတြက္ မႏၲေလး၊ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕က ဆရာဝန္နဲ႔ က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးဖို႔ ယူနန္ေဆးပညာအဖြဲ႕ ဒီညေနမွာ ေရာက္ရွိမယ္လို႔ မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

အထက္ျမန္မာျပည္အတြက္ COVID 19 ေရာဂါ အတည္ျပဳစစ္ေဆးေပးႏိုင္မယ့္ ဓါတ္ခြဲခန္းကို မႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၆-၆၄ လမ္းၾကားရွိ FDA ႐ုံးေဟာင္းမွာ စီစဥ္ေဆာင္႐ြက္ထားၿပီး ဓါတ္ခြဲခန္းအတြက္ ဓါတ္ခြဲဝန္ထမ္းေတြကို သင္တန္းေပးဖို႔နဲ႔ စက္ပစၥည္းတခ်ိဳ႕လႉဒါန္းဖို႔ ယူနန္ေဆးပညာအဖြဲ႕ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

“က်န္းမာေရးဝန္ႀကီးဌာနကေန ေနာင္တစ္ခ်ိန္မွာ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္မွာ ဒီလုပ္ငန္းခ်ဲ႕ဖို႔ စီစဥ္ေနတဲ့အတြက္ အဲဒီက ဓါတ္ခြဲဝန္ထမ္းနဲ႔ ဆရာဝန္ႀကီးအပါအဝင္ ၄ ေယာက္စီ၊ စုစုေပါင္း ရွစ္ေယာက္ကလည္း ယူနန္အဖြဲ႕လာသင္တဲ့အခ်ိန္မွာ လာဆက္သြယ္(Join)မွာျဖစ္ပါတယ္။”လို႔ ေဒါက္တာသန္းသန္းျမင့္က ဆိုပါတယ္။

က်န္းမာေရးဝန္ထမ္းေတြကို သင္တန္းေပးရင္း လက္ေတြ႕လုပ္ေဆာင္ေစရင္းျဖင့္ ၇ ရက္ၾကာျမင့္မယ္လို႔ သိရပါတယ္။

ယူနန္ေဆးပညာအဖြဲ႕ဟာ မႏၲေလးၿမိဳ႕ကို ပထမအႀကိမ္ ဧၿပီလအတြင္း လာေရာက္ေလ့လာခဲ့စဥ္က လိုအပ္တာေတြကို အႀကံျပဳတင္ျပခဲ့တဲ့အျပင္ ဓါတ္ခြဲခန္းအတြက္ စက္ပစၥည္းေတြလည္းကူညီသြားမယ္လို႔ ေျပာဆိုခဲ့တယ္ေၾကာင္း သိရပါတယ္။

အထက္ျမန္မာျပည္အတြက္ စစ္ေဆးေပးႏိုင္မယ့္အဲဒီ ဓါတ္ခြဲခန္းမွာ လက္ရွိရွိေနတဲ့ က်န္းမာေရးဝန္ႀကီးဌာနက စက္နဲ႔ စကၤာပူႏိုင္ငံရွိ အလႉရွင္တစ္ဦးက လႉဒါန္းတဲ့စက္အျပင္ ယူနန္ေဆးပညာအဖြဲ႕က ယူေဆာင္လာမယ့္စက္လည္း ေရာက္ရွိမွာျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကေပးပို႔ထားတဲ့စက္ကေန တစ္ရက္ကို လူ ၁၈၀ ဦးရဲ႕ sweb ကို စစ္ေဆးေပးႏိုင္မွာျဖစ္ၿပီး က်န္စက္ေတြကေတာ့ ဘယ္ေလာက္စစ္ေပးႏိုင္မယ္ဆိုတာ တိတိက်က်မသိရေသးဘူးလို႔ ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

လက္ရွိမွာ ဓါတ္ခြဲခန္း အေဆာက္အဦးျပင္ဆင္တာ၊ စက္ေနရာခ်တာ ၊ ပိုးသန႔္စင္ေရးလုပ္ေဆာင္တာေတြ ေဆာင္႐ြက္ေနၿပီး အခုလမကုန္မီ စတင္ႏိုင္မယ္လို႔ သိရပါတယ္။

ဒီအတြက္ လူအေယာက္ ၃၇၀၀၀ ရဲ႕အေျဖကို စစ္ေပးႏိုင္မယ့္ စမ္းသပ္ေဆးရည္ေတြလည္း ေရာက္ရွိထားၿပီလို႔ COVID 19 နဲ႔ ပတ္သက္လို႔ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာဆိုထားပါတယ္။

အဲဒီဓါတ္ခြဲခန္းအတြက္ မႏၲေလးၿမိဳ႕က ဓါတ္ခြဲဝန္ထမ္း ၄ ဦးကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနမွာလည္း သင္တန္းေပးထားၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

#voiceofmyanmar #VOM  #မႏၲေလး   #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW