ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင်
ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင် မြစ်ကြီးနား၊ မေ ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ဧရာမော်ပန်းခြံအတွင်း ရုပ်ရှင်ရုံပါဝင်တဲ့ Mini Shopping Center တည်ဆောက်ရေးစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်လာတဲ့အတွက် လုပ်ငန်းရှင်ဘက်က လုပ်ငန်းပြန်လည်ရုတ်သိမ်းကြောင်း မေလ ၂၂ ရက်နေ့က စာတင်ထားတယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ပြောပါတယ်။ အဲ့ဒီစီမံကိန်းကို ဝိုင်းမော်ဒေသခံ ၄၁ ဦး စုပေါင်းလက်မှတ်ထိုးပြီး မေလ ၁၂ ရက်နေ့က ကချင်ပြည်နယ်အစိုးရဆီကို ကန့်ကွက်စာတင်ခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့မှာတော့ အဲ့ဒီစီမံကိန်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ စည်ပင်ဝန်ကြီး ဦနော်လီနဲ့ ဆောက်လုပ်မယ့် ဂင်လွှမ်း ကုမ္ပဏီလိမိတက် ဒါရိုက်တာ ဦးဇယ်နောတို့ ပန္နက်ရိုက်ပေးသွားတာဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းရုတ်သိမ်းစာကိုတော့ ဝန်ကြီးချုပ်ဆီ တင်ပြပေးသွားမယ်လို့…
Read More
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား စစ်တွေ၊ မေ ၂၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်ဆီးခံထားရသူ (၅)ဦးကို မနေ့မေလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ သိရပါတယ်။ မနေ့ကရုံးထုတ်မှုမှာ ပါဝင်သူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က (၅) ယောက်နဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက တစ်ဦးတို့ဖြစ်တယ်လို့သိရပြီး သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂ (က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ တပ်မတော်က တရားလိုလုပ်ပြီး တိုင်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မနေ့က…
Read More
COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်
#voiceofmyanmar #VOM #YGW
COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်   မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင် (VOM)   မန္တလေးမြို့၊ စက်မှုဇုန်က မိဘမဲ့ကလေး ၂၅၀ ကျော်ရှိတဲ့ (YGW) အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းမှာ အလှူအတန်းတွေနည်းသွားတာကြောင့် မွေးကင်းစကလေးတွေနဲ့ ၃ နှစ်အရွယ်ကလေးတွေအတွက် နို့မှုန့်နဲ့ Diber(အတွင်းခံ)တွေ လိုအပ်နေပါတယ်။ ဒီအကြောင်းတွေအပါအဝင် YGW မိဘမဲ့ကျောင်းရဲ့ ပုံရိပ်တွေကို ကိုရှိုင်းအောင် က သွားရောက်ရိုက်ကူးတင်ဆက်ပေးပါတယ်။   #voiceofmyanmar #VOM #YGW   Zawgyi   COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်   မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင်…
Read More
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု စစ်တွေ၊ မေ ၂၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုက်ပွဲနဲ့ ပါဝင်ပတ်သက်မှုမရှိတဲ့ ဒဏ်ရာရအရပ်သားပြည်သူတွေအတွက် အပြည်ပြည်ဆိုင်ရာ ကဿ်ခြေနီကော်မတီ (ICRC) နဲ့ လူမှုကူညီရေးအသင်းအဖွဲ့(အရပ်ဖက်အဖွဲ့အစည်း)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အတားအဆီးမရှိ လွှတ်လပ်စွာ သွားလာလုပ်ဆောင်ခွင့်ပြုပါရန် ရခိုင်ပြည်နယ်စိုးရအား တိုက်တွန်းတွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာ အဲဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုဟာ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းတာဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်လှကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်သန်းတင်နဲ့ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့…
Read More
COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ်
COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ် မန္တလေး မေ ၂၂ -၂၀၂၀ ဖြူဖြူ (VOM) COVID 19 အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းအတွက် မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ဒီညနေမှာ ရောက်ရှိမယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ အထက်မြန်မာပြည်အတွက် COVID 19 ရောဂါ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းကို မန္တလေးမြို့ ၃၅ လမ်း၊ ၆၆-၆၄ လမ်းကြားရှိ FDA ရုံးဟောင်းမှာ စီစဉ်ဆောင်ရွက်ထားပြီး ဓါတ်ခွဲခန်းအတွက် ဓါတ်ခွဲဝန်ထမ်းတွေကို သင်တန်းပေးဖို့နဲ့ စက်ပစ္စည်းတချို့လှူဒါန်းဖို့ ယူနန်ဆေးပညာအဖွဲ့ရောက်ရှိလာမှာ ဖြစ်ပါတယ်။ “ကျန်းမာရေးဝန်ကြီးဌာနကနေ နောင်တစ်ချိန်မှာ တောင်ကြီးနဲ့ မော်လမြိုင်မှာ ဒီလုပ်ငန်းချဲ့ဖို့ စီစဉ်နေတဲ့အတွက် အဲဒီက…
Read More
စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ်
စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ် စစ်ကိုင်း မေ- ၂၀ -၂၀၂၀ ရှိုင်းအောင် (VOM) COVID-19 ကပ်ရောဂါကာလအတွင်းမှာ စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းဆန်အလှူခံ မကြွရတဲ့အတွက် သီလရှင်တွေ ဆွမ်းဆန်နဲ့၊ လိုအပ်တဲ့ ဆေးဝါး၊ လျှပ်စစ်မီး မီတာခ၊ ပေးဆောင်နေရတဲ့အပေါ်မှာ အခက်အခဲတွေ ဖြစ်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတောင်ရိုးမှာ သီလရှင်ချောင် ၄၈၅ ချောင်၊ သီလရှင် ၈၅၁၇ ပါး၊ သီတင်းသုံးနေထိုင် ကြတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်မှာ ရှိတဲ့ မိဂဒါဝုန်ချောင် ကို ကိုရှိုင်းအောင်က သွားရောက်ရိုက်ကူး တင်ဆက်ပေးတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်းချောင် Unicode စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ် စစ်ကိုင်း မေ- ၂၀ -၂၀၂၀ ရှိုင်းအောင် (VOM)…
Read More
ပလက်ဝမြို့ပေါ် ဆန်ရိက္ခာပြတ်လပ်မှုဒဏ် ခံစားနေရသူ နှစ်သောင်းကျော်ရှိ
ပလက်ဝမြို့ပေါ် ဆန်ရိက္ခာပြတ်လပ်မှုဒဏ် ခံစားနေရသူ နှစ်သောင်းကျော်ရှိ ကလေး မေ ၁၉-၂၀၂၀ ငြိမ်းသူမင်း(VOM) ပလက်ဝမြို့ပေါ် ကို ဆန်ရိက္ခာတွေ ထပ်မရောက်လာတာကြောင့် ဆန်ရိက္ခာပြတ်လပ်တဲ့ဒဏ်ကို ရင်ဆိုင်နေကြရတဲ့ ပြည်သူဦးရေ နှစ်သောင်းကျော် ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ချင်းတိုက်ပွဲရှောင် ကူညီရေး နဲ့ ပြန်လည်ထူထောင်ရေး ကော်မတီအတွင်းရေးမှူး ဦးစောမြ က ပြောပြတာက “အခုက ပလက်ဝမြို့ကိုသွားလို့ လာလို့ မရဘူးဆိုတော့ ဆမီး ရောက်နေတဲ့ဆန်အိတ် ၃ ထောင်လောက် ပလက်ဝကို ပို့ဖို့ မရောက်နိုင်ဘူးဖြစ်နေတာ။ အဲ့ဒီတော့ ပလက်ဝမြို့ပေါ် က တိုက်ပွဲရှောင်တွေ အပါအဝင်မြို့ပေါ် က ပြည်သူတွေရော မြို့အနီးအနား က ရွာတွေက လူတွေပါ ငတ်ပြတ်နေတယ်”လို့ ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ တပ်မတော် နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်ရသူ ဦးရေ ၅၀၉၀ ဦး…
Read More
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ ဝါရှင်တန်၊ မေ-၁၉-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်ဆေးကုမ္ပဏီတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုရဲ့ အစောပိုင်းရလဒ်တွေကို ထုတ်ဖော်ကြေညာလိုက်ပြီး အဲဒီဆေးဟာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ မတ်လကတည်းက စမ်းသပ်ခဲ့ရလဒ်တွေကို Moderna ကုမ္ပဏီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆေးဟာစမ်းသပ်ခံခဲ့တဲ့လူတွေမှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားစနစ်ထုတ်လုပ်ပေးတယ်လို့ ပြောပါတယ်။ ပထမအဆင့် စမ်းသပ်မှုအရ ကာကွယ်ဆေးထိုးပေးခဲ့တဲ့လူတွေမှာ ထွက်ရှိလာတဲ့ကိုယ်ခံအားစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ပြန်လည်ကျန်းမာလာသူတွေမှာ တွေ့ရှိရတဲ့ ကိုယ်ခံအားစနစ်လိုမျိုး ဖြစ်တယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်အကြား စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ပမာဏအမျိုးမျိုးပေးပြီး စမ်းသပ်ခဲ့တာဖြစ်ကာ အဲဒီအထဲက ရှစ်ဦးမှာ ဗိုင်းရပ်စ်ကိုတုံ့ပြန်နိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်ဖို့များစွာကျန်ရှိနေသေးပေမယ့် Moderna…
Read More
ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး
ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး
ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး မန္တလေး မေ -၁၉ -၂၀၂၀ ရှိုင်းအောင် (VOM) ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှာ ဧပြီလ ၁၀ ရက်နေ့က အစ္စလာမ် ဘာသာရေး တရားဟောဆရာ တစ်ဦးရဲ့ နေအိမ်မှာ လူစုလူဝေးနဲ့ ဝတ်ပြုခဲ့လို့တရားစွဲခံရတဲ့ အမှုမှာ ပါဝင်ခဲ့တဲ့ ကလေးနှစ်ယောက်ကို ဒီနေ့မနက်မှာ မန္တလေးတိုင်းကလေးသူငယ်တရားရုံးကနေ ခံဝန်ကတိ နဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ မန္တလေးတိုင်းတရားလွှတ်တော် တရားရေးဦးစီးမှူး ဦးမြင့်ဆန်း ပြောပြတာကတော့ ” ၃ လအတွင်း ကောင်းမွန်စွာနေရမယ်ပေါ့ ဒီခံဝန်ကို ဖောက်ဖျက်ရင် တရားရုံးကနေပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးမှာပါ။ ကလေးသူငယ်ဆိုရင် များသောအားဖြင့် ထောင်ချတဲ့ ပြစ်ဒဏ်ပေးတာနည်းတယ်။ ဘယ်လိုမှ အကျင့်စာရိတ္တပြုပြင်မရမှသာ ကြီးမားတဲ့ အပြစ်ပေးတာ ကိုဗစ်နဲ့ပတ်သက်ပြီး အဓိက သက်ဆိုင်တဲ့အမှုတွေကတော့ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေ၊ ကူးဆက်ရောဂါဥပဒေ၊…
Read More
ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား
ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား
ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား စစ်တွေ၊ မေ ၁၉- ၂၀၂၀ ထက်အောင်စိုင်း (VOM) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရှိ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)ကြောင့် ရခိုင်ပြည်နယ်အတွင်းက ရေကြောင်းခရီးစဉ်တစ်ချို့ကို ၄ ရက်ကြာ ခေတ္တရပ်နားထားမှာ ဖြစ်ကြောင်းသိရပါတယ်။ အခုလိုမျိုး အမ်ဖန်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်တွင်းက ရေကြောင်း ခရီးစဉ်တချို့ ပြေးဆွဲမှုရပ်နားထားတဲ့ ခရီးစဉ်တွေမှာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်-မာန်အောင် တို့ဖြစ်ပြီး (အသွား/အပြန်)ခရီးစဉ်ကို ၁၈.၅.၂၀၂၀တနင်္လာနေ့မှ ၂၁.၅.၂၀၂၀ ကြာသပတေးနေ့ထိ ရပ်နားလိုက်ကြောင်း သတင်းရရှိပါတယ်။ အခုလိုမျိုး ရေကြောင်းခရီးစဉ်တချို့ ရပ်နားထားတာဟာ ပြည်နယ်တွင်းက ပင်လယ်ပြင်ဖြတ်သန်းပြေးဆွဲရတဲ့ ခရီးစဉ်ရှည် တွေကိုသာ ရပ်နားထားတာဖြစ်ပြီး တစ်ခြား ခရီးတိုများဖြစ်တဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ- မြောက်ဦး (အသွား/အပြန်) ခရီးဉ်တွေကို ဆက်လက်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတမ်းသွား ရေကြောင်းခရီစဉ်တွေ ရပ်နားထားတာနဲ့ ပတ်သက်ပြီး…
Read More
VOM News
FREE
VIEW