တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု

တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု

စစ်တွေ၊ မေ ၂၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုက်ပွဲနဲ့ ပါဝင်ပတ်သက်မှုမရှိတဲ့ ဒဏ်ရာရအရပ်သားပြည်သူတွေအတွက် အပြည်ပြည်ဆိုင်ရာ ကဿ်ခြေနီကော်မတီ (ICRC) နဲ့ လူမှုကူညီရေးအသင်းအဖွဲ့(အရပ်ဖက်အဖွဲ့အစည်း)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အတားအဆီးမရှိ လွှတ်လပ်စွာ သွားလာလုပ်ဆောင်ခွင့်ပြုပါရန် ရခိုင်ပြည်နယ်စိုးရအား တိုက်တွန်းတွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာ အဲဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုဟာ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းတာဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်လှကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်သန်းတင်နဲ့ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး တိုက်ပွဲတွေကြောင့် ကျေးရွာတွင်း လက်နက်ကြီးကျပေါက်ကွဲမှုတွေလည်း ရှိရာ အရပ်သားထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံဆေးခန်းပို့တဲ့အခါ စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမှုတွေပြုလုပ်တာကြောင့် အချိန်မမှီလို့ အသက်ဆုံးရှုံးရသူတွေလည်းရှိကြောင်း၊ အဆိုကို ထောက်ခံဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းတင်ပြောတာက” အစိုးရရဲ့ လျစ်လျှူရှုထားတာကြောင့် ရခိုင်စစ်ဘေးရှောင်တွေရဲ့ အခြေအနေဟာရခိုင်လူထုရဲ့ အကူအညီနဲ့မလုံလောက်ပါ။ ဒါကြောင့် ICRC ဟာ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် လူသားချင်းစာနာမှု အကူအညီတွေကို တက်ကြွစွာကူညီပေးနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့ အစည်းတွေဟာလည်း ၎င်းတို့ရဲ့ ဒေသခံတွေထိခိုက်ဒဏ်ရာရလျှင် ဦးစွာသိရှိသူတွေဖြစ်သလို အကူညီပေးရန်လည်း လက်တစ်ကမ်းမှာ ရှိနေသူတွေဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူတွေကို ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင် ပေးနိုင်ကြတဲ့ အဖွဲအစည်းများလည်းဖြစ်ကြပါတယ်။ လက်ရှိအရပ်သား ထိခိုက်ဒဏ်ရာရတာတွေကို ကူညီပေးနေတဲ့ (ICRC)နဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေရဲ့ လူနာတင်ယာဉ်တွေကို ပိတ်ပင်တားဆီးတာ၊ စစ်ဆေးရေးဂိတ်တွေနဲ့ အချိန်ကြာမြင့်စွာ စစ်ဆေးခံနေရတာကြောင့် ထိခိုက်ဒဏ်ရာရအရပ်သားတွေမှာ အသက်အန္တရာယ်ဆုံးရှုံးရတာတွေလည်းရှိပါတယ်။ ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဦးမောင်သန်းတင်ထောက်ပြတာက” ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရတဲ့ သူတွေကို အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ပုဏ္ဏားကျွန်းကနေ စစ်တွေဆေးရုံသို့ပို့စဉ်မှာ ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ အချိန်ကြာမြင့်စွာ စစ်ဆေးတဲ့အတွက် လူနာတွေဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရတဲ့ ရခိုင်ပြည်သူတွေရဲ့ အခက်အခဲတွေကို နိုင်ငံတော်အနေနဲ့ ပူးပေါင်းပါဝင်သင့်ကြောင်းနဲ့ ယခုလက်ရှိအခြေအနေမျိုးမှာ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်တာမရှိတဲ့အတွက် ဒီအဆိုကိုတင်သွင်းရတာလို့ထင်မြင်ကြောင်း အဆိုကို ထောက်ခံဆွေးနွေးသူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်က ပြောပါတယ်။

ဦးလှသိန်းအောင်က” မင်းပြားမြို့နယ်မှာ ကမ္ဘာ ကျန်းမာရေးအဖွဲ့ (WHO) ကားပစ်ခတ်ခံရမှုမှာလည်း သိပ်မကြာခင် လက်နက်သံတွေတိတ်သွားတဲ့ အချိန်မှာ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကျန်းမာရေး အဖွဲ့တွေ သွားရောက်ပြီး လူနာကိုကယ်ဖို့လုပ်တော့ အဲဒီနားမှာရှိတဲ့ ပုဂ္ဂုလ်တွေ မြစ်တစ်ဖက်ကမ်းကို ကူးခွင့်မပြုလို့ မရောက်ခဲ့ဘူး။” လို့ ဆိုပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရခိုင်ပြည်သူတွေကို လျစ်လျှူရှူထားတာမရှိကြောင်းနဲ့ ရခိုင်ပြည်သူတွေ လက်ရှိဒုက္ခရောက်နေတဲ့ အနေအထားမျိုးမှာ ကူညီဆောင်ရွက်မှုတွေကို အစိုးရအနေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက တုန့်ပြန်ပြောဆိုပါတယ်။

ဓာတ်ပုံံ- ထက်အောင်စိုင်း
#voiceofmyanmar #VOM #ရခိုင်လွှတ်တော်

တိုက္ပြဲနဲ႔ မပတ္သက္တဲ့ ဒဏ္ရာရ အရပ္သားေတြကို ICRCနဲ႔ အရပ္ဖက္အဖြဲ႕ေတြက အတားအဆီးမရွိ ကူညီေစာင့္ေရွာက္ခြင့္ေပးေရးအဆို ရခိုင္လႊတ္ေတာ္အတည္ျပဳ

စစ္ေတြ၊ ေမ ၂၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ တိုက္ပြဲနဲ႔ ပါဝင္ပတ္သက္မႈမရွိတဲ့ ဒဏ္ရာရအရပ္သားျပည္သူေတြအတြက္ အျပည္ျပည္ဆိုင္ရာ ကႆ္ေျခနီေကာ္မတီ (ICRC) နဲ႔ လူမႈကူညီေရးအသင္းအဖြဲ႕(အရပ္ဖက္အဖြဲ႕အစည္း)က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို အတားအဆီးမရွိ လႊတ္လပ္စြာ သြားလာလုပ္ေဆာင္ခြင့္ျပဳပါရန္ ရခိုင္ျပည္နယ္စိုးရအား တိုက္တြန္းတြန္းတဲ့အဆိုကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးၾကရာ အဲဒီအဆိုကို ကန႔္ကြက္သူမရွိ အတည္ျပဳလိုက္ပါတယ္။

ဒီကေန႔ ေမလ ၂၂ ရက္ေန႔မွာ ရခိုင္ျပည္နယ္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ အဆိုဟာ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က တင္သြင္းတာျဖစ္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ဦးေမာင္လွေက်ာ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ဦးေမာင္သန္းတင္နဲ႔ မင္းျပားၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္တို႔က ေထာက္ခံေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ အရပ္သားထိခိုက္ဒဏ္ရာရ ေသဆုံးမႈေတြဟာ တစ္ေန႔ထက္တစ္ေန႔ မ်ားျပားလာေနၿပီး တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာတြင္း လက္နက္ႀကီးက်ေပါက္ကြဲမႈေတြလည္း ရွိရာ အရပ္သားထိခိုက္ဒဏ္ရာရရွိသူေတြကို ေဆး႐ုံေဆးခန္းပို႔တဲ့အခါ စစ္ေဆးေရးဂိတ္ေတြက စစ္ေဆးမႈေတြျပဳလုပ္တာေၾကာင့္ အခ်ိန္မမွီလို႔ အသက္ဆုံးရႈံးရသူေတြလည္းရွိေၾကာင္း၊ အဆိုကို ေထာက္ခံေဆြးေႏြးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေထာက္ျပပါတယ္။

အဆိုကို ေထာက္ခံေဆြးေႏြးတဲ့ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းတင္ေျပာတာက” အစိုးရရဲ႕ လ်စ္လွ်ဴရႈထားတာေၾကာင့္ ရခိုင္စစ္ေဘးေရွာင္ေတြရဲ႕ အေျခအေနဟာရခိုင္လူထုရဲ႕ အကူအညီနဲ႔မလုံေလာက္ပါ။ ဒါေၾကာင့္ ICRC ဟာ ရခိုင္ျပည္နယ္အတြင္း ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြကို တက္ႂကြစြာကူညီေပးေနတဲ့ အဖြဲ႕အစည္းလည္းျဖစ္ပါတယ္။ အရပ္ဖက္အဖြဲ႕ အစည္းေတြဟာလည္း ၎တို႔ရဲ႕ ေဒသခံေတြထိခိုက္ဒဏ္ရာရလွ်င္ ဦးစြာသိရွိသူေတြျဖစ္သလို အကူညီေပးရန္လည္း လက္တစ္ကမ္းမွာ ရွိေနသူေတြျဖစ္ပါတယ္။ ထိခိုက္ဒဏ္ရာရတဲ့ အရပ္သားျပည္သူေတြကို ေဆး႐ုံေဆးခန္းသို႔ အျမန္ဆုံးပို႔ေဆာင္ ေပးႏိုင္ၾကတဲ့ အဖြဲအစည္းမ်ားလည္းျဖစ္ၾကပါတယ္။ လက္ရွိအရပ္သား ထိခိုက္ဒဏ္ရာရတာေတြကို ကူညီေပးေနတဲ့ (ICRC)နဲ႔ ေဒသတြင္း လူမႈအဖြဲ႕အစည္းေတြရဲ႕ လူနာတင္ယာဥ္ေတြကို ပိတ္ပင္တားဆီးတာ၊ စစ္ေဆးေရးဂိတ္ေတြနဲ႔ အခ်ိန္ၾကာျမင့္စြာ စစ္ေဆးခံေနရတာေၾကာင့္ ထိခိုက္ဒဏ္ရာရအရပ္သားေတြမွာ အသက္အႏၲရာယ္ဆုံးရႈံးရတာေတြလည္းရွိပါတယ္။ ” လို႔ ဆိုပါတယ္။

ဆက္လက္ၿပီး ဦးေမာင္သန္းတင္ေထာက္ျပတာက” ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္႐ြာ လက္နက္ႀကီးက်ည္က်ၿပီး ဒဏ္ရာရတဲ့ သူေတြက္ို အသက္အႏၲရာယ္စိုးရိမ္ရတာေၾကာင့္ ပုဏၰားကြၽန္းကေန စစ္ေတြေဆး႐ုံသို႔ပို႔စဥ္မွာ ေက်ာက္တန္း စစ္ေဆးေရးဂိတ္မွာ အခ်ိန္ၾကာျမင့္စြာ စစ္ေဆးတဲ့အတြက္ လူနာေတြဟာ အသက္ဆုံးရႈံးခဲ့ရပါတယ္။” လို႔ ဆိုပါတယ္။

လက္ရွိရခိုင္ျပည္နယ္အတြင္း လက္ရွိႀကဳံေတြ႕ေနရတဲ့ ရခိုင္ျပည္သူေတြရဲ႕ အခက္အခဲေတြကို ႏိုင္ငံေတာ္အေနနဲ႔ ပူးေပါင္းပါဝင္သင့္ေၾကာင္းနဲ႔ ယခုလက္ရွိအေျခအေနမ်ိဳးမွာ အစိုးရအေနနဲ႔ ပူးေပါင္းပါဝင္တာမရွိတဲ့အတြက္ ဒီအဆိုက္ိုတင္သြင္းရတာလို႔ထင္ျမင္ေၾကာင္း အဆိုကို ေထာက္ခံေဆြးေႏြးသူ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးလွသိန္းေအာင္က ေျပာပါတယ္။

ဦးလွသိန္းေအာင္က” မင္းျပားၿမိဳ႕နယ္မွာ ကမာၻ က်န္းမာေရးအဖြဲ႕ (WHO) ကားပစ္ခတ္ခံရမႈမွာလည္း သိပ္မၾကာခင္ လက္နက္သံေတြတိတ္သြားတဲ့ အခ်ိန္မွာ က်ေနာ္တို႔ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ က်န္းမာေရး အဖြဲ႕ေတြ သြားေရာက္ၿပီး လူနာကိုကယ္ဖို႔လုပ္ေတာ့ အဲဒီနားမွာရွိတဲ့ ပုဂၢဳလ္ေတြ ျမစ္တစ္ဖက္ကမ္းကို ကူးခြင့္မျပဳလို႔ မေရာက္ခဲ့ဘူး။” လို႔ ဆိုပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ အစိုးရအေနနဲ႔ ရခိုင္ျပည္သူေတြကို လ်စ္လွ်ဴရႉထားတာမရွိေၾကာင္းနဲ႔ ရခိုင္ျပည္သူေတြ လက္ရွိဒုကၡေရာက္ေနတဲ့ အေနအထားမ်ိဳးမွာ ကူညီေဆာင္႐ြက္မႈေတြကို အစိုးရအေနနဲ႔ အရပ္ဖက္လူမႈအဖြဲ႕ေတြနဲ႔ ပူးေပါင္းပါဝင္မႈေတြ လုပ္ေဆာင္ေနေၾကာင္း ရခိုင္ျပည္နယ္၊ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းက တုန႔္ျပန္ေျပာဆိုပါတယ္။

ဓာတ္ပုံံ- ထက္ေအာင္စိုင္း
#voiceofmyanmar #VOM #ရခိုင္လႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW