ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ

ဝါရှင်တန်၊ မေ-၁၉-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်ဆေးကုမ္ပဏီတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုရဲ့ အစောပိုင်းရလဒ်တွေကို ထုတ်ဖော်ကြေညာလိုက်ပြီး အဲဒီဆေးဟာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ မတ်လကတည်းက စမ်းသပ်ခဲ့ရလဒ်တွေကို Moderna ကုမ္ပဏီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆေးဟာစမ်းသပ်ခံခဲ့တဲ့လူတွေမှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားစနစ်ထုတ်လုပ်ပေးတယ်လို့ ပြောပါတယ်။

ပထမအဆင့် စမ်းသပ်မှုအရ ကာကွယ်ဆေးထိုးပေးခဲ့တဲ့လူတွေမှာ ထွက်ရှိလာတဲ့ကိုယ်ခံအားစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ပြန်လည်ကျန်းမာလာသူတွေမှာ တွေ့ရှိရတဲ့ ကိုယ်ခံအားစနစ်လိုမျိုး ဖြစ်တယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်အကြား စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ပမာဏအမျိုးမျိုးပေးပြီး စမ်းသပ်ခဲ့တာဖြစ်ကာ အဲဒီအထဲက ရှစ်ဦးမှာ ဗိုင်းရပ်စ်ကိုတုံ့ပြန်နိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်ဖို့များစွာကျန်ရှိနေသေးပေမယ့် Moderna ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့်စမ်းသပ်မှုအတွက် ခွင့်ပြုချက်ရရှိထားပြီး တတိယအဆင့် စမ်းသပ်မှုကိုတော့ ဇူလိုင်လအတွင်း စတင်ဖွယ်ရှိနေပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar  #VOM  #ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကုိ ကာကြယ္နိုင္ဖြယ္ရိွတဲ႔ေဆးတစ္မ်ိဳး အေမရိကန္ကုမၸဏီတစ္ခု ထုတ္ေဖာ္ေၾကညာ

၀ါရွင္တန္၊ ေမ-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္ေဆးကုမၸဏီတစ္ခုဟာ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး လက္ေတြ႔စမ္းသပ္မႈရဲ႕ အေစာပိုင္းရလဒ္ေတြကို ထုတ္ေဖာ္ေၾကညာလိုက္ျပီး အဲဒီေဆးဟာ ဗိုင္းရပ္စ္ကို ကာကြယ္နုိင္ဖို႔ အလားအလာရိွတယ္လို႔ ဆိုပါတယ္။

ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနနဲ႔ မတ္လကတည္းက စမ္းသပ္ခဲ႔ရလဒ္ေတြကို Moderna ကုမၸဏီက ထုတ္ျပန္ခဲ႔တာျဖစ္ျပီး ေဆးဟာစမ္းသပ္ခံခဲ႔တဲ႔လူေတြမွာ ဗိုင္းရပ္စ္ကို တြန္းလွန္နိုင္တဲ႔ ကိုယ္ခံအားစနစ္ထုတ္လုပ္ေပးတယ္လို႔ ေျပာပါတယ္။

ပထမအဆင္႔ စမ္းသပ္မႈအရ ကာကြယ္ေဆးထိုးေပးခဲ႔တဲ႔လူေတြမွာ ထြက္ရိွလာတဲ႔ကိုယ္ခံအားစနစ္ဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကေန ျပန္လည္က်န္းမာလာသူေတြမွာ ေတြ႔ရိွရတဲ႔ ကိုယ္ခံအားစနစ္လိုမ်ိဳး ျဖစ္တယ္လို႔ Moderna ကုမၸဏီက ထုတ္ျပန္ပါတယ္။

အသက္ ၁၈ နွစ္ကေန ၅၅ နွစ္အရြယ္အၾကား ေစတနာ႔၀န္ထမ္းေတြကို ကာကြယ္ေဆး ပမာဏအမ်ိဳးမ်ိဳးေပးျပီး စမ္းသပ္ခဲ႔တာျဖစ္ကာ အဲဒီအထဲက ရွစ္ဦးမွာ ဗိုင္းရပ္စ္ကိုတုံ႔ျပန္နိုင္တဲ႔ ရလဒ္ေကာင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး အေသးစိတ္လုပ္ေဆာင္ဖို႔မ်ားစြာက်န္ရိွေနေသးေပမယ္႔ Moderna ကုမၸဏီအေနနဲ႔ ဒုတိယအဆင္႔စမ္းသပ္မႈအတြက္ ခြင္႔ျပဳခ်က္ရရိွထားျပီး တတိယအဆင္႔ စမ္းသပ္မႈကိုေတာ႔ ဇူလိုင္လအတြင္း စတင္ဖြယ္ရိွေနပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar  #VOM  #ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW