ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား

ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား

ဘင်္ဂလားပင်လယ်အော်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တချို့ ရပ်နားထား

စစ်တွေ၊ မေ ၁၉- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရှိ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)ကြောင့် ရခိုင်ပြည်နယ်အတွင်းက ရေကြောင်းခရီးစဉ်တစ်ချို့ကို ၄ ရက်ကြာ ခေတ္တရပ်နားထားမှာ ဖြစ်ကြောင်းသိရပါတယ်။

အခုလိုမျိုး အမ်ဖန်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်တွင်းက ရေကြောင်း ခရီးစဉ်တချို့ ပြေးဆွဲမှုရပ်နားထားတဲ့ ခရီးစဉ်တွေမှာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်-မာန်အောင် တို့ဖြစ်ပြီး (အသွား/အပြန်)ခရီးစဉ်ကို ၁၈.၅.၂၀၂၀တနင်္လာနေ့မှ ၂၁.၅.၂၀၂၀ ကြာသပတေးနေ့ထိ ရပ်နားလိုက်ကြောင်း သတင်းရရှိပါတယ်။

အခုလိုမျိုး ရေကြောင်းခရီးစဉ်တချို့ ရပ်နားထားတာဟာ ပြည်နယ်တွင်းက ပင်လယ်ပြင်ဖြတ်သန်းပြေးဆွဲရတဲ့ ခရီးစဉ်ရှည် တွေကိုသာ ရပ်နားထားတာဖြစ်ပြီး တစ်ခြား ခရီးတိုများဖြစ်တဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ- မြောက်ဦး (အသွား/အပြန်) ခရီးဉ်တွေကို ဆက်လက်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတမ်းသွား ရေကြောင်းခရီစဉ်တွေ ရပ်နားထားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရသေးဘဲဖြစ်နေပါတယ်။

အဲဒီ စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးတာကြောင့် အဝါ ရောင်အဆင့် သတ်မှတ်ကြောင်းနဲ့ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ဟာ မြန်မာ စံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၅)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၂၀)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင်(၁၄၀)နှုန်း ဖြစ်ပါကြောင်း မိုးဇလကထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ မိုးဦးပိုင်းနဲ့ မိုးနှောင်းပိုင်း ကာလတွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းတွေဖြစ်ပေါ်တတ်ပြီး အဲဒီလို မုန်တိုင်းအန္တရာယ်တွေကြောင့် ကမ်းရိုးတမ်းသွား ရေယာဉ်တွေရဲ့ ခရီးစဉ်တွေရပ်ဆိုင်းတာတွေလည်း နှစ်စဉ်ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံံ- ထက်အောင်စိုင်း
#voiceofmyanmar #VOM #ဘင်္ဂလားပင်လယ်အော်မုန်တိုင်း #အမ်ဖန်

zawgyi

ဘဂၤလားပင္လယ္ေအာ္ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ရခိုင္က ေရေၾကာင္းခရီးစဥ္တခ်ိဳ႕ ရပ္နားထား

စစ္ေတြ၊ ေမ ၁၉- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းရွိ အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ (AMPHAN)ေၾကာင့္ ရခိုင္ျပည္နယ္အတြင္းက ေရေၾကာင္းခရီးစဥ္တစ္ခ်ိဳ႕ကို ၄ ရက္ၾကာ ေခတၱရပ္နားထားမွာ ျဖစ္ေၾကာင္းသိရပါတယ္။

အခုလိုမ်ိဳး အမ္ဖန္အမည္ရွိ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ျပည္နယ္တြင္းက ေရေၾကာင္း ခရီးစဥ္တခ်ိဳ႕ ေျပးဆြဲမႈရပ္နားထားတဲ့ ခရီးစဥ္ေတြမွာ စစ္ေတြ-ေက်ာက္ျဖဴ-ရမ္းၿဗဲ-ေက်ာက္နီေမာ္-ေတာင္ကုတ္-မာန္ေအာင္ တို႔ျဖစ္ၿပီး (အသြား/အျပန္)ခရီးစဥ္ကို ၁၈.၅.၂၀၂၀တနလၤာေန႔မွ ၂၁.၅.၂၀၂၀ ၾကာသပေတးေန႔ထိ ရပ္နားလိုက္ေၾကာင္း သတင္းရရွိပါတယ္။

အခုလိုမ်ိဳး ေရေၾကာင္းခရီးစဥ္တခ်ိဳ႕ ရပ္နားထားတာဟာ ျပည္နယ္တြင္းက ပင္လယ္ျပင္ျဖတ္သန္းေျပးဆြဲရတဲ့ ခရီးစဥ္ရွည္ ေတြကိုသာ ရပ္နားထားတာျဖစ္ၿပီး တစ္ျခား ခရီးတိုမ်ားျဖစ္တဲ့ စစ္ေတြ-ရေသ့ေတာင္-ဘူးသီးေတာင္၊ စစ္ေတြ-ေပါက္ေတာ-မင္းျပား၊ စစ္ေတြ- ေျမာက္ဦး (အသြား/အျပန္) ခရီးဥ္ေတြကို ဆက္လက္ေျပးဆြဲသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကမ္း႐ိုးတမ္းသြား ေရေၾကာင္းခရီစဥ္ေတြ ရပ္နားထားတာနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္၊ လွ်ပ္စစ္နဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္မရေသးဘဲျဖစ္ေနပါတယ္။

အဲဒီ စူပါဆိုင္ကလုန္းမုန္တိုင္း(Super Cyclonic Storm) အမ္ဖန္ (AMPHAN)၏ လက္ရွိအေျခ အေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးတာေၾကာင့္ အဝါ ေရာင္အဆင့္ သတ္မွတ္​ေၾကာင္းနဲ႔ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN) ဟာ ျမန္မာ စံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၄.၉)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၆.၅)ဒီဂရီ တြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၂၀)ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီကို မိုင္(၁၄၀)ႏႈန္း ျဖစ္ပါေၾကာင္း မိုးဇလကထုတ္ျပန္ ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုအေျခအေနအရ မိုးဦးပိုင္းနဲ႔ မိုး​ေႏွာင္းပိုင္း ကာလေတြမွာ ဘဂၤလားပင္လယ္ေအာ္အတြင္း မုန္တိုင္းေတြျဖစ္ေပၚတတ္ၿပီး အဲဒီလို မုန္တိုင္းအႏၲရာယ္ေတြေၾကာင့္ ကမ္း႐ိုးတမ္းသြား ေရယာဥ္ေတြရဲ႕ ခရီးစဥ္ေတြရပ္ဆိုင္းတာေတြလည္း ႏွစ္စဥ္ရွိခဲ့ဖူးပါတယ္။

ဓာတ္ပုံံ- ထက္ေအာင္စိုင္း
#voiceofmyanmar #VOM #ဘဂၤလားပင္လယ္ေအာ္မုန္တိုင္း #အမ္ဖန္

Related posts

Leave a Comment

VOM News

FREE
VIEW